ကွီးတို့ရေ ကိုယ့်ရဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေ၊ အရေးကြီးတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေကို လက်ဆောင်ပေးချင်လို့ သော်လည်းကောင်း ဒါမှမဟုတ် ကိုယ့်အတွက် အရေးပါတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အောင်မြင်မှု ဂုဏ်ပြုလက်ဆောင်အနေနဲ့ လည်းကောင်း အကောင်းဆုံး ဝီစကီ တွေကို လက်ဆောင် ပေးဖို့စဉ်းစားနေသလား။ ဒါဆိုရင်တော့ အကောင်းဆုံး ဝီစကီ ကိုမှလက်ဆောင်ပေးချင်တဲ့ ကွီးတို့အတွက် ရွေးချယ်ရ လွယ်ကူစေဖို့ ထိပ်တန်း အကောင်းဆုံး ဝီစကီ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) GLENFIDDICH 21 Year Old Gran Reserva

Photo : The Whiskey Exchange
ပထမဆုံးဖော်ပြချင်တဲ့ ထိပ်တန်း အကောင်းဆုံး ဝီစကီ တစ်ခုကတော့ GLENFIDDICH 21 Year Old Gran Reserva ပဲဖြစ်ပါတယ်။ သူကတော့ GLENFIDDICH ကထုတ်လုပ်တဲ့ Single Malt Scotch Whisky အမျိုးအစားဖြစ်ပြီး အယ်လ်ကိုဟော ပါဝင်နှုန်းကတော့ ၄၆ ရာခိုင်နှုန်း ပါဝင်ပါတယ်။ သူရဲ့ အရသာကလည်း ဝီစကီကြိုက်နှစ်သက် သူတိုင်း သဘောကျနှစ်ခြိုက်မှာပါ။
(၂) Port Charlotte 10 Year Old

Photo : Fine Drams
Bruichladdich ရဲ့ Port Charlotte 10 Year Old ဝီစကီမှာ အယ်လ်ကိုဟော ၅၀ ရာခိုင်နှုန်းပါဝင်ပြီး သူကလည်း စကော့တလန်ထုတ် Single Malt Scotch Whisky အမျိုးအစား ဖြစ်ပါတယ်။ အရောင်ကတော့ ရွှေရောင်ရင့်ရင့် ရှိပါတယ်။ ချောကလက်၊ ဘာဂါ တို့နဲ့သောက်နိုင်ပါတယ်။ အေးမြသော မီးခိုးငွေ့နှင့် မြေဆွေးရနံ့မျိုး ရှိပါတယ်။ ချိုမြိန်သောအရသာကို ခံစားနိုင်ပါတယ်။
(၃) OBAN 14 Year Old

Photo : Applejack Wine & Spirits
အကောင်းဆုံး ဝီစကီ ကိုမှလက်ဆောင်ပေးချင်တဲ့ ကွီးတို့အတွက် နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ OBAN 14 Year Old ပဲဖြစ်ပါတယ်။ ဒီ ဝီစကီကလည်း Single Malt Scotch Whisky ဖြစ်ပြီး အယ်လ်ကိုဟော ၄၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ချိုမြိန်သောအသီးအနှံများဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီးနှင့်သစ်တော်သီး ၊ ပင်လယ်ဆားနှင့် မီးခိုးငွေ့အနံ့နှင့်အတူ တကယ်ကို တမူထူးခြားတဲ့ အရသာကို ပေးစွမ်းနိုင်မှာပါ။
(၄) Glenmorangie Signet

Photo : The Whiskey Exchange
Glenmorangie Signet ကတော့ အယ်လ်ကိုဟော ၄၆ ရာခိုင်နှုန်း ပါတဲ့ Glenmorangie အမှတ်တံဆိပ် စကော့တလန် ကုန်းမြင့် Single Malt Scotch Whisky ဝီစကီ အမျိုးအစားပဲ ဖြစ်ပါတယ်။ Espresso နှင့် သံပုရာခွံတို့ရဲ့ အရသာမျိုး ခံစားနိုင်ပါတယ်။ ထူးခြားတာက ချောကလက်နဲ့ ဖျော်သောက်နိုင်ပါတယ်။
(၅) BALVENIE DoubleWood 17 Year Old

Photo : Liquor Avenue
အယ်လ်ကိုဟော ၄၃ ရာခိုင်နှုန်း ပါဝင်တဲ့ Balvenie ရဲ့ DoubleWood 17 Year Old ကလည်း အကောင်းဆုံး ဝီစကီ ထဲမှာ ပါဝင်တာကြောင့် လက်ဆောင်ပေးဖို့ ကွက်တိပါပဲ။ ဝက်သစ်ချသီး၊ ဗင်နီလာ၊ ပျားရည် နဲ့ ပန်းသီးစိမ်း ရနံ့၊ နူးညံ့သိမ့်မွေ့သော အရသာ မျိုးရရှိနိုင်ပါတယ်။ ရေ သို့မဟုတ် ရေခဲ အနည်းငယ်ဖြင့် အရသာခံ သောက်နိုင်သလို ကော့လ်တေးအဖြစ်လည်း သောက်နိုင်ပါတယ်။
အခုဖော်ပေးလိုက်တဲ့ ဝီစကီများအပြင် အခြားသော ကောင်းတဲ့ ဝီစကီများလည်းရှိတာကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။
Source : WHISKEY.MY
Featured Photo : The Awesomer
