အချစ်နဲ့လောင်းကစား မှာ အမြဲကံခေနေတက်တဲ့ ကွီးတွေ ရှိပါသလား? သိသိရက်နဲ့ ဖြတ်ဖို့ခက်တာနဲ့လည်း ဒီနှစ်ခုပဲမဟုတ်လား။ ဒါပေမယ့် မချစ်ပဲမနေနိုင်တာ ပြဿနာအဲ့လောက်မဆိုးပေမယ့် လောင်းကစားမှာတော့ သိသိကြီးနဲ့ ဆက်ကစားနေရင် ကွီးတို့ဘဝ လုံးပါး,ပါး ပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လောင်းကစားမလုပ်ပဲလည်း မနေနိုင်တဲ့ ကွီးတို့အတွက် ဂိမ်းပေါင်း ၅၀၀ လို ငွေကုန်ရတဲ့ လောင်းကစားဂိမ်းတွေ ဆော့မယ့်အစား ငွေမကုန်ပဲ ပျော်ရမယ့် အမိုက်စား ကာစီနိုဂိမ်းလေးတွေကို မျှဝေပေးပါမယ်။

(၁) 25-in-1 Casino

Photo : Androidauthority

25-in-1 Casino ဂိမ်းက မတူညီတဲ့ ဂိမ်းတွေအများကြီးပါဝင်တဲ့ ကာစီနိုဂိမ်း တစ်ခုပါ။ Blackjack ၊ Jacks ၊ Poker ၊ Roulette ၊ Keno ၊ Baccarat အပါအဝင် တခြား ကာစီနိုဂိမ်းများစွာ ပါဝင်ပါတယ်။ တစ်နေရာတည်းမှာပဲ ကိုယ်နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်ဆော့ကစားနိုင်မယ့်အပြင် Free to play လည်းဆော့ကစားလို့ ရပါတယ်။

(၂) Big Fish Games

 

Source : Big Fish Games

Big Fish Games ဟာလည်း ကာစီနိုဂိမ်းချစ်သူတွေကြားမှာ နာမည်ကြီးပါတယ်။ ဒီဂိမ်းမှာ Texas Hold’em ၊ Blackjack ၊ Roulette တို့လို လူကြိုက်များတဲ့ Slot ဂိမ်းများစွာ ပါဝင်ပါတယ်။ မကြာခဏဆိုသလို တိုကင်တွေ ဝယ်ခိုင်းတာမျိုးတော့ ရှိပါတယ်။ သို့သော်လည်း Free to Play ကစားလို့ ရနိုင်ပြီးတော့ ကောင်းမွန်တဲ့ ဂိမ်း အတွေ့အကြုံကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။

(၃) Blackjack by Tripledot Studios

Source : Tripledot Studios

Google Play မှာ Blackjack ဂိမ်းများစွာရှိတဲ့အထဲမှ အကောင်းဆုံးတစ်ခုကို ညွှန်းပါဆိုရင် Blackjack by Tripledot Studios ကို ညွှန်းချင်ပါတယ်။ ဒီဂိမ်းက ကစားရတာ ရိုးရှင်းပြီး ထူးခြားတဲ့ ဂိမ်းတစ်ခုပါ။ ကြော်ငြာတက်တဲ့ ပြဿနာလေးတော့ အနည်းငယ်ရှိပေမယ့် Free to Play ကစားလို့ရတဲ့ အားသာချက်လေးလည်း ရှိနေပြန်ပါတယ်။

(၄) Full House Casino

 

Source : Full House Casino 富豪娛樂城

Full House Casino ဟာလည်း ကာစီနိုဂိမ်းတွေထဲမှာ ရေပန်းစားတဲ့ All-in-one ဂိမ်းတစ်ခုပါ။ အများစုမှာ Slot တွေဖြစ်ပြီး Blackjack ၊ Roulette ၊ Texas Poker ၊ Baccarat ၊ Casino Bingo နဲ့ အခြားဆော့လို့ကောင်းတဲ့ ဂိမ်းအမျိုးအစားတွေလည်း ပါဝင်ပါတယ်။ တစ်နေ့တာအတွင်းမှာ မတူညီတဲ့ ဘောနပ်စ်တွေလည်း ရရှိမှာဖြစ်ပြီး Free to Play ဆော့ကစားနိုင်တဲ့အတွက် စမ်းကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။

ကဲဒါဆို မချစ်ပဲမနေနိုင်သလို လောင်းကစားမလုပ်ပဲလည်း မနေနိုင်တဲ့ ဘော်ဒါကြီးတွေကို မန်ရှင်းခေါ်လိုက်ပါဦး။

Featured Photo : DEMETER ICT