ကမ္ဘာပေါ်မှာ ဗော့ဒ်ကာက လူကြိုက်များတဲ့ အဖျော်ယမကာများထဲက တစ်ခုပါ။ ဗော့ဒ်ကာကို အခြားသောပါဝင်ပစ္စည်းများနဲ့ ရောနှောပြီး ဖြစ်စေ၊ ရေခဲလေးနဲ့ ဖြစ်စေ၊ ကော့လ်တေး အနေနဲ့ ဖြစ်စေ ပုံစံမျိုးစုံနဲ့ သောက်သုံးလို့ရတဲ့ စွယ်စုံရ အဖျော်ယမကာတစ်မျိုးဆိုလည်း မမှားပါဘူး။ ကွီးတို့ကို အခုဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်က ရောင်းအား အကောင်းဆုံး ဗော့ဒ်ကာ Brands များပဲ ဖြစ်ပါတယ်။

(၁) Smirnoff

အကောင်းဆုံး ဗော့ဒ်ကာ

Photo : Amazon UK

ကမ္ဘာ့ နံပါတ် (၁) ဗော့ဒ်ကာ ကိုပြောပါဆိုရင် Smirnoff ပဲဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းသည် ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ဗော့ဒ်ကာ ဖြစ်ပြီး ၁၈၆၄ ခုနှစ်မှ စတင်ရောင်းချခဲ့ပါတယ်။ ယနေ့ခေတ်တွင် Smirnoff ကို အရသာ ၄၀ နီးပါးဖြင့် ရရှိနိုင်ပြီး နိုင်ငံပေါင်း ၁၃၀ တွင် ရောင်းချလျက်ရှိပါတယ်။

(၂) Absolut

အကောင်းဆုံး ဗော့ဒ်ကာ

Photo : Absolut Vodka

ဒီ ဗော့ဒ်ကာ Brand ကိုတော့ ကွီးတို့တော်တော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ Absolut Vodka သည် ဆွီဒင်နိုင်ငံ တောင်ပိုင်းရှိ Ahus အနီးတွင် ထုတ်လုပ်သည့် ဗော့ဒ်ကာ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ Absolut ကတော့ ယနေ့ခေတ်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၂၆ နိုင်ငံတွင် တွင် ရောင်းချလျက်ရှိပါတယ်။

(၃) Khortytsa

အကောင်းဆုံး ဗော့ဒ်ကာ

Photo : Dan Murphy’s

Khortytsa ဗော့ဒ်ကာ ကတော့ တတိယမြောက် ရောင်းအား အကောင်းဆုံး ဖြစ်ပါတယ်။ Khortytsia အမှတ်တံဆိပ်ကတော့ ယူကရိန်းရဲ့ အရက်ဈေးကွက်ကို လွှမ်းမိုးထားပြီး ၎င်းရဲ့ ရောင်းအား ဝေစုမှာ ၂၀၀၇ ခုနှစ်တွင်၂၉ ရာခိုင်နှုန်း ရှိပါတယ်။ Khortytsia ကို Khor အမှတ်တံဆိပ် အမည်ဖြင့် အမေရိကန်ပြည်ထောင်စုရှိ ဗော့ဒ်ကာဈေးကွက်မှာ ရောင်းချလျက်ရှိပြီး လူကြိုက်များပါတယ်။

(၄) Żubrówka

best selling vodka

Photo : Iceland

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ ဗော့ဒ်ကာ ကတော့ Żubrówka ပဲ ဖြစ်ပါတယ်။ ဒီ ဗော့ဒ်ကာကတော့ ထူးခြားသော အရသာရှိတဲ့ ပိုလန် ဗော့ဒ်ကာ ဖြစ်ပြီး စတုတ္ထမြောက် ရောင်းအား အကောင်းဆုံး ဗော့ဒ်ကာ အမှတ်တံဆိပ် ဖြစ်ပါတယ်။ ၎င်းမှာ အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်း ပါဝင်ပြီး ကမ္ဘာပေါ်ရှိ ဈေးကွက်ပေါင်း ၈၀ ကျော်မှာ နေရာယူထားပါတယ်။

(၅) Morosha

best selling vodka

Photo : Amazon

အရှေ့ဥရောပရှိ အကြီးဆုံး အရက်ထုတ်လုပ်သူမှ ပိုင်ဆိုင်သော Global Spirits’ Morosha ဗော့ဒ်ကာကတော့ သဘာဝတွင်းထွက်ရေဖြင့် ပြုလုပ်ထားပြီး နူးညံ့သောအရသာ ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါလောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ ဗော့ဒ်ကာပဲ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြပေးလိုက်တာကတော့ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး ဗော့ဒ်ကာ Brands များထဲက ထိပ်ဆုံး ၅ ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အကြိုက်ဆုံး ဗော့ဒ်ကာ Brand ရော ပါဝင်ပါသလား။

Source : Vinepair

Featured Photo : Absolut