လိင်မှုကိစ္စဆိုတာ လူနှစ်ယောက် အပေးအယူ မျှမျှတတနဲ့ နှစ်ပါးသွားရတဲ့ ကစားပွဲတစ်ခုပါပဲ။ နှစ်ဦးသား တက်ညီလက်ညီ လိုအင်ဆန္ဒတွေကို မျှဝေခံစားမှသာလျှင် သာယာပျော်ရွှင်ဖွယ် ရင်ခုန်စရာ အခိုက်အတန့်ကို ရနိုင်မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ အိပ်ရာထက်မှသာမက နှစ်ဦးသားရဲ့ ပြင်ပဆက်ဆံရေးမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် ဆောင်းပါးလေးမှာတော့ အတူနေချိန်မှာ စောင့်ထိန်းရမယ့် အချစ်ရဲ့ ကျင့်ဝတ်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ပါတနာရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာနိုင်ရမယ်

couple lying in bed

Photo : Freepik

လူနှစ်ယောက် ချစ်ရည်လူး တစ်တီတူးတယ်ဆိုတဲ့နေရာမှာ တစ်ဦးတစ်ယောက်တည်းရဲ့ ခံစားချက်ကိုပဲကြည့်ပြီး သွားလို့မရပါဘူး။ အိမ်ထောင်ရှင်ဇနီးမောင်နှံတွေ ဖြစ်နေဦးတော့ ကိုယ့်ပါတနာရဲ့တောင်းဆိုမှုကို အဆင်သင့်ဖြစ်မနေဘူးဆိုရင် ငြင်းပိုင်ခွင့်ရှိပါတယ်။ နှစ်ဦးသား အိပ်ရာထက် ရောက်နေချိန်မှာတောင် တစ်ယောက်က အကြောင်းအမျိုးမျိုးကြောင့် အတူနေဖို့ကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်တယ်ဆိုပါက ကျန်တစ်ဦးက ပါတနာရဲ့ ဆုံးဖြတ်ချက်ကို လက်ခံလိုက်နာ ပေးရမှာပါ။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှု ၊ နားလည်မှုတွေ ပေးနိုင်မှလည်း အိပ်ရာထက်မှာရော ပြင်ပဆက်ဆံရေးမှာပါ သာယာချောမွေ့ စေမှာ ဖြစ်ပါတယ်။

(၂) ပါတနာနဲ့ ပွင့်လင်းစွာ တိုင်ပင်ဖို့လိုတယ်

couple lying in bed

Photo : Freepik

တစ်ခါတစ်လေမှာ အသစ်အဆန်းဆိုတဲ့ အရာလေးတွေကို စမ်းသပ်ကြည့်ချင်ကြတာ လူ့သဘာဝပါပဲ။ လိင်မှုကိစ္စမှာလည်း ထို့နည်းတူပါပဲ ပုံမှန်သွားနေကျ ပုံစံနဲ့မတူတဲ့ အသစ်အဆန်းတစ်ခုခုကို စမ်းသပ်ကြည့်ဖို့ကို အခြေအနေ အချိန်အခါပေါ်မူတည်ပြီး လိုချင်ကြပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံး ဘယ်လိုဆန်းသစ်တဲ့ အတွေ့အကြုံအသစ်တွေပဲ ဖြစ်နေပါစေ ပါတနာနဲ့ အရင်ဆုံး ပွင့်လင်းစွာ တိုင်ပင်ဖို့ လိုပါတယ်။ နှစ်ဦးသား သဘောတူညီမှုရမှသာ ရှေ့ဆက်လုပ်ဆောင်ပါ။ နှစ်ယောက်လုံးအတွက် စိတ်ဝင်စားစရာဖြစ်ပြီး စိတ်ခံစားချက်တွေ သက်တောင့်သက်သာရှိနေမှသာ ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်ကို သာယာမှုအတွေ့အထိကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) လိုအင်ဆန္ဒတွေကို မျှဝေပါ

couple being romantic in bed

Photo : Freepik

ဒါကလည်း သိပ်ကိုအရေးကြီးတဲ့ အချစ်ရဲ့ ကျင့်ဝတ်တွေထဲက တစ်ခုပါပဲ။ အတူနေချိန်မှာ ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကိုပဲ ဦးစားပေး ရှေ့တန်းတင်နေလို့ မရပါဘူး။ ကိုယ်ကဘာလိုချင်လဲ ၊ ကိုယ့်ပါတနာက ဘာပေးနိုင်လဲ ၊ ကိုယ့်ပါတနာကရော ဘာလိုချင်လဲ ၊ ကိုယ့်အနေနဲ့ ဘာပေးနိုင်မလဲ စတာတွေကို သေချာဆန်းစစ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ မျှတဖို့ဆိုရင် ကိုယ့်ရဲ့လိုအင်တွေ ပြည့်ဝဖို့အတွက်သာမက ပါတနာရဲ့လိုအင်တွေကိုနားထောင်းပြီး ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။

ကွီးတို့ရော နှစ်ဦးသားရဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေဖို့ ဘယ်လို အချစ်ရဲ့ ကျင့်ဝတ်လေးတွေကို ချမှတ်လိုက်နာလေ့ရှိပါသလဲ???

Featured Photo : Freepik