ဖက်ရှင်ချစ်သူများအတွက် နာရီသည် စမတ်ကျစေမယ့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ နာရီအမျိုးအစားတွေကလည်း အများအပြားရှိကြပါတယ်။ အရည်အသွေး အကောင်းစား နာရီ ဒီဇိုင်း မျိုးကိုမှ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။
IWC

ဒီနာရီလေးရဲ့ အမျိုးအစားကတော့ Pilot’s Watch Chronograph 41 TOP GUN Ceratanium မော်ဒယ် ဖြစ်ပါတယ်။ နာရီဒိုင်ခွက်ကတော့ ၄၁.၁ မီလီမီတာရှိပြီး ရေအောက်အနက် မီတာ ၁၀၀ အထိ ရေစိမ်ခံပါတယ်။ ရေအောက်အားကစား ပြုလုပ်ရတာ ကြိုက်နှစ်သက်သူများအတွက်တော့ အကောင်းစား နာရီ ဒီဇိုင်း တစ်မျိုးပဲဖြစ်ပါတယ်။
Hublot Big Bang Integral Ceramic

၂၀၂၂ ခုနှစ်ထုတ် ဒီဇိုင်းလေးဖြစ်ပါတယ်။ အစိမ်းရောင်၊ မဲနယ်ပြာရောင်၊ အသားရောင်နှင့် ကောင်းကင်ပြာရောင် ဆိုပြီး အရောင် (၄) မျိုးနဲ့ လာပါတယ်။ သူသည်လည်း ရေအောက် မီတာ ၁၀၀ အထိ ရေစိမ်ခံပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၄၁၀၀ ပေးဝယ်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ဒိုင်ခွက်ကတော့ ၄၂ မီလီမီတာရှိပါတယ်။
Jaeger-LeCoultre Rendez-Vous Star

နာရီဒိုင်ခွက်ထဲမှာ ဒီဖိုင်းလှလှလေးဆွဲထားတကာ ပြင်ဆင်ထုတ်လုပ်ထားတဲ့ အကောင်းစား နာရီ ဒီဇိုင်း တစ်ခုပဲဖြစ်ပါတယ်။ Jaeger-LeCoultre တံဆိပ်ကထုတ်လုပ်ထားတဲ့ Rendez-Vous Star မော်ဒယ်အမျိုးအစားဖြစ်ပါတယ်။ နာရီဒိုင်ခွက်ကတော့ ၃၆ မီလီမီတာရှိပါတယ်။
Patek Philippe 1/10th Second Monopusher Chronograph Ref. 5470P-001

ကမ္ဘာ့အကောင်းစားနာရီတွေထဲမှာ Patek Philippe သည်လည်း တစ်ခုအပါအဝင်ပါပဲ။ သူကတော့ ရေအနက် မီတာ ၃၀ အထိသာ ရေစိုခံပါတယ်။ သူ့ရဲ့နာရီဒိုင်ခွက်ကတော့ ၄၁ မီလီမီတာရှိပါတယ်။
Montblanc 1858 Iced Sea Automatic Date

Montblanc က ထုတ်လုပ်ထားတဲ့ အကောင်းစား နာရီ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ သူကတော့ ရေအနက် မီတာ ၃၀၀ အထိ ရေစိုခံပါတယ်။ သူ့ဈေးနှုန်းကတော့ သြစတြေးလျဒေါ်လာ ၃၁၉၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။
Oris ProPilot X Calibre 400

Oris တံဆိပ်ဖြစ်ပြီး ရေအနက် မီတာ ၁၀၀ အထိ ရေစိုခံပါတယ်။ နာရီဒိုင်ခွက်ကတော့ ၃၉ မီလီမီတာရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၉၀၀ ကျော် ၁၀၀၀ ကြား ရှိပါတယ်။
IWC Pilot’s Watch Chronograph TOP GUN Edition “IWC Lake Tahoe”

အရောင်ဖြူဖြူသန့်သန့်လေးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ IWC ရဲ့ ဒီမော်ဒယ်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ရေအနက် မီတာ ခြောက်သောင်း ကျော်သည်အထိ ရေစိုခံပါတယ်။
NOMOS Club Campus

နောက်ထပ်အလန်းစားဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ နာရီကတော့ NOMOS က ထုတ်လုပ်ထားတဲ့ Club Campus အမျိုးအစားလေးပဲဖြစ်ပါတယ်။ သူကတော့ ၃၆ မီလီမီတာ ဒိုင်ခွက်နဲ့လည်းရှိသလို ၃၈.၅ မီလီမီတာ ဒိုင်ခွက်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ ၃၅ မီလီမီတာ ဒိုင်ခွက်ကတော့ အမေရိကန်ဒေါ်လာ ၁၅၀၀ ပေးဝယ်ရမှာဖြစ်ပြီး ၃၈.၅ မီလီမီတာ ဒိုင်ခွက်ကတော့ ဒေါ်လာ ၁၆၅၀ ဖြင့် ပေးဝယ်ရမှာဖြစ်ပါတယ်။
Source: Manofmany
Featured Image: Luxe.digital
