ကိုယ်နဲ့ မတော်တဲ့ ဖိနပ်တစ်ရံကို ဆက်စီးနေရင် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရသလိုပါပဲ။ ကိုယ့်အတွက် မဟုတ်တဲ့သူ ၊ ကိုယ်နဲ့မကိုက်တဲ့ လက်တစ်စုံကို ဖမ်းဆုပ်ထားမိတဲ့ အခါမှာလည်း အကြိမ်ကြိမ် အသည်းကွဲရ တက်ပါတယ်။ ဒါကြောင့် ချစ်တော့ချစ်ပါ။ ကိုယ်ချစ်တဲ့သူက ကိုယ့်အတွက် မှန်ကန်တဲ့ လူတစ်ယောက် ဟုတ်မဟုတ် ၊ စစ်မှန်တဲ့ လူဟုတ်မဟုတ် ဆိုတာကိုလည်း သေချာလေး သုံးသပ်ဖို့ လိုပါမယ်။ အကယ်၍ ကွီးတို့ ချစ်မိတဲ့သူက ကွီးတို့အတွက် စစ်မှန်တဲ့လူတစ်ယောက် ဟုတ်မနေဘူး ၊ ကွီးတို့ လူရွေးမှားနေတယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်တွေ ကြုံရနိုင်ပါတယ်။

(၁) ကိုယ့်ပုံစံအမှန်အတိုင်း ရှင်သန်ခွင့်မရဘူး

Toxic Relationship

Photo : Brides

လူတစ်ယောက်ရှေ့မှာ ကိုယ့်ရဲ့ ပုံစံအမှန်အတိုင်း ချပြနေထိုင်ခွင့်ရတာက ကံကောင်းခြင်းတစ်မျိုးပါ။ ဒီလိုမှမဟုတ်ပဲ သူတို့အကြိုက်လိုက်ပြီး ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ နေရတယ် ၊ ကိုယ့်ပုံစံအမှန်ကို ချပြရင် စိတ်ပျက်သွားမလား စိုးရိမ်နေရတယ်ဆိုရင်တော့ ကွီးတို့ ချစ်မိတဲ့သူက Wrong Person ဖြစ်နေတယ်ဆိုတာ သေချာသလောက်ပါပဲ။

(၂) စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမပေးဘူး

Toxic Relationship

Photo : Crosswalk.com

လူတစ်ယောက်ကို ချစ်တယ်ဆိုတာဟာ ပါးစပ်ထုတ်ပြောနေရုံနဲ့ မပြီးပါဘူး။ အမှန်တကယ် လေးလေးနက်နက်နဲ့ နှစ်နှစ်ကာကာ ချစ်မိပြီဆိုရင် ကိုယ်ချစ်တဲ့သူကို ဘယ်လိုစိတ်အေးချမ်းအောင် ၊ စိတ်လုံခြုံမှုရှိအောင် ထားရမလဲဆိုတာ လူတိုင်းသိပါတယ်။ ကွီးတို့အတွက် စိတ်လုံခြုံမှုမပေး ၊ စိတ်ကင်ဆာရစေမယ့် လုပ်ရပ်တွေကိုပဲ အကြိမ်ကြိမ် ကျူးလွန်နေတယ်ဆိုရင် ကွီးတို့ Toxic Relationship တစ်ခုမှာ ပိတ်မိနေတာပဲ ဖြစ်ပါတယ်။

(၃) ကွီးတို့အကြောင်း ရေရေလည်လည် မသိဘူး/ သိဖို့လည်း မကြိုးစားဘူး

Toxic Relationship

Photo : WeddingWire

တွဲတာ အချိန်တွေ ဘယ်လောက်ပဲကြာကြာ ၊ ကိုယ့်ပါတနာက ကိုယ်ရဲ့အကြောင်းကို မသိသေးဘူးလို့ ခံစားရတဲ့ အခိုက်အတန့်တွေ ကြုံဖူးကြမယ် ထင်ပါတယ်။ တကယ်တော့ ဒါဟာ လူတစ်ယောက်အပေါ် စိတ်ဝင်စားမှု ၊ စိတ်အားထက်သန်မှု ဘယ်လောက်ရှိလဲဆိုတဲ့ အချက်ပေါ်မူတည်နေတာပါ။ လူနှစ်ယောက် ပတ်သတ်ဆက်နွယ်ကြပြီဆိုရင် အစပိုင်းမှာ တစ်ယောက်ကိုတစ်ယောက် သေချာမသိသေးတဲ့ ကာလတစ်ခု ရှိပါတယ်။ သို့သော် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ချစ်သူရဲ့ စိတ်နေစိတ်ထား ၊ အကြိုက်နဲ့ ပင်ကိုယ်စရိုက်တွေကို တစထက်တစ သိလာကြတာပါပဲ။ ဒီလိုမှ မဟုတ်ပဲ ကွီးတို့အကြောင်းလည်း ဘာမှမသိ ၊ သိဖို့လည်း မကြိုးစားတဲ့သူဟာ ကွီးတို့အတွက် Right Person တစ်ယောက် လုံးဝမဖြစ်နိုင်ပါဘူး။

(၄) အပြန်အလှန် လေးစားမှု မရှိဘူး

Toxic Relationship

Photo : The Gottman Institute

ချစ်သူနှစ်ဦးကြားမှာ ချစ်တာ ၊ မေတ္တာ ၊ သစ္စာတွေ ရှိနေရင် လုံလောက်ပြီလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ခိုင်မာမြဲမြံတဲ့ Relationship မှာ ချစ်ခြင်းမေတ္တာ ၊ နားလည်မှု ၊ သစ္စာစောင့်သိမှုတွေအပြင် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် လေးစားမှုကိုလည်း တည်ဆောက်ထားကြရတာပါ။ အပြန်အလှန် လေးစားမှု မရှိရင် အဲ့ဒီဆက်ဆံရေးဟာ ရေရှည်တည်တံ့နိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ဘယ်လောက်ချစ်ရတဲ့သူ ဖြစ်ပါစေ ကိုယ့်အပေါ် လေးစားမှုလေးမှမရှိပဲ ဆက်ဆံချင်သလို ဆက်ဆံပြောဆိုနေမယ်ဆိုရင် ကွီးတို့ပဲ ကြာလေပင်ပန်းလေ ဖြစ်လာမှာပါ။

Source : Mensxp

Featured Photo : Simi Psychological Group