လက်တလော ဘယ်သီချင်းတွေ ပေါက်နေလဲ ၊ ဘယ်အဆိုတော်တွေရဲ့ သီချင်း အသစ်တွေ ထွက်ရှိထားလဲဆိုတာ သိနိုင်ဖို့ သီချင်းချစ်သူ ကွီးတို့အတွက် နောက်ဆုံးထွက်ရှိထားတဲ့ အမိုက်စား သီချင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အခုလက်ရှိ ဟစ်ဖြစ်နေတဲ့ သီချင်းအသစ်တွေဖြစ်တာကြောင့် ခံစားကြည့်လိုက်ပါဦးဗျ။

(၁) Illusion – Dua Lipa

Source : Dua Lipa

ဒီသီချင်းလေးကတော့ Dua Lipa ရဲ့ Radical Optimism အယ်လ်ဘမ်ထဲက သီချင်းကောင်းလေးတစ်ပုဒ်ပါ။ Official Music Video ထွက်ရှိထားတာ တစ်လဝန်းကျင်ပဲ ရှိပါသေးတယ်။ Dua Lipa ရဲ့ ပုံစံအတိုင်း ခပ်မြူးမြူး ခပ်ကြွကြွ ပုံစံလေး သီဆိုထားပါတယ်။ စီးမြောခံစား ကြည့်လိုက်ပါဦး။

(၂) I Like The Way You Kiss Me – Artemas

Source : Artemas

Facebook ၊ GI နဲ့ Tik Tok အပါအဝင် အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်း တော်တော်များများမှာ ရေပန်းစား ဟစ်ဖြစ်နေတဲ့ သီချင်းလေး ဖြစ်ပါတယ်။ Artemas ရဲ့ I Like The Way You Kiss Me သီချင်း လေးက မြူးမြူးကြွကြွနဲ့ MV ကလည်း လုံးဝရှယ်ကြီးပါ။

(၃) Beautiful Things – Benson Boone

Source : Benson Boone

Benson Boone ရဲ့ Beautiful Things သီချင်း လေးက အခု ၂၀၂၄ ခုနှစ်ထဲမှာ လူကြိုက်များ ရေပန်းစားနေတဲ့ သီချင်းကောင်း တစ်ပုဒ်ပါ။ Official Music Video ထွက်ရှိထားတာ ၄ လဝန်းကျင်လောက်တော့ ရှိပြီဆိုတော့ နားထောင်ဖူးတဲ့ သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီသီချင်လေးက ဘဝအဓိပ္ပါယ်တွေ များစွာပြည့်နှက်နေတဲ့ အမိုက်စား စာသားတွေနဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၄) Fortnight – Taylor Swift Feat. Post Malone

Source : Taylor Swift

Legend နှစ်ယောက်ရဲ့ အသစ်စက်စက် Collaboration သီချင်းလေး ဖြစ်ပါတယ်။ ရည်းစားဟောင်းအကြောင်း စပ်ဆိုထားတဲ့ သီချင်းလေးဖြစ်ပြီး အသည်းကွဲနေသူတွေ ၊ ခံစားချက်နဲ့ တိုက်ဆိုင်ရင် ရှယ်ဖီးလို့ကောင်းတဲ့ သီချင်း လေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၅) Austin – Dasha

Source : Austin

Dasha ရဲ့ Austin သီချင်း လေးကလည်း လက်တလောမှာ ဟစ်ဖြစ်နေပါတယ်။ What Happens Now? ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းကောင်းလေး တစ်ပုဒ်ပါ။ Country ဆန်ဆန် ခပ်မြူးမြူး သီချင်းလေးမို့ ကွီးတို့ အကြိုက်တွေ့ စေမှာပါ။

(၆) Not Like Us – Kendrick Lamar

Source : Kendrick Lamar

Drake နဲ့ Kendrick Lamar တို့ကတော့ အပြန်အလှန် Beef ကြရင်း ပွဲတည်လာတာ အရှိန်တော်တော်ကောင်းနေပါပြီ။ Not Like Us က Drake ကို ဖြုတ်ထားတဲ့ Kendrick Lamar ကြီးရဲ့ လေးပုဒ်မြောက် Diss Track ပါ။ Official အနေနဲ့ ထွက်ထားတာ မဟုတ်ပေမယ့် ပွဲကြိုက်တဲ့ ကွီးတို့ ခံစားနားဆင်လို့ ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

(၇) Backslide – Twenty One Pilots

Source : Twenty One Pilots

Twenty One Pilots ဖန်တွေ အတွက်ပါ။ Backslide သီချင်းလေးက Official Music Video ထွက်ရှိထားတာ သုံးပတ် ဝန်းကျင်သာ ရှိပါသေးတယ်။ ဒီသီချင်းလေးက Twenty One Pilots ရဲ့ Clancy အယ်လ်ဘမ်ထဲမှာ ပါဝင်လာတဲ့ ခပ်မိုက်မိုက် သီချင်း ကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၈) Saweetie – NANi

Source : Twenty One Pilots

အမေရိကန် ရက်ပ်ပါမလေး Saweetie ရဲ့ အသစ်စက်စက် သီချင်း မိုက်မိုက်လေး ဖြစ်ပါတယ်။ Official Music Video ထွက်ထားတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ Saweetie ရဲ့ NANi သီချင်းလေးက မြူးမြူးကြွကြွနဲ့ စိတ်ပျော်ရွှင်စေမယ့် သီချင်းလေး တစ်ပုဒ်လို့ ပြောရမှာပါ။ သီချင်းလေးကလည်း မိုက်သလို ဟော့ဖြစ်လွန်းတဲ့ အမိုက်စား MV ကြည့်ပြီး ကွီးတို့ကတော့ ပိုပျော်ရလိမ့်မယ်လို့ ထင်ပါတယ်။

Featured Photo : Audacy