အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို အချစ်နဲ့ ခရီးနှင် ဖို့ စဉ်းစားနေတဲ့ ကွီးတို့ ရှိပါသလား။ ခရီးသွားခြင်းက ကွီးတို့ကို ပျော်ရွှင်စိတ်လှုပ်ရှားစေတယ်ဆိုရင် ချစ်ရသူလေးနဲ့ ခရီးသွားခြင်းကတော့ ကြည်နူးရင်ခုန်ခြင်းတွေပါ ထပ်လောင်းပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်ရသူလေးနဲ့ ခရီးသွားဖို့ အလှပဆုံးနေရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပုဂံ

အချစ်နဲ့ ခရီးနှင်

Photo : Wandering Stus

ကမ္ဘာကြီးရဲ့ အလှပဆုံးနေရာတွေကို ပြောပါဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာတစ်ခု ဖြစ်တဲ့ ပုဂံကိုလည်း ချန်ထားလို့မရပါဘူး။ ရှေးဟောင်းမြို့တော်တစ်ခု ဖြစ်တဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ အလေးအမြတ်ထားရာ နေရာတစ်ခု ဖြစ်သည်သာမက စေတီပုထိုးများစွာနဲ့ ပုဂံမြို့ဟာ နိုင်ငံတွင်းသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရှေးဟောင်းစေတီပုထိုးများရဲ့ အံ့မခန်းဖွယ် ဗိသုကာလက်ရာများနဲ့ ပုဂံမြို့ရဲ့ ရှုမျှော်ခင်းတွေက တစ်သတ်တာ မမေ့နိုင်စရာပါပဲ။ ပုဂံရဲ့ အလှပဆုံးသော နေထွက်ချိန်၊ နေဝင်ချိန်တွေကို ချစ်ရသူလေးနဲ့ အတူတူ ကြည့်ရှုဖြစ်မယ်ဆိုရင်တော့ တစ်သတ်တာ မမေ့နိုင်စရာ အမှတ်တရ အခိုက်အတန့်လေးကို ပိုင်ဆိုင်စေမှာ အမှန်ပါပဲ။

Hạ Long Bay

အချစ်နဲ့ ခရီးနှင်

Photo : iStock

အချစ်နဲ့ ခရီးနှင် မယ့် ဘော်ဒါတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ နေရာတစ်ခုကတော့ ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Hạ Long ပင်လယ်အော်ပဲ ဖြစ်ပါတယ်။ ၎င်းရဲ့ မြစိမ်းရောင်ရေပြင်နှင့် မိုးသစ်တောများပေါ်ရှိ ထောင်နှင့်ချီသော ထုံးကျောက်တောင်များနဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းများကြောင့် လူသိများပါတယ်။ ဒီနေရာမှာ ချစ်ရသူလေးနဲ့ လှေစီးရင်း သဘာဝအလှအပတွေကို ခံစားနိုင်ပါတယ်။

Lake Atitlán

အချစ်နဲ့ ခရီးနှင်

Photo : Adventure Together

Atitlán ရေကန်ကတော့ ဂွါတီမာလာနိုင်ငံရဲ့ အနောက်တောင်ဘက် ကုန်းမြင့်တွင်တည်ရှိပြီး စိမ်းစိုသော တောင်ကုန်းများဖြင့် ဝန်းရံထားပြီး မာယာရွာများ၊ မီးတောင်ချွန်ချွန်များနဲ့ လှပပြည့်စုံနေသော မြင်ကွင်းကြောင့် ခရီးသွားများကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုပါပဲ။ ချစ်ရသူလေးနဲ့အတူ ရေကန်ဘောင်ပေါ်ထိုင်ပြီး နေထွက်တာကို ရှုစားရတာဟာ ကွီးတို့ဘဝအတွက် အလှပဆုံးသော မနက်ခင်းထဲက တစ်ခု ဖြစ်လာစေမှာပါ။

ဗင်းနစ်

Photo : Voyage

ကွီးတို့ရဲ့ ချစ်ရသူလေးနဲ့ ခရီးသွားဖို့ အကောင်းဆုံးနေရာတစ်ခုကတော့ ရိုမန်တစ်ဆန်ဆန် လှပတဲ့ အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့လေးပါပဲ။ အီတလီနိုင်ငံ မြောက်ပိုင်း Veneto ဒေသရဲ့ မြို့တော်ဖြစ်ပြီး ၎င်းမှာ လမ်းများမရှိဘဲ တူးမြောင်းများသာ ရှိတဲ့ ရေပေါ်မြို့လေး ဖြစ်ပါတယ်။ ဗင်းနစ်ရှိ အဓိက တူးမြောင်းက စိန့်မာ့ရင်ပြင်ကို ဖြတ်စီးဆင်းပြီး နှစ်မိုင်ရှည်လျားသော ဂရင်းတူးမြောင်းဖြစ်ပြီး ဗင်းနစ်ရဲ့ သမိုင်းဝင်ဗိသုကာလက်ရာအချို့ကို စီတန်းထားကာ အလယ်ခေတ်မှ ခန့်ညားထည်ဝါမှုများကို ကြည့်ရှုခံစားနိုင်ပါတယ်။ ချစ်သူစုံတွဲတို့အတွက် အမှတ်တရ ခြေရာလေးများ ချထားခဲ့ဖို့ အကောင်းဆုံးဖြစ်တဲ့ စိတ်ကူးယဉ်ယဉ်ဆန်ဆန် မြို့လေးတစ်မြို့ပါပဲ။

ကမ္ဘောဒီးယား

Photo : Wandering Stus

ကွီးတို့ရေ ချစ်သူလေးနဲ့အတူ သဘာဝအလှပအပတွေ ယဉ်ကျေးမှုတွေကို လေ့လာချင်ရင်တော့ ကမ္ဘောဒီးယားနိုင်ငံကိုပါ ကွီးတို့ခ ခရီးသွား စာရင်းထဲထည့်လိုက်ပါ။ ကွီးတို့အတွက် ပထမဆုံး လည်ပတ်သင့်တာကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်ကာဝမ် ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်းဖြစ်ပြီး နိုင်ငံခြားသားတွေလည်း အများအပြားလာရောက်ကြပါတယ်။ ထို့နောက် အန်ကာဝပ်အဝင် မြို့ဖြစ်တဲ့ Siem Reap မြို့မှာလည်ပတ်ရင်း အရသာရှိတဲ့ ဒေသစာတွေကို ချစ်ရသူလေးနဲ့အတူတူ မြည်းစမ်းကြည့်လိုက်ပါ။

The Seychelles

Photo : Planet Ware

The Seychelles ကတော့ အရှေ့အာဖရိက အနီး၊ အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ ကျွန်းပေါင်း ၁၁၅ ကျွန်း ရှိသော ကျွန်းစု နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီနေရာရဲ့ ကြီးကျယ်ခမ်းနားသော ရှုခင်းများ၊ လှပသော ကမ်းခြေများ၊ သန္တာကျောက်တန်းများနှင့် သဘာဝဘေးမဲ့တောများက ခရီးသွားတို့ကို ဆွဲဆောင်နေပါတယ်။ အချစ်နဲ့ ခရီးနှင် မယ့် ဘော်ဒါတို့အတွက်လည်း အပန်းဖြေရင်း အမှတ်တရတွေ ဖန်တီးနိုင်ဖို့ နေရာကောင်း တစ်ခု ဖြစ်ပါတယ်။

Source : Travel + Leisure, Planet Ware

Featured Photo : Business Insider