အခန်းများကို ဟောခန်းပုံစံထားတာထက် သူ့အခန်းနဲ့သူ အခန်းဖွဲ့ထားတာက ပိုပြီး စည်းစနစ်ကျပြီး အိမ်ရဲ့ ဖွဲ့စည်းပုံကို ပိုမိုကြည့်ကောင်းစေပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့အိမ်ကို အမိုက်စား အိုင်ဒီယာများနဲ့ အခန်းဖွဲ့ ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် DIY နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

အခန်းနံရံရဲ့ အရောင်နဲ့ လိုက်ဖက်တဲ့ လိုက်ကာ အသုံးပြုပါ

room decoration

ဒီပုံထဲမှာဆိုရင် အခန်းအရောင်က နို့သစ်ခွရောင်လေး သုတ်ထားတာကို တွေ့မြင်ရမှာပါ။ ထိုအခန်းနံရံရဲ့ အရောင်နဲ့ ကာလာ Tone ချင်းတူတဲ့ လိုက်ကာမျိုးကို ရွေးချယ်လိုက်ပါ။ လိုက်ကာချိတ်ဆွဲဖို့ မျက်နှာကျက်နဲ့ နံရံတွေပေါ်မှာ သံ မရိုက်ချင်ဘူးဆိုရင်တော့ တိုင်အရှင်မျိုးကို ရွေးချယ်နိုင်ပါတယ်။ ပုံထဲကအတိုင်း ဘီးလုံးပါတဲ့ လိုက်ကာတပ် သံ (သို့) ပိုက် Frame များကို ရွေးချယ်နိုင်ပါတယ်။

Slide တံခါး အသုံးပြုပါ

room decoration

ဒီအိုင်ဒီယာလေးကတော့ မျက်နှာကျက်ကနေ ကြမ်းပြင်အထိ တပ်ဆင်ထားနိုင်တဲ့ Slide တံခါး အသုံးပြုခြင်းပဲဖြစ်ပါတယ်။ Slide တံခါးများသည် ရိုးရိုးတံခါးများထက် အခန်းနေရာစား သက်သာပါတယ်။ တံခါးအရောင်ကိုလည်း အိမ်ရဲ့ အခြားအရောင်များနဲ့ မတူညီကာ ကွဲထွက်နေတဲ့ အရောင်များ မဟုတ်ဘဲ အခန်းနံရံ အရောင်နဲ့ လိုက်ဖက်တဲ့ အရောင်များကို ရွေးချယ်သင့်ပါတယ်။

သစ်သားများနဲ့ အလှဆင်ကာ အခန်းဖွဲ့လိုက်ပါ

room decoration

အရင်ဦးဆုံး မိမိအခန်းဖွဲ့ချင်တဲ့ နေရာနားမှာ တိုင် နှစ်တိုင် ထားလိုက်ပါ။ ထို့နောက် သစ်သားပြားများကို တိုင်ပေါ်မှာ တင်မရိုက်ခင် သစ်သားချောင်းများကို တစ်ခုချင်းစီ အစီအရီရိုက်ပါ။ ဒါမှ သစ်သားများက ညီညီညာညာဖြစ်နေမှာ ဖြစ်ပါတယ်။ အားလုံးရိုက်ပြီးသွားပြီဆိုမှ သစ်သားပြားတစ်ခုလုံးကို တိုင်ပေါ်မှာ တင်ရိုက်ရမှာ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အရောင်လှလှလေး လိုချင်တယ်ဆိုရင်တော့ သစ်သားများကို မိမိကြိုက်နှစ်သက်ရာအရောင် ခြယ်ထားလို့ ရပါတယ်။

မီးလုံးများဖြင့် အခန်းဖွဲ့ ထားတဲ့ DIY နည်းလမ်း

အခန်းဖွဲ့ DIY

အရင်ဦးဆုံး သစ်သားပြားများကို ထောင့်မှန်းစတုဂံပုံစံ ရိုက်ထားပြီးနောက် တစ်ခုနဲ့ တစ်ခု ခေါက်ချလို့ရအောင် ပတ္တာလေး တပ်ပေးလိုက်ပါ။ ထို့နောက် ထောင့်မှန်စတုဂံအတွင်းထဲမှာ တုတ်ချောင်းလေးများထည့်ပြီးနောက် မီးလုံးလေးများတပ်ဆင်ကာ အလှဆင်ပေးလိုက်ပါ။

ကြိုးများဖြင့် အလှဆင်ပါ

အခန်းဖွဲ့ DIY

ခိုင်ခံ့အောင် ကျစ်ထားတဲ့ ကြိုးများကို မျက်နှာကျက်ကနေ ကြမ်းပြင်အထိ အလျားလိုက် အစီအရီ ချိတ်ဆွဲထားကာ အလှဆင်ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ အခန်းဖွဲ့ထားတဲ့နေရာရော အပြင်ကနေရာပါ တူညီတဲ့ အလင်းရရှိအောင် ကူညီပေးပါတယ်။

စာအုပ်စင်ဖြင့် အခန်းဖွဲ့ ထားတဲ့ DIY နည်းလမ်း

အခန်းဖွဲ့ DIY

ဒီနည်းလမ်းကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်နည်းလမ်းပါပဲ။ စာအုပ်စင်ထားဖို့လည်း နေရာရသလို စာအုပ်စင်နဲ့ပဲ တစ်ခါတည်း အခန်းဖွဲ့ပြီးသားဖြစ်သွားပါတယ်။ တစ်ခုရှိတာကတော့ စာအုပ်စင်ကို ခိုင်ခံ့အောင် တပ်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အိုင်ဒီယာများက မိမိအိမ်ကို လှလှပပနဲ့ စနစ်တကျ အခန်းဖွဲ့ထားချင်တဲ့ ကွီးတို့အတွက် အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Countryliving

Featured Image: Spruce