အခုလို အချိန် မျိုးက ခရီးသွား လို့ ကောင်းတဲ့ အချိန်လေးပဲဖြစ်ပါတယ်။ ရာသီဥတုကလည်း မပူမအေးလေးဆိုတော့ ခရီးသွားတဲ့အခါ မပင်ပန်းတော့ဘဲ စိတ်အပန်းပြေစေမှာပါ။ ပြည်တွင်း ခရီးသွားရတာမျိုးကို ငြီးငွေ့နေပြီဆိုတဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် နေရာများသို့ ခရီးသွားနိုင်ပါတယ်။

ဒီနေရာတွေက သွားလာရတာလည်း အဆင်ပြေပြီး လှပတဲ့ နေရာလေးတွေရှိတဲ့အတွက်ကြောင့် ခရီးသွားများနဲ့ အမြဲတစေ ပြည့်နှက်နေတာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ

Photo : Full Suitcase

ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အနီးလေးပဲဆိုတော့ သွားရတာလည်း အဆင်ပြေပါတယ်။ ထိုင်းနိုင်ငံမှာ လည်ပတ်စရာ နေရာအများအပြားရှိပါတယ်။ ရှော့ပင်း ထွက်ချင်တဲ့ ကွီးတို့အတွက်တော့ ဘန်ကောက်မြို့က စောင့်ကြိုနေပါတယ်။ ကမ်းခြေကို သွားလည်ချင်တဲ့ ကွီးတို့အတွက်ကတော့ ဖူးခက်မြို့က အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် တောင်တန်းတွေဆီ သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ချင်းမိုင်မြို့က သွားလို့ အကောင်းဆုံးပါပဲ။

စင်ကာပူ

အချိန် ခရီးသွား

Photo : Bloomberg.com

သန့်ရှင်း သပ်ရပ်လှပတဲ့ စင်ကာပူနိုင်ငံကဆိုရင်တော့ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး နိုင်ငံများထဲတွင် တစ်ခု အပါအဝင်ပါပဲ။ စင်ကာပူနိုင်ငံမှာဆိုရင်တော့ လည်ပတ်စရာ နေရာတွေကလည်း အများကြီးပါပဲ။ Gardens by the Bay ကိုပဲ သွားလည်ချင်သလား၊ ဒါမှမဟုတ် သစ်ပင်ပန်းမာန်တွေရဲ့ အလှကို သွားရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ Singapore Botanic Gardens ၊ National Orchid Garden အစရှိတဲ့ နေရာများဆီသို့ သွားရောက်လည်ပတ်နိုင်ပြီး Singapore Zoo ၊ Cloud Forest အစရှိတဲ့ နေရာတွေကလည်း လည်ပတ်လို့ ကောင်းပါတယ်။

ဗီယက်နမ်

အချိန် ခရီးသွား

Photo : Paradise Vietnam

ဗီယက်နမ်နိုင်ငံကလည်း လှပတဲ့ နိုင်ငံများထဲက တစ်ခု အပါအဝင်ပါပဲ။ နံပါတ် (၁) လူကြိုက် အများဆုံးနဲ့ လည်ပတ်လို့ အကောင်းဆုံး နေရာကတော့ Halong Bay ပဲဖြစ်ပါတယ်။ ထိုနေရာသည် ယူနက်စကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နေရာတစ်ခုဖြစ်ပြီး ပြာလဲ့လဲ့ ရေပြင်ကြည်လေးက ခရီးသွားများကို စိတ်ဝိညာဥ်ကို ဖမ်းစားနေဆဲပါပဲ။ ထိုနေရာအပြင် ဟနွိုင်း၊ ဟိုချီမင်း အပြင် အခြားသော လည်ပတ်စရာ မြို့များလည်း တည်ရှိတာကြောင့် ခရီးသွားများအတွက် သုခဘုံတစ်ခုပါပဲ။

ဖိလစ်ပိုင်

အချိန် ခရီးသွား

Photo : The Globe Wanderers

ဖိလစ်ပိုင် နိုင်ငံရဲ့ နံပါတ် (၁) အလှပဆုံး နေရာကတော့ El Nido ကျွန်းပဲဖြစ်ပါတယ်။ ထိုကျွန်းလေးသည် ကမ္ဘာ့ အကောင်းဆုံး ကျွန်းများထဲက တစ်ခု အပါအဝင်ပါပဲ။ Water Sports များကို ပြုလုပ်နိုင်ပြီး လှပတဲ့ သန္တာကျောက်တန်းများလည်း တည်ရှိပါတယ်။ ကြည်လင် အေးမြနေတဲ့ ရေကလည်း စိတ်အေးချမ်းစရာပါပဲ။ ဒါ့အပြင် ဖြူလွှလွှ သဲသောင်ပြင်များပေါ်မှာ လမ်းလျှောက်ချင်တဲ့ သူတွေအတွက်လည်း လေကောင်းလေသန် ရရှိအောင် ကူညီပေးနိုင်ပါသေးတယ်။

El Nido ကျွန်းအပြင် Boracay ကမ်းခြေ ကလည်း လည်ပတ်လို့ ကောင်းတဲ့ ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် မနီလာမြို့ကြီးကလည်း ကိုလိုနီခေတ် စပိန် လက်မှုပညာ အဆောက်အဦးများနှင့် ခေတ်မီ မိုးမျှော်တိုက်ကြီးတို့ရဲ့ ပေါင်းစပ်တဲ့ အလှအပတို့ ပြည့်နှက်နေပါသေးတယ်။

ဒီနေရာတွေကတော့ အခု အချိန် မှာ ခရီးသွား ချင်တဲ့ ကွီးတို့အတွက် သွားရောက် လည်ပတ်သင့်ဆုံး နေရာများပဲဖြစ်ပါတယ်။

ကွီးတို့ရော လက်ရှိမှာ ဘယ်လိုနေရာလေးတွေဆီသို့ သွားရောက်လည်ပတ်ချင်ပါသလဲ။

Source : Priceoftravel

Featured Photo : Journeyera