ကွီးတို့ရဲ့ အားလပ်ချိန်လေးမှာ ဟာသကားတွေ ကြည့်ရှုရင်း စိတ်အပန်းပြေချင်ပါသလား။​ ဒါဆိုရင်တော့ တဝါးဝါး တဟားဟားနဲ့ ဝါးလုံးကွဲအောင် ရယ်ရတဲ့ ဇာတ်ကားမျိုးကို သေချာရွေးချယ်သင့်ပါတယ်။ ဟာသ ကားပဲ ဆိုပြီးတော့ အခုဖော်ပြမယ့် ကားတွေကို သွားမရွေးမိပါစေနဲ့။ ဘာ့ကြောင့်လဲဆိုတော့ အခုဖော်ပြပေးမယ့် ကားတွေက ဟာသ ကားပေမယ့်လို့ ရင်ထဲမှာ နင့်နေအောင် ခံစား ရတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

(၁) Eight Grade

Source: A24

ဒီဇာတ်ကားလေးကတော့ IMDb ၇.၄ တောင် ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ အသက် ၁၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Kayla လေးရဲ့ သူ့ရဲ့ ကျောင်းမှာ ကြုံတွေ့ထားရတဲ့ အတွေ့အကြုံတွေကို ဟာသနှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဟာသ နှောထားပေမယ့် သူ့နေရာကနေ ခံစား ကြည့်မယ်ဆိုရင်တော့ တကယ့်ကိုမှ ကြေကွဲသွားရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

(၂) Lady Bird

ဒီဇာတ်ကားလေးကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ၇.၄ ရရှိထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ သူနာပြု ဆရာမလေးတစ်ယောက်က သူ့ရဲ့ အမျိုးသားဖြစ်သူ အလုပ်ပြုတ်သွားတဲ့အတွက်ကြောင့် သူ့ရဲ့ လုပ်ခလစာနဲ့ပဲ သူတို့မိသားစုကို ရှာကျွေးနေတာ ဖြစ်ပါတယ်။ သူ့မှာ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက် ရှိပါတယ်။ သူ့သမီးကလည်း သူ့ပုံစံအတိုင်းပါပဲ။ ဒါပေမဲ့ သူ့သမီးနဲ့ ဆက်ဆံရေးကတော့ ကြောင်နဲ့ ကြွက်လို တကျက်ကျက်ပါပဲ။ သူတို့နှစ်ယောက်ကြားက ဇာတ်လမ်းလေးကို ရယ်ရွှင်မြူးစရာ ကောင်းအောင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Source: A24

(၃) The Trip

လင်မယား နှစ်ယောက်က အိမ်ထောင်သက် ကြာလာတာနဲ့အမျှ တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကျိုးနေကြတာပဲ ဖြစ်ပါတယ်။ စိတ်ထဲမှာလည်း တစ်ယောက်ကို တစ်ယောက် ကိစ္စတုံးပစ်ပြီး အိမ်ထောင်ရေးကို အဆုံးသတ်ချင်နေကြသူတွေပါ။ တစ်ရက်မှာတော့ သူတို့ နှစ်ယောက်က ကားတစ်စီးနဲ့ ခရီးထွက်လာကြပါတယ်။ လမ်းခရီးမှာ မမျှော်လင့်ထားတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ရပါတော့တယ်။

Source: Netflix

(၄) The Grand Budapest Hotel

ဒီဇာတ်ကားကတော့ IMDb ၈.၃ တောင် ရရှိထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး ရုံတင် အမြတ်ငွေပေါင်း ဒေါ်လာ သန်းရာချီပြီး ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့ ၁၉၃၀ ခုနှစ်က အချိန်ကို အခြေတည်ထားတာဖြစ်ပြီး ဥရောပရှိ စကိတ် အပန်းဖြေကွင်းရှိ Grand Budapest ဟိုတယ်ကို လာရောက်တဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေကြား အဖြစ်အပျက်တွေကို ဇာတ်လမ်း သေချာ ဆင်ကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။​

Source: Rotten Tomatoes Trailers

(၅) A Serious Man

ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ Larry ဆိုတဲ့ အမျိုးသားက တက္ကသိုလ် တစ်ခုမှာ ရူပဗေဒဘာသာရပ်ကို သင်ကြားပေးတဲ့ ပရော်ဖက်ဆာတစ်ယောက် ဖြစ်ပါတယ်။ သူ့အမျိုးသမီးက သူ့ကို အကြောင်းပြချက်မဲ့စွာ ထားသွားတဲ့အချိန်မှာ သူ့ရဲ့ အလုပ်လက်မဲ့ ညီဖြစ်သူက သူ့အိမ်သို့ ပြောင်းလာပါတော့တယ်။ ဘယ်လို ဟာသ ဆန်ဆန် ဇာတ်ကွက်တွေကို မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဇာတ်ကားလေးကို အဆုံးထိ ကြည့်ကြည့်လိုက်ပါ။

Source: Focus Features

(၆) Don’t Look Up

အာကာသ ပညာရှင်နှစ်ယောက်က အာကာသနဲ့ ဂြိုလ်များအကြောင်းကို လေ့လာနေရင်း မထင်မှတ်ထားတဲ့ အရာတစ်ခုကို ရှာဖွေ တွေ့ရှိသွားခဲ့ပါတယ်။ ထိုအရာကတော့ ဥက္ကာခဲ အများအပြားက ကမ္ဘာမြေပေါ်သို့ ကျရောက်လာမှာဖြစ်ပြီး ထိုဥက္ကာခဲများကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာကို သိရှိသွားတာပဲ ဖြစ်ပါတယ်။ သူတို့က ထိုအရေးကြီးတဲ့ အကြောင်းအရာကို လူသားတွေကို ပြောပြပေမယ့် လူသားတွေကတော့ သူတို့ ပြောတာကို နားမထောင်ဘဲ အရူးကြီးတွေလို ဆက်ဆံပါတယ်။

Source: Netflix

(၇) A Man Called Otto

ဒီဇာတ်ကားထဲက Otto လို့ အမည်ရတဲ့ ယောကျာ်းတစ်ယောက်က တကယ့်ကိုမှ ဘုကလန့် လူစားတစ်ယောက် ဖြစ်ပါတယ်။ အိမ်နီးချင်းတွေနဲ့လည်း တည့်အောင် မပေါင်းဘဲ၊ သူ့ကို လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်လည်း အပေါက်အလမ်းတည့်အောင် ပြန်မဖြေတတ်တဲ့ လူစားမျိုးပါ။ သူက အရင်တုန်းကတော့ အဲ့လိုလူစားမျိုး မဟုတ်ပါဘူး။ သူ့ကို ဘယ်အရာတွေကို ပြောင်းလဲသွားစေတာလဲ။

ဟာသ ဇာတ်ဝင်ခန်းတွေ အများကြီး ရှိပေမယ့် ကြည့်ရှုသူတွေကို ရင်ထဲ နင့်နေအောင် ခံစား သွားရစေတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တဲ့အတွက်ကြောင့် တစ်သျှူးလေး ဆောင်ထားဖို့တော့ အကြံပေးလိုက်ချင်ပါတယ်။

Source: Sony Pictures Entertainment

ကွီးတို့က တဝါးဝါး တဟားဟားနဲ့ ဝါးလုံးကွဲအောင် ရယ်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားတွေကို ယောင်လို့တောင် မကြည့်မိပါစေနဲ့။ ဒီဇာတ်ကားတွေက ဟာသ ကားအသွင် ဆောင်ထားပြီး ခံစား ရစေလို့ပါပဲ။ ကြည့်မိလို့ ဝမ်းနည်းသွားရတယ်ဆိုရင်တော့ တာဝန်မယူဘူးနော်။

Source: Collider