အကုန်အကျ သက်သက်သာသာနဲ့ ကွီးတို့ ရှော်တီလေးကို ဟတ်ထိသွားအောင် ကြိုးစားချင်ပါသလား။ ဒါဆိုရင်တော့ အကုန်အကျ လည်း သက်သာပြီး ပြုလုပ်ရလည်း လွယ်ကူတဲ့ DIY နည်းလမ်းတစ်ခုရှိပါတယ်။
ထိုနည်းလမ်းကတော့ အခက်စားကြီး မဟုတ်ပါဘူး။ ကွီးတို့ ရှော်တီလေးအတွက် ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတဲ့ လက်ဝတ်ရတနာဘူးလေးကို ဖန်တီးလိုက်ရုံပါပဲ။
ချစ်စရာကောင်းတဲ့ လက်ဝတ်လက်စားဘူးတစ်ခု ဖန်တီးဖို့ဆိုတာလည်း အခက်စားကြီး မဟုတ်ပါဘူး။ အရွယ်အစား ခပ်ကြီးကြီး ဖန်တီးစရာလည်း မလိုပါဘူး။ ခပ်သေးသေးလေး ဖန်တီးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကွီးတို့ ရှော်တီလေးက ဟတ်ထိသွားမှာ အသေအချာပါပဲ။
လိုအပ်မယ့် ပစ္စည်းများ
- ၅.၅ လက်မ ပတ်လည် သစ်သားဘူးသေး တစ်ဘူး
- ဝက်အူလှည့်
- သစ်သားဘူးကို ဆေးသုတ်ဖို့ရန်အတွက် ဆေး
- ဆေးသုတ်တံ
- ကတ္တီပါစ
- ကော်သေနတ်
- ဘူး အဖွင့်အပိတ်အတွက် သားရေသား
- တူ အစရှိတဲ့ ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။
ပြုလုပ်နည်း အဆင့်ဆင့်
(၁) သစ်သားဘူးကို ကွီးတို့ စိတ်ကြိုက် ဆေးတစ်မျိုးမျိုးဖြင့် ဆေးသုတ်ထားလိုက်ပါ။ ဆေးခြောက်သွားပြီဆိုရင်တော့ နောက်ထပ် အဆင့်တွေ ထပ်လုပ်လို့ရပါပြီ။
(၂) ကတ္တီပါသားစကို အရှည်လိုက် ညှပ်ထားပြီးနောက် အစွန်း နှစ်ဖက်ကို ကော်သေနတ်ဖြင့် ပိတ်ထားလိုက်ပါ။
(၃) ထို့နောက် ထိုကတ္တီပါသားစများကို သစ်သားဘူးထဲတွင် အလွှာလိုက်ဖြင့် စီစီရီရီလေး ထည့်လိုက်ပါ။
(၄) ပြီးသွားတဲ့အခါမှာတော့ လက်ကိုင်အတွက် သားရေလက်ကိုင်တစ်ခု ဖန်တီးရမှာပဲဖြစ်ပါတယ်။
(၅) သားရေသားကို အလယ်တည့်တည့်ကနေ ခေါက်ချိုးညီအောင် ထက်ဝက်ပိုင်းချပြီးနောက် သစ်သားဘူးရဲ့ အဖုံးပေါ်မှာ သံမှိုလေး စိုက်ကာ ဘူးထဲထိ ခိုင်ခံ့နေအောင် ပြုလုပ်ပေးလိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့ ရှော်တီလေးအတွက် လက်ဝတ်လက်စားများ ထည့်လို့ရတဲ့ သေတ္တာတစ်လုံး ရရှိသွားပြီပဲဖြစ်ပါတယ်။ အကုန်အကျ လည်း သက်သာပြီး ပြုလုပ်ရလည်း လွယ်ကူတဲ့ DIY နည်းလေးပဲဖြစ်ပါတယ်။
သေတ္တာဘူးထဲ ထည့်ရမယ့် လက်ဝတ်လက်စားများကိုလည်း စိတ်ပါတယ်ဆိုရင် တစ်ခါတည်း ဝယ်ထည့်ပေးလိုက်လို့ရပါတယ်။
အဲ့ဒါဆိုရင်တော့ ကွီးတို့ ရှော်တီလေးက ကွီးတို့အပေါ်မှာ အချစ်တွေ လျှံကျလာမှာပဲဖြစ်ပါတယ်။
Source: Homeyohmy
Featured Image: Freepik