အကြမ်းစား အမိုက်စား အက်ရှင် ကားတွေကို မျှော်လင့် တောင့်တနေတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ IMDb အမြင့်ဆုံး ဇာတ်ကားများကို ရွေးချယ်ပေးထားပါတယ်။ ကွီးတို့ရဲ့ စိတ်အာရုံကို အဆုံးအထိ ဆွဲခေါ်သွားမယ့် အမိုက်စား ဇာတ်ကားတွေကတော့ အခု ဖော်ပြပေးမယ့် ဇာတ်ကားများပဲဖြစ်ပါတယ်။

(၁) Freelance

Mason Petits ဆိုတဲ့ အမျိုးသားက အရင်တုန်းက အထူးအေးဂျင့်အဖြစ် လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ယခုအခါမှာတော့ ရုံးအလုပ်တွေကြောင့် စိတ်ညစ်နေရပါတော့တယ်။ သူ့ရဲ့ အလုပ်ကို အရင်လို ပြန်အသက်ဝင်အောင်လို့ အကြောင်းဖန်လာတာကတော့ ဂျာနယ်လစ်တစ်ယောက်က အခြားနိုင်ငံသို့ သွားပြီး သမ္မတနဲ့ သွားရောက်တွေ့ဆုံကာ အင်တာဗျူးရမှာပဲဖြစ်ပါတယ်။​ ထိုဂျာနယ်လစ်ကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးဖို့ Mason တစ်ယောက် ကြိုးစားရင်း ကြားထဲမှာ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို အမြည်းလေး ကြည့်ကြည့်လိုက်ပါဦး။

Source: Relativity Media

(၂) The Family Plan

ဟာသ အက်ရှင်ဇာတ်ကားမျိုးကို ကြည့်ချင်ပါသလား။ ဒါဆိုရင်တော့ The Family Plan ဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။

Dan ဆိုတဲ့ အမျိုးသားက အရင်တုန်းက အစိုးရ အဖွဲ့အစည်းရဲ့ ထိပ်တန်း ကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ သူ ချစ်ရတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ လက်ထပ်ပြီး တိတ်တဆိတ် ဇာတ်မြှုပ်ကာ နေထိုင်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဆယ်ကျော်သက်အရွယ် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ၁၀ လသားအရွယ် ကလေးလေး တစ်ယောက်ဆိုပြီး ကလေး သုံးယောက်နဲ့အတူတူ ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရန်သူတွေက သူ့ကို ရှာတွေ့ပြီးတဲ့နောက်မှာတော့ သူ့ကို ကိစ္စတုံးဖို့ လုပ်ပါတော့တယ်။ Dan တစ်ယောက် သူ့ မိသားစုကို ကာကွယ်ဖို့အတွက် အစွမ်းကုန် ကြိုးစားပါတော့တယ်။

နောက်ဆုံးမှာ ဘာဆက်ဖြစ်မလဲဆိုတော့…

Source: Apple TV

(၃) Black Phone

Finney Shaw ဆိုတဲ့ ကောင်ကလေးသည် အသက် ၁၃ နှစ်သာရှိသေးတဲ့ ကောင်ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့မြို့မှာ ကလေးငယ်လေးတွေ မကြာခဏဆိုသလို ပျောက်သွားတတ်ပြီး ထိုပျောက်သွားတဲ့ကလေးတွေကလည်း ဘယ်တော့မှ ပြန်ရှာမတွေ့တော့ပါဘူး။

တစ်ရက်မှာ Finney တစ်ယောက် ကျောင်းက အပြန်မှာ စိတ္တဇ လူသတ်သမားရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။​ ထိုလူသတ်သမားကို Finney ကို အသံလုံ မြေအောက်ခန်းထဲမှာ ပိတ်လှောင်ထားပါတော့တယ်။ တစ်ရက်မှာတော့ ထိုမြေအောက်ခန်းရဲ့ နံရံမှာ ချိတ်ဆွဲထားတဲ့ ဖုန်းကနေ အသံထမြည်လာပါတော့တယ်။ တစ်ဖက်က ဖုန်းပြောနေတဲ့သူကတော့ အရင်တုန်းက ပျောက်ဆုံးသွားခဲ့ပြီးတော့ အသတ်ခံလိုက်ရတဲ့ ကလေးတွေပဲဖြစ်ပါတယ်။ ထိုကလေးတွေက Finney ကို သူတို့လိုမျိုး အဖြစ်ဆိုးနဲ့ မကြုံတွေ့ရအောင် အစွမ်းကုန် ကူညီကြပါတော့တယ်။ တစ်ဖက်မှာလည်း Finney ရဲ့ သူငယ်ချင်းက Finney ပျောက်သွားကတည်းက ထူးဆန်းတဲ့ အိပ်မက်တွေ မက်ပါတော့တယ်။ သူသည်လည်း Finney ကို ရှာဖွေဖို့ အသည်းအသန် ကြိုးစားရှာပါတယ်။

နောက်ဆုံးမှာ Finney တစ်ယောက် အန္တရာယ် ကင်းကင်းနဲ့ လွတ်မြောက်သွားပါ့မလား။

Source: Universal Pictures

(၄) Hypnotic

စုံထောက် Danny Rourke သည် အင်မတန်မှ သွက်လက် ထက်မြက်ပြီး တော်တဲ့ စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ့သမီးကို ကျောင်းကနေ သွားအကြိုမှာ သူ့သမီးက ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ သူ့သမီးကို ပြန်ပေးဆွဲသမားက ပြန်ပေးဆွဲသွားပြီး ထိုပြန်ပေးဆွဲသမားမှာ စိတ်ညှို့နိုင်တဲ့ အတတ်မျိုး တတ်မြောက်ထားပါတယ်။ သူ့ရဲ့ အကြည့်၊ အသံတို့ကို ကြည့်မိမိယ်၊ နားထောင်မိမယ်ဆိုရင်တော့ သူ ခိုင်းတဲ့အတိုင်း လိုက်လုပ်ရပါတော့တယ်။​

နောက်ဆုံးမှာ Danny တစ်ယောက် သူ့သမီးကို ပြန်ရှာတွေ့နိုင်ပါ့မလား။ ပြန်ပေးဆွဲသမားကရော ဘာ့ကြောင့် စုံထောက် Danny ရဲ့ သမီးကိုမှ ပြန်ပေးဆွဲသွားရတာလဲ။ ဘာရန်ငြိုး ရန်စများ ရှိလို့လဲ။

Source: Movie Trailers Source

(5) 57 Seconds

နည်းပညာ Blogger တစ်ယောက်သည် မမျှော်လင့်ဘဲ အချိန် နောက်ပြန်သွားနိုင်တဲ့ လက်စွပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထိုလက်စွပ်က အတိတ်ဆီသို့ ၅၇ စက္ကန့်ဆီ ပြန်သွားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ထိုလက်စွပ်ရဲ့ အကူအညီနဲ့ပဲ အတိတ်ကို ပြန်သွားပြီး ကာစီနိုဝိုင်းတွေဆီသွားကာ ချမ်းသာလာအောင် ပြုလုပ်ပါတယ်။ ထို့နောက် သူ့အမြွှာညီမကို သေစေခဲ့တဲ့သူတွေဆီသို့ လက်စားချေဖို့ရန်အတွက် ပြန်သွားခဲ့ပါတယ်။

ဇာတ်လမ်းအမြည်းလေးကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။

Source: The Avenue Film

အခုဖော်ပြသွားတဲ့ အက်ရှင် ကားတွေက ကွီးတို့ မျှော်လင့် ထားတာတွေနဲ့ တစ်ထပ်တည်း ထပ်တူကျနေပါသလား။ ကွီးတို့ အကြိုက်ဆုံး အက်ရှင်ကားက ဘယ်ကားတွေ ဖြစ်မလဲ။

Source: IMDb