လာမယ့် Super Sunday မှာ ဘောလုံးဝါသနာရှင် ကွီးများ လုံးဝကို လက်မလွတ်သင့်တဲ့ ဘာစီလိုနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ အယ်လ်ကလက်စီကို ဒါဘီပွဲစဉ် ရှိနေပါတယ်။ တနင်္ဂနွေနေ့ ည (တနင်္လာနေ့ မနက်အစော) ၂နာရီခွဲအချိန်မှာ ကစားမှာမို့ တနင်္လာနေ့ ရုံးသွားရမယ့် ကွီးတွေအတွက်တော့ အနည်းငယ်လေး တိုင်ပတ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာတာတော့ ဒီပွဲက ကွီးတို့ အိပ်ရေးပျက်ရကျိုးနပ်မယ့် ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

b9 vs l9

Photo Credit : Sporting News

ဒီရာသီမှာ အယ်လ်ကလက်စီကို ဒါဘီပွဲကို အကြိမ်ပေါင်းများစွာ စောင့်ကြည့်ထားခဲ့ရပါတယ်။ ပုံမှန်ဆိုရင် လာလီဂါမှာပဲ (၂)ကြိမ်ပဲ တွေ့ဆုံကြမယ့် ဒီ(၂)သင်းက စပိန်စူပါဖလား ဗိုလ်လုပွဲနဲ့ စပိန်ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အထိ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နေရပါတယ်။ လက်ရှိအချိန်မှာ ဒီ(၂)သင်းက လာလီဂါမှာ တစ်ကြိမ် စပိန်စူပါဖလား ဖိုင်နယ်မှာ တစ်ကြိမ် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့မှာက တစ်ကြိမ် တွေ့ဆုံထားပြီး ရီးယဲလ်က ဘာနေဗျူးမှာ ကစားခဲ့တဲ့ လာလီဂါပွဲမှာသာ နိုင်ပွဲရထားခဲ့ပြီး ဆော်ဒီမှာ ကစားခဲ့တဲ့ စပိန်စူပါဖလား ဖိုင်နယ်နဲ့ ဘာနေဗျူးမှာပဲ ကစားခဲ့ရတဲ့ ကိုပါဒယ်ရေး ဆီမီး ပကျော့မှာလည်း ဘာစီလိုနာကပဲ အနိုင်ယူခဲ့ပါတယ်။

barcelona vs real madrid

Photo Credit : Barca Blaugranes

လက်ရှိ ကစားရမယ့် ပွဲစဉ်က နူးကမ့်မှာ ကစားရမှာပါ။ ဒီရာသီရဲ့ (၄)ပွဲမြောက် ပွဲစဉ်မှသာ နူးကမ့်မှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထူးခြားတာက နူးကမ့်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေအတွင်း အိမ်ရှင် ဘာစီလိုနာတို့ ရလဒ်ကောင်းခဲ့တာက ၂၀၁၈ခုနှစ် နောက်ဆုံးပါပဲ။ ဒီရလဒ်က တော်တော် အံ့အားသင့်ဖို့ကောင်းပါတယ်။ တစ်ခုရှိတာကတော့ ရီးယဲလ်က ကြားရက်မှာ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ကစားထားရချိန် ဘာစီလိုနာက နားရက်ပိုရထားတာ သတိထားရပါမယ်။ ပွဲပန်းမှုဒဏ် ခံရဖွယ် ရှိနေတဲ့ ရီးယဲလ်အတွက် တစ်လုံးတည်းသော သွင်းဂိုး သွင်းယူခဲ့သူ ဘန်ဇီမာရဲ့ ဒဏ်ရာ အခြေအနေက စောင့်ကြည့်ရပါဦးမယ်။

barca

Photo Credit : Forbes

ဒီပွဲမှာ ရီးယဲလ်အသင်းသာ ရလဒ်ဆိုးခဲ့မယ်ဆိုရင် ဒီရာသီ လာလီဂါ ဖလားဟာ ဘာစီလိုနာအတွက် လုံးဝ သေချာသွားပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲက ဘာစီလိုနာနဲ့ (၉)မှတ်အထိ ကွာဟနေရတဲ့ ရီးယဲလ်အတွက် ပိုပြီးတော့ကို အရေးကြီးနေပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ အိမ်ရှင်ဘက်က ကိုပါဒယ်ရေးပွဲထဲ မပါဝင်နိုင်ခဲ့သူ လီဝန်ဒေါစကီး ပြန်လည် ပါဝင်လာမှာ ဖြစ်သလို ဖိအားကင်းကင်းနဲ့လည်း လာလီဂါကိုပဲ ပိုအာရုံစိုက်ထားတာကြောင့် ဘာစီလိုနာတို့ ဒီရာသီမှာ ရီးယဲလ်ကို နိုင်ပွဲ ဟက်ထရစ် ရယူနိုင်မလားဆိုတာ…

Featured Photo : Goal