အစစအရာရာ ကုန်ကျစရိတ်တွေ ဈေးကြီးနေတဲ့ ခေတ်ကြီးထဲမှာ ခရီးတစ်ခု ထွက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါပေမယ့် ကွီးတို့က ခရီးသွားရတာကို ဝါသနာပါတယ် ၊ ခရီးတွေ အမြဲထွက်ချင်တယ် ဆိုရင်တော့ သွေးမတက် ရမယ့် ဘတ်ဂျတ် ခရီးထွက်နည်း လမ်းညွှန်လေးကို သိထားဖို့ လိုပါမယ်။ ဒီဆောင်းပါးမှာ ငွေကုန်ကျ နည်းနည်းနဲ့ ခရီးထွက်နိုင်ဖို့ သိထားသင့်တဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးပါမယ်။

(၁) ခရီးသွား ရာသီတွေကို ရှောင်ပါ

Photo : Travelessentials.store

အားလပ်ရက် ၊ ရုံးပိတ်ရက်လို ခရီးသွားရာသီတွေဆိုရင် လေယာဉ် လက်မှတ်ခ ၊ တည်းခိုစရိတ်တွေ အားလုံးက ဈေးတက်ပါတယ်။ ဒါကြောင့် ဒီလို ခရီးသွားများလာမှုများတဲ့ လတွေ ၊ အချိန်တွေကို ရှောင်သွားတာ ဘတ်ဂျတ် သက်သာစေမယ့် နည်းလမ်းတစ်ခုပါပဲ။ ခရီးသွားဧည့်သည် နည်းလေလေ အစစအရာရာမှာ ဈေးသက်သာပြီး ကုန်ကျစရိတ် သက်သာလေပါပဲ။

(၂) ကား/ရထားလို သယ်ယူပို့ဆောင်ရေး စနစ်တွေ ရွေးချယ်ပါ

Public Transportation

Photo : The DeVoe L. Moore Center Blog

ဘတ်ဂျတ် ခရီးသွားတော့မယ်ဆိုရင် Public Transportation တွေကို ဦးစားပေး စဉ်းစားသင့်ပါတယ်။ ကား/ရထားလို သယ်ယူပို့ဆောင်ရေး စနစ်တွေကို အသုံးပြုတာဟာ အချိန်ကြာတာ ၊ လူများတာလို့ အားနည်းချက်တွေ ရှိနိုင်ပေမယ့် ငွေကုန်ကျမှုနဲ့ ပြန်ယှဉ်ရင်တော့ လေယာဉ်ခရီးထက် အများကြီး သက်သာတာကို တွေ့ရမှာပါ။ မတူညီတဲ့ ခရီးသွား အတွေ့အကြုံအသစ်တွေ ရချင်တယ် ၊ ငွေကုန်ကျလည်း သက်သာချင်တယ်ဆိုရင်တော့ ကား သို့မဟုတ် ရထား ခရီးစဉ်တွေကို ရွေးချယ်သွားဖို့ အကြံပြုချင်ပါတယ်။

(၃) ဒေသထွက် အစားအသောက်တွေ ရွေးပါ

 Street Food

Photo : walkingboxes.de

အစားအသောက်အတွက် ငွေအကုန်အကျ မများချင်ဘူး ဆိုရင်တော့ ဒေသထွက်အစားအသောက်တွေကို ဦးစားပေး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေ ၊ ဟိုတယ်တွေထက် ဒေသတွင်း အစားအစာရောင်းချတဲ့ ဆိုင်လေးတွေက ဈေးပိုသက်သာပါတယ်။ မတူညီတဲ့ နေရာဒေသတိုင်းမှာ ဈေးသက်သာပြီး အရသာရှိတဲ့ ဒေသထွက် အစားအသောက်ဆိုင်လေးတွေကို တွေ့နိုင်ပါတယ်။

(၄) တည်းခိုစရိတ်ကို ချုံ့နိုင်သမျှ ချုံ့ပါ

hostel

Photo : www.booking.com

ခရီးသွားတဲ့အခါ တည်းခိုတဲ့ နေရာ ရွေးချယ်မှုက အရေးကြီးပါတယ်။ ဈေးတက်နိုင်ရင် တက်နိုင်သလောက် ကောင်းတဲ့ ဟိုတယ်တွေ ၊ ခမ်းနားကြီးကျယ်တဲ့ အမိုက်စား ဟိုတယ်ကြီးတွေကို ရွေးတည်းနိုင်ပေမယ့် ကိုယ်က ဘတ်ဂျတ် ခရီးပဲ ထွက်လာတာ ဆိုရင်တော့ ဈေးအသင့်အတင့်နဲ့ တည်းလို့ အဆင်ပြေမယ့် နေရာကောင်းလေးတွေကို သေချာလေး ရွေးရမှာပါ။ ကိုယ်သွားမယ့် နေရာတဝိုက်မှာ ဈေးသက်သက်သာသာနဲ့ တည်းလို့ရမယ့် နေရာလေးတွေကို ခရီးမသွားခင် ကတည်းက ကြိုတင်ရှာဖွေပြီး ချိတ်ဆက်ထားဖို့ အကြံပေးချင်ပါတယ်။

Source : Capital One

Featured Photo : Ramblyn Jazz