သီချင်းကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သီချင်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ သြဂုတ် လအတွင်း လူကြိုက်များနေတဲ့ တေး သီချင်း ကောင်းများကို ဝေမျှပေးချင်ပါတယ်။ သီချင်းအေးအေးလေးတွေကို ကြိုက်နှစ်သက်သလား။ သီချင်းမြူးမြူးလေးတွေကိုပဲ နားဆင်ချင်သလား။ ကွီးတို့ စိတ်ကြိုက် နားဆင်ခံစားလို့ရအောင် စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

(၁) Bad Decisions – benny blanco, BTS & Snoop Dogg

Source: benny blanco

Kpop ပရိသတ်တွေရော Snoop Dogg ပရိသတ်တွေရော အကြိုက်တွေ့ကြမယ့် သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းလေးက မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သြဂုတ် လအတွင်း လူကြိုက်အများဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ သီချင်း တစ်ပုဒ်ပါ။

(၂) Lauv  – Stranger

Source: Lauv

ဒီသီချင်းလေးကတော့ ဒုတိယလူကြိုက်အများဆုံးပဲဖြစ်ပါတယ်။ စိုးရိမ်ပူပန်နေတတ်တဲ့ လူသားတစ်ယောက်က ချစ်တတ်ဖို့ သင်ယူနေတဲ့အကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ သီချင်းလေးက အေးအေးလေးနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် ကွီးတို့လည်း အကြိုက်တွေ့ကြမှာပါ။

(၃) Being Good Is Boring – Jena Rose

Source: Jena Rose

ပေါ့ပ်သီချင်း ကြိုက်နှစ်သက်သူတွေကတော့ Jena Rose ရဲ့ Being Good Is Boring ဆိုတဲ့ သီချင်းလေးကို နားထောင်သင့်ပါတယ်။ သီချင်းရဲ့ Beat က အမိုက်စားလေးမို့ တစ်ကြိမ်နားထောင်ပြီးတာနဲ့ နားထဲမှာ စွဲကျန်ခဲ့မှာပဲဖြစ်ပါတယ်။

(၄) Party Of A Lifetime – Pitbull, Play-N-Skillz

Source: Pitbull

Pitbull ပရိသတ်များအတွက် လတ်တလောမှာ ထွက်ရှိထားတဲ့ သီချင်းကောင်း တစ်ပုဒ်ရှိပါတယ်။ ထိုသီချင်းလေးကတော့ Party Of A Lifetime ပဲဖြစ်ပါတယ်။ ပါတီနဲ့ လိုက်ဖက်တဲ့ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

(၅) Becky’s So Hot – FLETCHER

Source: FLETCHER

ဒီသီချင်းထဲမှာတော့ Fletcher သည် သူ(မ) ရည်းစားဟောင်းရဲ့ အချစ်ရေးအကြောင်း သီဆိုထားတာ ဖြစ်ပါတယ်။ ရည်းစားဟောင်းရဲ့ ကောင်မလေးက ချောလွန်း လန်းလွန်းလို့ သူ(မ) သဝန်လည်း တိုမိသလို အားလည်း အားကျနေကြောင်း သီဆိုထားတာဖြစ်ပါတယ်။

(၆) High – Sheer Haimov

Source: Sheer Haimov

အဆိုတော်အသစ်တစ်ယောက်ရဲ့ သီချင်းလေးကို နားဆင်ခံစားချင်တယ်ဆိုရင်တော့ တက်သစ်စ အစ္စရေးအဆိုတော် Sheer Haimov ရဲ့ High သီချင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ မြူးမြူးကြွကြွလေးနဲ့မို့ သီချင်းချစ်သူများအားလုံး အကြိုက်တွေ့ကြမယ့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

(၇) Left And Right – Charlie Puth (Feat. Jung Kook of BTS)

Source: Charlie Puth

BTS အဖွဲ့ထဲက Jung Kook နှင့် Charlie Puth တို့ Collaborate လုပ်ကာ အတူတူ တွဲဖက်သီဆိုထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သူ စိတ်ဝင်စားနေတဲ့ သူ ကို စိတ်ထဲကနေ ထုတ်မရတဲ့အကြောင်း ပုံဖော်သီဆိုထားတာဖြစ်ပါတယ်။

(၈) As It Was – Harry Styles

Source: Harry Styles

ဒီသီချင်းလေးကတော့ Harry Styles ရဲ့ ဘဝအကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။ သူ ရင်ဆိုင်ရတဲ့ အထီးကျန်ဆန်မှုကို သီချင်းအဖြစ် ပြောင်းလဲကာ သီဆိုထားတာဖြစ်ပါတယ်။

(၉) You Don’t Know How Good You Had It – Vộx Vé

Source: Vộx Vé – Topic

သြဂုတ် လအတွင်း လူကြိုက်များတဲ့ နောက်ထပ် သီချင်း မြူးမြူးကြွကြွလေးနဲ့ မတ်ဆက်ပေးချင်ပါသေးတယ်။ Vộx Vé က သီဆိုထားတာဖြစ်ပြီး တက်သစ်စ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

(၁၀) Cold Heart – Elton John, Dua Lipa (PNAU Remix)

Source: Elton John

ဒီ သီချင်းလေးကတော့ အာကာသယာဉ်မှူး တစ်ယောက်ရဲ့ ဘဝအကြောင်းကို စပ်ဆိုထားတာဖြစ်ပါတယ်။ သူ ချစ်တဲ့အရာအားလုံးကို လွှတ်ချထားချင်ခဲ့သလား မလွှတ်ချသင့်ဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေတဲ့ ခံစားချက်ကို သီဆိုထားတာဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ သီချင်းများကတော့ သြဂုတ်လအတွင်း လူကြိုက်များကာ ပေါ်ပြူလာဖြစ်နေတဲ့ သီချင်းကောင်းများပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်သီချင်းတွေကို ကြိုက်နှစ်သက်ပါသလဲ။ ကွီးတို့ရဲ့ အကြိုက်ဆုံး သီချင်းတွေကိုလည်း အခြားသောသီချင်းချစ်သူများအတွက် ဝေမျှပေးခဲ့ပါဦး။

Featured Image: Honeybunnyladies