ကွန်ပျူတာနဲ့ ဂိမ်းကစားတော့မယ်ဆိုရင် အသံထွက်ကောင်းကောင်း PC Headset တစ်ခု ရှိဖို့ လိုပါပြီ။ Gaming Industry ပိုပြီး ကြီးမားလာတာနဲ့အမျှ Gaming Accessory ဈေးတွေနဲ့ ထုတ်ကုန်အရည်အသွေးတွေကလည်း အတော်ကြီးကို အဆင့်မြင့်လာပြီ ဖြစ်ပါတယ်။ ဒီလို အသစ်ထွက်လာတဲ့ Gaming ထုတ်ကုန်တွေထဲကမှ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး Gaming Headset တွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Razer Black Shark V2

Razer_BlackShark_V2_Pro

Photo : hardwarezone

ကြိုးပါ Wired Gaming Headset ထဲမှာ အကောင်းဆုံးထုတ်ကုန်တစ်ခုက Razer Black Shark V2 ဖြစ်ပြီး 50mm ၊ Razer TriForce ၊ Titanium Drivers တွေနဲ့ မောင်းနှင်ပါတယ်။ ချိတ်ဆက်မှု Connectivity အနေနဲ့ 3.5mm နားကြပ်ပေါက် နဲ့ USB Soundcard တို့ ပါဝင်ပါတယ်။ ကြိမ်နှုန်းကို တုံ့ပြန်တဲ့ Frequency Response Rateကတော့ 12Hz ကနေ 28000Hz အထိ ရှိပါတယ်။ စတိုင်ကျပြီး သက်တောင့်သက်သာရှိသလို အသံထွက်ကောင်းပြီး ဈေးနှုန်းလည်း ဒေါ်လာ ၁၀၀ အောက်ပဲ ရှိပါတယ်။

(၂) HyperX Cloud Alpha Wireless

hyperx-cloud-alpha-wireless

Photo : digitaltrends

Wireless Gaming Headset တွေထဲမှာ အကောင်းဆုံးအဖြစ် ညွှန်းထားတဲ့ ထုတ်ကုန်တစ်ခုက HyperX Cloud Alpha Wireless Headset ပါ။ ကြိုးမဲ့အားသွင်းစနစ် ပါလို့ Wireless Style ကြိုက်သူတွေအတွက် ထိပ်တန်းရွေးချယ်စရာ ဖြစ်ပါတယ်။ 2.4GHz Wireless Dongle ချိတ်ဆက်မှု ပါပြီး Frequency Response Rate 15Hz-21000Hz ရှိပါတယ်။ ကြိုးမဲ့နားကြပ်ဖြစ်ပေမယ့် ဘက်ထရီသက်တမ်းကောင်းပြီး သီချင်းနားထောင်လို့ ကောင်းပါတယ်။ တပ်ဆင်ရ သက်တောင့်သက်သာရှိပြီး Gaming Audio အသံထွက်လည်း တိကျကောင်းမွန်မှုရှိပါတယ်။

(၃) Razer Kraken X

Razer Kraken X

Photo : Razer

Razer Kraken X နားကြပ်က Wired Type အမျိုးအစား ဖြစ်ပြီး Wireless တော့ မရပါဘူး။ ဈေးသက်သာလို့ နာမည်ကြီးပါတယ်။ 3.5mm Headphone Jack ချိတ်ဆက်မှု ပါပြီး Frequency Response Rate 12Hz-8000Hz အကြား ရှိပါတယ်။ ဈေးနှုန်း ဒေါ်လာ ၄၀ အောက်ပဲ ရှိပြီး လယ်သာပတ် Head Cushion ကြောင့် သက်တောင့်သက်သာရှိပြီး Lightweight ဗားရှင်း ထွက်ပါတယ်။

Featured Photo : Razer