ကွီးတို့ စမတ်ဖုန်းက အသုံးပြုခဲ့တာ အခုဆိုရင် ဘယ်နှနှစ်လောက် ရှိသွားပါပြီလဲ။ ဖုန်းက စက်လေးပြီး ဟန်းနေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ ဟောဒီ က နောက်ဆုံးပေါ် စမတ်ဖုန်းများကို ပြောင်းလဲအသုံးပြု နိုင်ပါတယ်။

Poco F5 & F5 Pro

ဟောဒီ နောက်ဆုံးပေါ်

Photo: POCO

Poco F5 နဲ့ F5 Pro ဆိုပြီး မော်ဒယ်နှစ်မျိုး ရှိပြီး နှစ်မျိုးစလုံးက 64MP Triple Camera ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း လေးထောင့်စပ်စပ်လေးကိုမှ ခေတ်ရှေ့ပြေးနေအောင် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ Snapdragon 7+ Gen2 Processor ကို အသုံးပြုထားတဲ့အတွက်ကြောင့် အသုံးပြုနေချိန်မှာ အလင်းရဲ့အလျင်လိုမျိုး မြန်ဆန်နေမှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။

Realme 11, 11 Pro & 11 Pro Plus

ဟောဒီ နောက်ဆုံးပေါ်

Photo: NotebookCheck

Realme ကလည်း တစ်စုံတစ်ခုနဲ့ အပြိုင်အဆိုင်ဆိုသလိုပဲ သူ့ရဲ့ မော်ဒယ်အမျိုးအစားကို Realme 11 ၊ 11 Pro နှင့် 11 Pro Plus ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီဇိုင်းကတော့ Classic ဆန်ဆန် ထုတ်လုပ်ထားပြီး ဘက္ထရီပိုင်းကလည်း Li-Po 5000 mAH ထိရှိပါတယ်။ ကင်မရာကလည်း Triple ကင်မရာကို အသုံးပြုထားတာကြောင့် ဓာတ်ဖမ်းရတာ ဝါသနာပါသူများအတွက် သင့်တော်တဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ နှင့် ၄၀၀ ဝန်းကျင်ကြားထဲမှာ တည်ရှိပါတယ်။

Google Pixel Fold & Pixel 7A

ဟောဒီ နောက်ဆုံးပေါ်

Photo: Theverge

ဈေးကွက်ထဲမှာ ခေါက်လို့ရတဲ့ စမတ်ဖုန်းတွေ ခေတ်စားလာသည်နှင့်အမျှ Google Pixel ကလည်း သူ့ရဲ့ ဖုန်းကို ခေါက်လို့ရအောင် တီထွင်လာခဲ့ပြန်ပါတယ်။ ဒါ့အပြင် Google Pixel 7A ကလည်း Flagship ဖုန်းထဲမှာ အရောင်အသွေး စုံစုံလင်လင်နဲ့ နေရာယူလာခဲ့ပါတယ်။

ဟောဒီ နောက်ဆုံးပေါ်

Photo: Theverge

Pixel 7A ရဲ့ အရောင်ကတော့ ခဲရောင်၊ အဖြူရောင်၊ အပြာနုရောင်၊ ပန်းဆီနုရောင်ဆိုပြီး လေးမျိုးထဲက ကိုယ် ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ Google Pixel Fold ကတော့ ဒေါ်လာ ၁၇၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပြီး Google Pixel 7A ကတော့ ဒေါ်လာ ၄၉၉ ကုန်ကျမှာဖြစ်ပါတယ်။

Sony Xperia 1V

Sony Xperia 1V

သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ နဲ့ ၈၀၀ ဝန်းကျင်ကြားမှာ တည်ရှိပါတယ်။ 4K Resolution ရရှိတဲ့ ကင်မရာတစ်လုံးဖြစ်ပြီး OLED Display ကို အသုံးပြုထားတဲ့အပြင် ကင်မရာကလည်း သုံးလုံးတွဲ ကင်မရာဖြစ်ပါတယ်။ Sony ရဲ့ ထုံးစံအတိုင်း မဟာဆန်တဲ့ ဒီဇိုင်းကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Honor 90 Series

Honor 90 Series

Photo: GSMArena.com

Honor 90 ကလည်း လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ထွက်ရှိထားတဲ့ မော်ဒယ်တစ်မျိုး ဖြစ်ပါတယ်။ 200MP ကင်မရာကို အသုံးပြုထားတဲ့အတွက်ကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံများကို ရိုက်ကူးနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် 90 Pro မှာတော့ 90W Charging စနစ်ကို ထပ်မံပေါင်းထည့်ပေးထား ပါသေးတယ်။ စမတ်ဖုန်းလောကရဲ့ ဈေးကွက်ကစားမှုကတော့ သြချရလောက်ပါတယ်။

ကွီးတို့ရော ဟောဒီ နောက်ဆုံးပေါ် တွေထဲက ဘယ်အမျိုးအစားကို ကြိုက်နှစ်သက်ပါသလဲ။

Source: Dealntech

Featured Image: Nytime