ဂီတသမိုင်းကြောင်းတစ်လျောက်မှာ ခေတ်အဆက်ဆက် ရေပန်းစား လူကြိုက်များခဲ့တဲ့ Music Videos တွေ မရေမတွက်နိုင်လောက်အောင် အများကြီး ရှိပါတယ်။ တချို့ သီချင်း MV တွေဆိုရင် သူ့ခေတ်သူအခါအရ အအောင်မြင်ဆုံး ဖြစ်ခဲ့သလို နှစ်ကာလများစွာ ကြာမြင့်လာသည်အထိ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ ခေတ်စားနေဆဲ ၊ ပရိသတ်တွေ ရှာဖွေနားထောင်နေကြဆဲ ဖြစ်ပါတယ်။ ဒီလို ဂီတသမိုင်းမှာအောင်မြင်တဲ့ သီချင်း MV တွေ များစွာရှိတဲ့အထဲကမှ ဒီနေ့တိုင် ထာဝရ အကောင်းဆုံး လို့ သတ်မှတ်ခြင်း ခံထားရတဲ့ Music Videos ၅ ပုဒ်အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) “Thriller” – Michael Jackson

Source : Michael Jackson

Thriller သီချင်းက ပရိသတ်တွေရဲ့ ငယ်ဘဝအမှတ်တရတွေဆီ ပြန်ခေါ်သွားမယ့် သီချင်းတစ်ပုဒ်လို့ ပြောရင် မမှားပါဘူး။ ဒီ Music Videos ရဲ့ ကြာချိန်က ၁၃ မိနစ် ၄၃ စက္ကန့်ရှိပြီး Michael Jackson ရဲ့ အအောင်မြင်ဆုံး စတူဒီယိုအယ်လ်ဘမ် Thriller မှာ ပါဝင်လာတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။  US Billboard Chart မှာလည်း ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ ၁၉၈၄ ခုနှစ် ဧပြီလ ၄ ရက်နေ့အထိ ၃၇ ပတ်ကြာ နံပါတ် ၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ Michael Jackson ရဲ့  Thriller အယ်လ်ဘမ်ဟာ ဂီတ သမိုင်းတစ်လျှောက်မှာ အရောင်းရဆုံး အယ်လ်ဘမ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး Thriller သီချင်းကလည်း ယနေ့တိုင် လူကြိုက်များနေဆဲ ထာဝရ အကောင်းဆုံး Music Videos တစ်ပုဒ်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

(၂) “Karma Police” – Radiohead

Source : Radiohead

၁၉၉၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ Karma Police သီချင်းက Radiohead ရော့ခ်ဂီတအဖွဲ့ရဲ့ OK Computer လို့အမည်ရတဲ့ စတူဒီယို အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းက ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေရသူတွေအတွက် ရည်ရွယ်စပ်ဆိုထားတာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ခေါင်းမာတဲ့သူဌေးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပုံကို သရုပ်ဖော်ထားပါတယ်။ Karma Police MV ကို အင်္ဂလန်နိုင်ငံ ၊ Cambridgeshire မှာရှိတဲ့ ဆိတ်ညံခြောက်ကပ်နေတဲ့ လမ်းမကြီးပေါ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဗီဒီယို ထွက်လာပြီး နှစ်အတော်ကြာသည်အထိ ခေတ်မီနေတုန်းပဲလို့ ခံစားစေရတဲ့ Music Videos တစ်ခု ဖြစ်ပါတယ်။

(၃) “November Rain” – Guns N’ Roses

Source : November Rain

November Rain သီချင်းက အမေရိကန် Hard Rock ဂီတအဖွဲ့ Guns N’ Roses ရဲ့ အကျော်ကြားဆုံး တေးသီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိလာခဲ့ပြီး YouTube ပလပ်ဖောင်းပေါ်မှာ ကြည့်ရှု့သူ ဘီလီယံနဲ့ချီ ပြီး View ရရှိထားတဲ့ Music Videos တစ်ပုဒ် ဖြစ်ပါတယ်။ ၉ မိနစ်ကျော်ကြာ ရှည်တဲ့ ဒီသီချင်းက ပေါ်တူဂီ Singles Chart မှာ နံပါတ် ၂ နေရာ ၊ ယူကေ Singles Chart မှာ နံပါတ် ၄ နေရာတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ သီချင်းကောင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၄) “Like a Prayer” – Madonna

Source : Madonna

ဒီသီချင်းက ၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Madonna ရဲ့ Like a Prayer စတူဒီယို အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ သီချင်း စာသားကို Madonna ကိုယ်တိုင်ရေးစပ်ခဲ့တာ ဖြစ်ပြီး ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ပုံဖော် ဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။ “Like a Prayer” Music Videos ကို ကယ်လီဖိုးနီးယားပြည်နယ် ၊ ဟောလိဝုဒ် မှာရှိတဲ့ Raleigh Studios မှာ ရိုက်ကူးခဲ့ပြီး အချိန် ၄ ရက်ကျော်ကြာ ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးက နားထောင်သူတိုင်းကို တွေးစရာတစ်ခုခု ပေးစွမ်းမှာဖြစ်ပြီး ဒီနေ့အထိ လူကြိုက်များ ရေပန်းစားတဲ့ Music Videosတွေထဲက တစ်ပုဒ်အဖြစ် ပါဝင်နေပါတယ်။

(၅) “Smells Like Teen Spirit” – Nirvana

Source : Nirvana

ဒီသီချင်းက အမေရိကန်ရော့ခ်ဂီတအဖွဲ့ Nirvana ရဲ့ အအောင်မြင်ဆုံး တေးသီချင်းတစ်ပုဒ်ဖြစ်ပြီး ၁၉၉၁ ခုနှစ်ကထွက်ခဲ့တဲ့ “Never Mind” အယ်လ်ဘမ်မှာ ပါဝင်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ YouTube ပေါ်မှာ ကြည့်ရှု့သူ ၁ ဘီလီယံကျော်ရရှိခဲ့သလို MTV Video Music Awards ဆု ၂ ဆုလည်း ရခဲ့တဲ့ အပြင် သီချင်းဝေဖန်သူတွေရဲ့ မှတ်ချက်ကောင်းတွေကိုလည်း ရခဲ့တဲ့ Nirvana ရဲ့ လူကြိုက်များ ရေပန်းအစားဆုံး သီချင်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

Featured Photo : Siachen Studios