Programs အကြီးကြီးတွေ လုပ်ချင်တယ် ဒါမှမဟုတ် Tasks တွေ အများကြီးကို တစ်ပြိုင်နက်တည်း Run မယ် ၊ Graphics အမြင့်လိုင်း ဂိမ်း အမိုက်စားတွေကို ချောချောမွေ့မွေ့ ဆော့ချင်တယ် ဆိုရင်တော့ Powerful ဖြစ်တဲ့ လက်ပ်တော့ ကောင်းကောင်းတစ်လုံးကတော့ သေချာပေါက် လိုမှာပါ။ ဒီအတွက် ရွေးချယ်စရာကတော့ 32GB RAM ပါတဲ့ လက်ပ်တော့တွေက အကောင်းဆုံးပါပဲ။ 32GB RAM လက်ပ်တော့တွေဟာ လျင်မြန်ချောမွေ့မှု အပြည့်နဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းတဲ့အတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေရော ဂိမ်းအမြင့်တွေပါ အေးဆေးဆော့နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ 32GB RAM လက်ပ်တော့တွေထဲက ရွေးချယ်စရာ အမျိုးအစား အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ASUS Zenbook Duo OLED

ASUS Zenbook Duo OLED

Photo : ASUS Pressroom

မျက်နှာပြင် ၂ ခုနဲ့ အထာကျကျ သုံးချင်သူတွေကတော့ ASUS Zenbook Duo OLED လက်ပ်တော့ ကို ရွေးချယ်သင့်ပါတယ်။ အဓိကအားဖြင့်တော့ Designers တွေ ၊ Video Editors တွေအတွက် ပိုပြီး သင့်လျော်တဲ့ လက်ပ်တော့တစ်လုံး ဖြစ်ပြီး Powerful ဖြစ်တဲ့ Intel Core Ultra 7 155H Processor ၊ 32GB RAM နဲ့ Storage 1TB SSD ပါဝင်တာကြောင့် လျင်မြန်ချောမွေ့မှုပိုင်းကတော့ ပြောစရာမလိုအောင် မိမိုက်နေမယ့် လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။

(၂) Dell XPS 14

Dell XPS 14

Photo : PR Newswire

အလုပ်အတွက် High-End လက်ပ်တော့ တစ်လုံး ရှာနေတယ်ဆိုရင် Dell XPS 14 က စဉ်းစားစရာပါ။ အဓိကအားဖြင့် Video Editing ပိုင်းနဲ့ 3D Modeling တို့လို Heavy ဖြစ်တဲ့ Tasks တွေအတွက် အထူးသင့်လျော်ပြီး Processor ကတော့ Intel Core i7 သုံးထားကာ 32GB RAM နဲ့ Storage 1TB SSD ပါဝင်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ ၁၄.၅ လက်မ အလန်းစား မျက်နှာပြင်နဲ့ OS ကတော့ Windows 11 Pro Run ပေးထားပါတယ်။

(၃) HP Spectre x360 16

HP Spectre x360 16

Photo : Notebookcheck

HP Spectre x360 16 ကတော့ လက်ပ်တော့ လိုရော တက်ဘလက် တစ်လုံးလိုပါ ၂ မျိုး အသုံးပြုနိုင်တဲ့ လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။ ၁၆ လက်မ Touchscreen ပါဝင်ပြီး Touch ပိုင်းကတော့ လုံးဝချောမွေ့နေတဲ့ ခံစားချက်ကို ပေးပါလိမ့်မယ်။ Intel Core i7-1360P Processor ၊ 32GB RAM ၊ Windows 11 Home OS နဲ့ Storage 1TB SSD ပါဝင်ပြီး လုပ်ငန်းသုံး ၊ ကျောင်းသုံးနဲ့ Content Creators တွေအတွက်ပါ အထူးသင့်လျော်ပါတယ်။

(၄) Lenovo IdeaPad Pro 5

Lenovo IdeaPad Pro 5

Photo : ThinkPro

ဈေးအသင့်အတင့်နဲ့ စွမ်းဆောင်ရည် မြင့်တဲ့ 32GB RAM လက်ပ်တော့ဆိုရင်တော့ Lenovo IdeaPad Pro 5 ကို ရွေးချယ်လို့ ရပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ၊ ဂိမ်းတွေနဲ့ Content ဖန်တီးမှုတွေအတွက် သုံးလို့အဆင်ပြေတဲ့ လက်ပ်တော့တစ်လုံးဖြစ်ပြီး တောက်ပတဲ့ ၁၆ လက်မ High-Quality မျက်နှာပြင် AMD Ryzen 7 7840HS Processor နဲ့ Storage 1TB SSD ပါဝင်ပါတယ်။ OS ကတော့ Windows 11 ကို အသုံးပြုပေးထားပြီး Professionals တွေနဲ့ Casual Gamers တွေအတွက် သင့်လျော်တဲ့ လက်ပ်တော့တစ်လုံး ဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : ASUS