5G ဖုန်းတစ်လုံးလည်း ဖြစ် ၊ 108MP Main ကင်မရာ လည်း ပါသလို 120Hz Refresh Rate လည်း ပါခြင်းက Budget မော်ဒယ် Samsung Galaxy M53 5G ဖုန်းရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။

Samsung ဖုန်းစီးရီးတွေထဲမှာ ဈေးနှုန်းသင့်တင့်တဲ့ Mid-Range မော်ဒယ် Samsung Galaxy M Series ကနေ အသစ်ထွက်လာတဲ့ Galaxy M53 5G ဟာ 108MP Main Camera သုံးလာတဲ့ ထုတ်ကုန်ဖြစ်ပြီး အကြီးစား Screen နဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းကို သုံးထားတာ ဖြစ်ပါတယ်။ Samsung Galaxy M53 5G ဟာ တလောကမှ ထွက်ထားတဲ့ Galaxy A73 5G နဲ့ အတော်ကြီး ဆင်ပါတယ်။ ဒီဇိုင်းပိုင်းပဲ နည်းနည်း ကွဲပြီး ဖုန်းအချက်အလက် အတော်များများမှာတော့ Galaxy A73 5G ကို Copy ယူထားတာလို့ ဆိုနိုင်ပါတယ်။

Galaxy M53 5G

Photo: manilashaker

Galaxy M53 5G ဟာ အကြီးစား ၆.၇ လက်မ Infinity-O ဒီဇိုင်း Super AMOLED+ Display နဲ့လာပြီး 120Hz Refresh Rate သုံးထားပါတယ်။ ဒီအချက်အပြင် 108MP Main Sensor ၊ 5000mAh ဘက်ထရီ ၊ 25W Charging သုံးတာခြင်းလည်း တူပါတယ်။ Galaxy M53 5G ကတော့ Power ခလုတ်ထဲမှာ ဘေးဘောင်လက်ဗွေစနစ်နဲ့ လာပြီး Chipset မှာ Snapdragon 778G အစား MediaTek Dimensity 900 Chipset သုံးတာပဲ ကွာခြားပါတယ်။

Galaxy A73 5G လိုပဲ 6nm TSMC Chipset နဲ့ လာပြီး ARM Cortex-A78 CPU Cores နှစ်ခု ၊ ARM Cortex-A55 CPU Cores ၆ ခု ၊ The Mali-G68 MP4 GPU နဲ့ Mali-G68 MP4 GPU တို့ ပါရှိပါတယ်။ တစ်ခုရှိတာက Snapdragon 778G Processor လိုပဲ TSMC 6nm Chipset သုံးတာချင်း တူပေမယ့် Snapdragon လောက်တော့ Mediatek Dimensity 900 SoC က CPU နဲ့ GPU ပိုင်းမှာ အားကောင်းမှာ မဟုတ်ပါဘူး။ Punch Hole Display ဒီဇိုင်း သုံးတာချင်းအတူတူ ကျောဘက်ကင်မရာ Module ဒီဇိုင်းမှာ စတုရန်းကင်မရာကွက် စတိုင်နဲ့ လာပါတယ်။ memory configuration အနေနဲ့ 6/128GB ဗားရှင်းတစ်မျိုးတည်းပဲ ထွက်ထားပြီး microSD Slot လည်း ပါလို့ Storage ပမာဏကို 1TB အထိ ထပ်မြှင့်နိုင်မှာပါ။

Samsung

Photo: GSMArena

ကျောဘက် စတုရန်းပုံကင်မရာအိမ်ထဲမှာ 108MP Main sensor (Optical Image Stabilization – OIS မပါ) နဲ့အတူ 8MP Ultrawide Lens (Galaxy A73 5G မှာ 12MP Sensor သုံးထား) ၊ 2MP Macro နဲ့ 2MP Depth Sensor တို့ တွဲဖက်သုံးထားပါတယ်။ Punch Hole Selfie ကင်မရာထဲမှာ 32MP Selfie ကင်မရာနဲ့လာပါတယ်။ ဘက်ထရီပါဝါ 5000mAh ဟာ 25W Fast Charging Support ပေးထားပါတယ်။

တခြား Connectivity Features တွေ အနေနဲ့ 6GHz 5G, dual-SIM Card Slot, GPS, Wi-Fi 5, Bluetooth 5.2 နဲ့ USB 2.0 Type C Port တို့ နဲ့ လာပြီး Blue ၊ Brown နဲ့ Green ကာလာ ၃ ရောင်နဲ့ ထွက်ရှိထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 အခြေခံ One UI 4.1 သုံးထားပြီး Andorid OS Update ၂ နှစ် နဲ့ Software Security Support ၃ နှစ်အထိ ရမှာပါ။ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်တော့ မသိရသေးပါဘူး။

Featured Photo : pemmzchannel