အချို့ကတော့ အချိန်ဆွဲခြင်း၊ အချိန်ဖြုန်းခြင်းကို တကယ့်ပြဿနာတစ်ခုလို့ မြင်ကြမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အချိန်ဆွဲခြင်းကြောင့် အကျိုးကျေးဇူးတွေ ခံစားရတယ်လို့ ယုံကြည်ကြလို့ပါပဲ။ ဥပမာ သင်က ကိစ္စတစ်ခုကို ချက်ချင်းမလုပ်ဘဲ အနားနီးမှ ကပ်ပြီး လုပ်လိုက်တယ်။ ကံကောင်းချင်တော့ ထိုအလုပ်က အဆင်ပြေပြေနဲ့ ချောမွေ့စွာပြီးဆုံးသွားတယ်။ နောက်ပိုင်းမှာ ထင်လာတာက ငါ အချိန်ဆွဲရင်တောင် ဘာမှမဖြစ်ပါလားဆိုတဲ့စိတ်ကြီး ဝင်သွားတတ်ပါတယ်။ ထိုကဲ့သို့ အချိန်ဆွဲ တတ်တဲ့ အကျင့်ကို ဖျောက်ဖျက် ဖို့ဆိုတာ မလွယ်ကူပေမယ့် အမှန်ကတယ်ဖျောက်ဖျက်ချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်း များရှိပါတယ်။

အချိန်ဖြုန်းခြင်း၊ အချိန်ဆွဲခြင်းက သင့်ကို နေရာကောင်းတစ်ခုရရှိအောင် ကူညီပေးနိုင်တယ်လို့ ယူဆနေရင်တော့ သင် အမှတ်မှားသွားပါလိမ့်မယ်။

အချိန်ဆွဲ ဖျောက်ဖျက် နည်းလမ်းကောင်း

Photo: iStock

ဥပမာတစ်ခုပေးရမယ်ဆိုရင် ဒီနေ့က တနင်္လာနေ့ပဲဆိုကြပါစို့။ သင်သည် ရီပို့တစ်ခုကို သောကြာနေ့ နောက်ဆုံးထပ်ရမယ်။ သို့သော် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့ ကုန်သွားတဲ့အထိတိုင် ရီပို့မရေးဖြစ်ဘဲ အခြားသော အရေးမပါတဲ့ အသေးအဖွဲများနဲ့ပဲ အချိန်ကုန်နေမယ်။ ကြာသပတေးနေ့ညရောက်တော့မှ အသည်းအသန်တွေ မိုးလင်းပေါက်တဲ့အထိ ထရေးရမယ်။ သောကြာနေ့အမှီတော့ ရေးလိုက်နိုင်တယ်ပေါ့။

ဒီလိုအချိန်ဆွဲလိုက်ခြင်းကြောင့် သင်သည် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိကို အေးအေးလူလူ နေနိုင်ပြီး အနီးကပ်မှ ထလုပ်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းက ပိုတိုးတက်လာတယ်လို့ ခံစားရပါလိမ့်မယ်။

အချိန်ဆွဲ ဖျောက်ဖျက် နည်းလမ်းကောင်း

Photo: Interviewpenguin

ဒါပေမဲ့ တကယ်တမ်းပြန်ကြည့်တဲ့အခါ ထိုသုံးရက်တာအတွင်း သင့် မသိစိတ်ထဲမှာ စိတ်ပူပန်မှုကို ခံစားရတာ အမှန်ပါပဲ။ ဒါ့အပြင် ထိုသုံးရက်တာသည် သင့်အတွက် အကျိုးရှိစေမယ့်အလုပ်တွေကို မလုပ်စေဘဲ အလဟဿအချိန်ပုတ်သွားစေတာပဲဖြစ်ပါတယ်။

ဒီလိုမျိုး အချိန်ဆွဲ တတ်တဲ့ အကျင်ဆိုးကို ဖျောက်ဖျက် ချင်တဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များက အသုံးတည့်မှာပဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ

အချိန်ဆွဲ ဖျောက်ဖျက် နည်းလမ်းကောင်း

Photo: iStock

ကိုယ်သည် ဘာ့ကြောင့် အချိန်ဆွဲဖြစ်နေတာလဲဆိုတာကို သိရှိဖို့ရန်အတွက် ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်လိုက်ပါ။ ထို့နောက် စာရွက်တစ်ရွက်ပေါ်မှာ ချရေးကြည့်လိုက်ပါ။ ကိုယ်က ဘာ့ကြောင့် အချိန်ဆွဲနေမှန်း မသိဘူးလို့ ခံစားရနေတယ်ဆိုရင်တောင် မသိဘူးလို့ ချရေးလိုက်ပါ။

ထိုရေးချထားတဲ့ အချက်များကို တစ်ခုချင်းစီ ပြန်လည်ဖြေရှင်းပါ

အချိန်ဆွဲ ဖျောက်ဖျက် နည်းလမ်းကောင်း

Photo: iStock

စောစောကရေးချထားတဲ့ အချက်များသည် သင် အချိန်ဆွဲနေရခြင်းရဲ့ အဓိကတရားခံတွေပဲဖြစ်ပါတယ်။ ထိုအရာများအတွက် ဖြေရှင်းရမယ့်နည်းလမ်းကိုလည်း တစ်ထိုင်တည်းသာ စဉ်းစားရပါမယ်။ နောက်ထပ်ရက်မကူးပါစေနဲ့။

ကိုယ့်ရဲ့ စွမ်းအင်ကို ချွေတာပါ

အချိန်ဆွဲ ဖျောက်ဖျက် နည်းလမ်းကောင်း

Photo: Todaysoftmag

သင့်မှာ ပင်ပန်းတဲ့အချိန်လည်းရှိမှာဖြစ်သလို ဘာလုပ်လုပ်အောင်မြင်နေသလို ခံစားရတဲ့ အချိန်တွေလည်းရှိမှာပါပဲ။ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ ဘာကိုမှ မစဉ်းစားဘဲ ၁၀ မိနစ်လောက် စိတ်လွတ်လက်လွတ်နားလိုက်ပါ။ ကိုယ် သတ်မှတ်ထားတဲ့ အချိန်တစ်ခုပြည့်သွားပြီဆိုရင်တော့ ကိုယ် လုပ်စရာရှိတာကို ပြန်လုပ်လိုက်ပါ။ စောစောက စိတ်လွတ်လက်လွတ်အနားယူလိုက်တဲ့အချိန်သည် သင့်အတွက် စွမ်းအင်တွေ ပြန်လည်ပြည့်ဝနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

အရမ်းပင်ပန်းလွန်းတဲ့အခါမှာ ဘယ်လိုလုပ်ရမလဲ

tips for kwee to stop procrastinate

Photo: Menshealth

မိနစ်အနည်းငယ်လောက် နားဖို့လည်း အချိန်မရဘူးဆိုရင်တော့ လွယ်ကူတဲ့အလုပ်ကို အရင်လုပ်ကြည့်ပါ။ စွမ်းအင်အများကြီး အသုံးချစရာမလိုတဲ့အတွက်ကြောင့် တဖြည်းဖြည်းစွမ်းအင်တွေ ပြန်လည်ပြည့်တင်းလာတဲ့အခါ စောင့်လို့ရပါတယ်။ ပြီးရင်တော့ ကိုယ် သတ်မှတ်ထားတဲ့အရာကို အစဉ်လိုက်အတိုင်း ဆက်လက်လုပ်ဆောင်လိုက်ပါ။

အကြောက်တရားကို ရင်ဆိုင်ပါ

tips for kwee to stop procrastinate

Photo: iStock

အချို့သူတွေ အချိန်ဆွဲရခြင်းအကြောင်းအရင်းကတော့ အကြောက်တရားကြောင့်ပဲဖြစ်ပါတယ်။ ကိုယ် လုပ်လိုက်လို့ ရှုံးနိမ့်သွားမှာကို ကြောက်တာ တစ်ခုခု မှားယွင်းသွားမှာကို ကြောက်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့ မသိစိတ်ထဲ အတွင်းစိတ်ထဲက အကြောက်တရားက ဘယ်အရာလဲဆိုတာကတော့ သင် ကိုယ်တိုင်အသိဆုံးပဲဖြစ်ပါလိမ့်မယ်။

ထိုအကြောက်တရားကို ရဲရဲကြီးရင်ဆိုင်ပစ်ပါ။ ဒူးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်စရာရှိတာကိုသာ ရဲရဲဝံ့ဝံ့ကြီး လုပ်ပစ်လိုက်ပါ။ နောက်ဖြစ်လာမယ့်ကိစ္စကို မီးစင်ကြည့်က ပါ။ မဖြစ်လာသေးတဲ့အရာကို ပူပန်နေမယ်ဆိုရင်တော့ သင်ပဲ နှလုံးရောဂါရသွားပါလိမ့်မယ်။

လက်တွေ့ကျတဲ့ ရည်မှန်းချက်များကို ချမှတ်ထားပါ

tips for kwee to stop procrastinate

Photo: Justfolks

လက်တွေ့မဆန်တဲ့ ရည်မှန်းချက်တွေကြောင့်လည်း သင် အချိန်ဆွဲ နေရခြင်းဖြစ်ပြီး ထိုအကျင့်ကို ဖျောက်ဖျက် ဖို့အတွက် နည်းလမ်းကောင်း တစ်ခုကတော့ အမှန်တကယ်ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်များ ချမှတ်ထားခြင်းပဲဖြစ်ပါတယ်။

စိတ်ကူးယဉ်ဆန်တဲ့ ရည်မှန်းချက်များကြောင့် ငါ အမှန်တကယ် လုပ်နိုင်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်ကာ အဆုံးသတ်မှာတော့ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်း စိတ်ပျက်လာမှာဖြစ်ပြီး အချိန်ဆွဲမှန်းမသိ ဆွဲဖြစ်သွားပါလေရော။

ဒ့ါကြောင့် အလုပ်တစ်ခုခုစလုပ်တော့မယ်။ ကိုယ့်ရဲ့ရည်မှန်းချက် အိပ်မက်ကို အကောင်အထည်ဖော်တော့မယ်ဆိုတာနဲ့ အဆုံးသတ်ရလာဒ်ကို မျှော်လင့်နေမယ့်အစား တဖြည်းဖြည်းတိုးတက်လာတဲ့ ဖြစ်စဉ်ကိုသာ အာရုံစိုက်ထားပါ။

ရည်မှန်းချက် ကြီးကြီးထားပါ။ သို့သော် ဖြစ်နိုင်ချေရှိပြီး သေးငယ်တဲ့ ရည်မှန်းချက်လေးကနေ အစပြုပါ။ ရည်မှန်းချက် သေးသေးလေးတွေကို စုစည်းလိုက်တဲ့အခါ သင် လိုချင်တဲ့ ရည်မှန်းချက်အကြီးကြီးတစ်ခုကို ဆွတ်ခူးရရှိနိုင်ပါတယ်။

ဒီလိုမျိုး လက်တွေ့ဆန်တဲ့ နည်းလမ်းတွေကို အသုံးပြုပေးလိုက်ပါ။ ထို့နောက် လုပ်စရာရှိတာတွေကို အချိန်ဆွဲမထားဘဲ ချက်ချင်းထလုပ်လိုက်ပါ။

အခုဖော်ပြသွားတဲ့ နည်းလမ်းကောင်းတွေကလည်း ကွီးတို့ရဲ့ အချိန်ဆွဲတတ်တဲ့အကျင့်ကို ဖျောက်ဖျက်ပေးဖို့ ကူညီပေးပါလိမ့်မယ်။

Source: Docs.google

Featured Image Source: Markmanson