မိုဘိုင်းလ်ဖုန်းများကို လူတိုင်း ကိုင်နိုင်လာသည်နှင့်အမျှ မိုဘိုင်းလ် ဂိမ်းများ ဆော့ကစားခြင်းသည်လည်း စိတ်အပန်းဖြေရာ ဖျော်ဖြေမှုတစ်ခု ဖြစ်လာခဲ့ပြန်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ မိုဘိုင်းလ် ဂိမ်းများကို ဆော့ကစားရတာသည်လည်း အချိန်ကုန်လို့ ကုန်သွားမှန်းမသိအောင် ဖြစ်စေပါတယ်။ ကွီးတို့ရော အချိန်ကုန် လို့ ကုန်သွားမှန်းမသိအောင် ဆွဲဆောင်နေတဲ့ အမိုက်စား မိုဘိုင်းလ် ဂိမ်း တွေက ဘယ်လိုဂိမ်းတွေမျိုးလဲ။

Temple Run (Series)

Temple Run ဂိမ်းသည် Adventure ချစ်သူများအကြား ရေပန်းစားတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ Indiana Jones ဇာတ်ကားမျိုးကို ကွီးတို့အားလုံး ကြည့်ဖူးကြပါလိမ့်မယ်။ ဒီဂိမ်းထဲမှာ Indiana Jones ဇာတ်ကားရဲ့ အငွေ့အသက်များစွာကို မြင်တွေ့ရပါလိမ့်မယ်။ အကြွေစေ့များစွာကို စုဆောင်းပြီး ရတနာများ ရှာဖွေကာ အတော်ဆုံး သုတေသနပညာရှင်တစ်ယောက်ဖြစ်အောင် ဆော့ကစားရမှာပဲဖြစ်ပါတယ်။

Subway Surfers

ဒီဂိမ်းလေးကိုလည်း ကွီးတို့အားလုံး ဆော့ဖူးကြပါလိမ့်မယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလ၊ စမတ်ဖုန်းများ စတင်ခေတ်စားခဲ့တဲ့အချိန်တုန်းက အဆော့များခဲ့ကြတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ လူငယ် Graffiti အနုပညာရှင်သမားတစ်ယောက်အနေနဲ့ မြို့ထဲမှာ မစ်ရှင်မျိုးစုံ ပြီးမြောက်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

Candy Crush (Series)

Candy Crush ဂိမ်းကတော့ အထူးတလည် ဖော်ပြနေစရာမလိုဘူးလို့ထင်ပါတယ်။ ပေါ့ပေါ့ပါးပါးနှင့် ဆော့ကစားနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

Angry Birds (Series)

မကောင်းဆိုးဝါး အစိမ်းရောင်ဝက်တွေကို နှိမ်နင်းရတဲ့ တာဝန်ကတော့ Angry Birds တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အချိန်ကုန် လို့ ကုန်သွားမှန်းမသိအောင် ဆွဲဆောင်နေမယ့် ဂိမ်း အမျိုးအစားတစ်ခုထဲမှာ သူလည်း အပါအဝင်ပါပဲ။ ကွီးတို့ ဆော့နေရင်းနဲ့ အစိမ်းရောင်ဝက်တွေကို ဒေါသထွက်လာမှာ အမှန်ပါပဲ။

Genshin Impact

ချစ်စရာကောင်းတဲ့ အမိုက်စား ကာရိုက်တာများနှင့် အက်ရှင်ဂိမ်း ဆော့ကစားချင်တယ်ဆိုရင်တော့ Genshin Impact ကို ရွေးချယ်နိုင်ပါတယ်။ ဒဏ္ဍာရီလာ သတ္တဝါများနှင့် တိုက်ခိုက်ကာ မြို့တော်ကို ဘေးကင်းအောင် ကာကွယ်ရမှာပဲ  ဖြစ်ပါတယ်။

Sky: Children Of Light

ဒီဂိမ်းသည် Mobile Game of The Year ဆုအပြင် အခြားသော ဆု ၃ ဆုခန့် ရရှိခဲ့တဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ သင့်ရဲ့ တွဲဖက် ဂိမ်းကစားသူနှင့် ဆော့ကစားတဲ့အခါ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့် တစ်ယောက်တည်း ဆော့တာထက်စာရင် မိမိပါတနာနဲ့ တွဲပြီး ဆော့ကစားတာက ပိုပြီး ပျော်ဖို့ကောင်းပါတယ်။

Geometry Dash

ဒီဂိမ်းလေးကတော့ အမိုက်စား တီးလုံးသံစဥ်များနှင့် ဖန်တီးပြုလုပ်ထားပြီး ဆော့ကစားရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အမြင့်တစ်နေရာကနေ တစ်နေရာကို ခုန်ပျံကျော်လွှားပြီး ဆော့ကစားရတာဖြစ်ပါတယ်။ Level တစ်ခု အောင်မြင်တဲ့အခါမှာလည်း အလန်းစား ဆုလာဘ်တွေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Call Of Duty: Mobile

အက်ရှင်ဂိမ်းကိုမှ အပစ်အခတ်ဂိမ်းမျိုးကိုမှ ဆော့ကစားချင်တယ်ဆိုရင်တော့ Call Of Duty ကို ရွေးချယ် ဆော့ကစားသင့်ပါတယ်။ ဇွန်ဘီတွေကို ချေမှုန်းနှိမ်နင်းကာ ဆော့ကစားလို့ရတဲ့ Zombies Mode လည်း ပါဝင်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး ရင်တထိတ်ထိတ်နဲ့ ဆော့ကစားရတဲ့ ဖီလင်ကို ကြိုက်နှစ်သက်ကြမှာပဲဖြစ်ပါတယ်။

Plant vs. Zombies (Series)

Plant vs. Zombies ဂိမ်းသည်လည်း ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားဂိမ်းတစ်ခုထဲမှာ ပါဝင်ပါတယ်။ အိမ်ထဲသို့ ဇွန်ဘီတွေ ဝင်ရောက်လာပြီး ကွီးတို့ရဲ့ ဦးနှောက်ကို မဖောက်စားအောင်လို့ ကာကွယ်တိုက်ခိုက်ရမှာပဲ ဖြစ်ပါတဘ်။

Fruit Ninja (Series)

Fruit Ninja ဆိုတဲ့အတိုင်းပဲ သစ်သီးများကို လေထဲ မြှောက်ကာ ထိုသစ်သီးများအားလုံးကို အစိတ်စိတ်အမြွှာမြွှာ လှီးဖြတ်ပစ်ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် သစ်သီးများကိုလည်း စိုက်ပျိုးနိုင်ပြီး ထိုကနေတဆင့် Points အများကြီး ရလာမှာပဲ ဖြစ်ပါတယ်။

Alto’s Adventure

၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး သူ့ရဲ့ ဒီဇိုင်းရေးဆွဲပုံကလည်း လှပပါတယ်။ သင့်အနေနဲ့ နှင်းလျှောစီးသလို အမြင့်တစ်နေရာကနေ အခြားတစ်နေရာသို့ ခုန်ပျံကျော်လွှားကာ ဆော့ကစားရမှာ ဖြစ်ပါတယ်။

Marvel Strike Force

Marvel ရုပ်ရှင်တွေကို နှစ်သက်ပါသလား။ ဒါဆိုရင်တော့ ဒီဂိမ်းကိုလည်း ကွီးတို့ နှစ်သက်မှာဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ ဟီးရိုးဇာတ်ကောင်တစ်ကောင်ကို ရွေးချယ်ကာ ကမ္ဘာကြီးကို ကယ်တင်ရမှာပဲ ဖြစ်ပါတယ်။

Dragon Ball Legends

ဒီဂိမ်းသည်လည်း အတိုက်အခိုက် ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ အမိုက်စား ကာရိုက်တာများ၊ ဟီးရိုးများကို ရွေးချယ်ကာ နိုင်အောင် တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။

Jetpack Joyride (Series)

ခေတ်မှီစက်ပစ္စည်းများက သင့်ကို တိုက်ခိုက်နေမှာဖြစ်ပြီး ကျည်များ၊ သေနတ်များအန္တရာယ်ကနေ အသက်လုကာ ထွက်ပြေးနေရမှာဖြစ်ပါတယ်။ အကြွေစေ့များကို စုဆောင်းကာ Point များ ရရှိအောင် ဆော့ကစားရမှာ ဖြစ်ပါတယ်။

Source: One37pm

Featured Image: Digital Trends