လူတိုင်းမှာတော့ အချိန် ဖြုန်း တတ်တဲ့ အကျင့်ရှိကြပါတယ်။ ဒီလို အချိန်ဖြုန်းတတ်တဲ့ အကျင့်ဆိုးကြောင့် ကိုယ့်ရဲ့ ဘဝခရီးလမ်းက ကိုယ် ထင်သလောက် မအောင်မြင်၊ ခရီးပေါက်ရောက်သင့်သလောက် မပေါက်ရောက်ဘဲ တစ်နေရာတည်းမှာသာ ရပ်တန့်နေရတာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ထိုအချိန်ဖြုန်းခြင်း အကျင့်ဆိုးကြောင့် ခံစားရမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေက အများအပြားပါပဲ။

အလုပ်အကိုင် ပျက်လာပြီး ငွေရေး ကြေးရေး ဆုံးရှုံးမှုများလာမယ်

man success and procrastinate

ဒီနေ့အပြီးသတ်ရမယ့် အလုပ်တစ်ခုကို ပျင်းရိပျင်းတွဲဖြင့် ဟိုရွေ့လိုက် ဒီရွေ့လိုက်၊ တစ်နာရီရွေ့လိုက်၊ နှစ်နာရီ ရွေ့လိုက်ဖြင့် လုပ်ဆောင်နေမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့ အလုပ်ရှင်က ကြည်ဖြူနိုင်ပါ့မလား။ သတ်မှတ်ချိန်အမှီ မပြီးနိုင်ဘူးဆိုရင်တော့ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာမျိုးတွေပါ ကြုံတွေ့ရနိုင်ပါတယ်။ ဒါဆိုရင် ကွီးတို့ရဲ့ ဝင်ငွေလည်း ထိခိုက်လာမှာဖြစ်ပြီး ငွေရေး ကြေးရေးလည်း ဆုံးရှုံးမှု ရှိလာမှာဖြစ်ပါတယ်။

အချိန်ဖြုန်းတဲ့လူနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့သူ နှစ်ယောက်ကြားမှာ ကွာဟမှုကလည်း သိသာပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချနေသူအဖို့ အလုပ်အကိုင်ဆိုတာလည်း မရှားသလို ငွေရေး ကြေးရေးအတွက်လည်း စိုးရိမ်စရာမရှိပါဘူး။ ကွီးတို့ရော အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့ အဖွဲ့ထဲမှာ နေချင်ပါသလား၊ ဒါမှမဟုတ် အချိန်ဖြုန်းပြီး အေးဆေးသက်သာ နေရတဲ့ဘဝမှာ နေချင်ပါသလား။

ကွီးတို့ အနာဂတ်များ ပျောက်ဆုံးသွားနိုင်တယ်

man success and procrastinate

အချိန်ဖြုန်းတဲ့ သူတစ်ယောက်အဖို့ လှပတဲ့ အနာဂတ်ဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး။ ကျောင်းသားတစ်ယောက်အဖို့ စာကျက်ရမယ့်အချိန်မှာ စာမလုပ်ဘဲ အချိန်ဆွဲကာ အချိန်ဖြုန်းနေမယ်ဆိုရင် စာမေးပွဲ ရလဒ်မကောင်းတာ (သို့) စာမေးပွဲကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ထိုနည်းတူစွာပဲ မိမိလိုချင်တဲ့ လှပသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ဖို့ရန်အတွက် အချိန်ရှိခိုက် လုံ့လ မစိုက်ဘဲ ဝေလေလေ လုပ်နေမယ်ဆိုရင် တန်ဖိုးရှိတဲ့ အနာဂတ်သည်လည်း တဖြည်းဖြည်း ပျောက်ဆုံးသွားမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ အနာဂတ်ကို ဒီအတိုင်းပဲ အဆုံးရှုံးခံလိုက်တော့မှာလား။ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် မကြိုးစားချင်ဘူးလား။

အောင်မြင်မှုနဲ့ အလှမ်းဝေးကွာသွားလိမ့်မယ်

man success and procrastinate

ဒီအချက်ကတော့ စောစောက ပြောခဲ့တဲ့အချက်နဲ့ ဆင်တူပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အောင်မြင်မှုကို ကိုယ်ကိုယ်တိုင် ပုံဖော်ဖို့ရန်အတွက် ဝီရိယရှိရှိ ကြိုးစား အားထုတ်ဖို့ လိုအပ်ပါတယ်။ အများသူငါက အပြိုင်အဆိုင် ကြိုးစား အားထုတ်နေချိန်မှာ ကွီးတို့က ယောင်ခြောက်ဆယ် လုပ်နေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အောင်မြင်မှုက ကွီးတို့ကို တာ့တာ ဘိုင်းဘိုင်လို့ နှုတ်ဆက်သွားပါလိမ့်မယ်။

အောင်မြင်မှုဆိုတာ လူတိုင်းရရှိနိုင်တဲ့ အရာမဟုတ်ပါဘူး။ အမှန်တကယ် လုံ့လစိုက်ထုတ်သူ၊ ဝီရိယရှိသူ၊ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်သူမှသာလျှင် ရရှိပိုင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။ ကွီးတို့ရော ကိုယ့်ရဲ့ ဝီရိယအကျိုးကို မခံစားချင်ဘူးလား။

ကျန်းမာရေး ထိခိုက်လာမယ်

အချိန် ဖြုန်း

အချိန်ကို အကျိုးရှိရှိ အသုံးချကာ အားကစားလိုက်စားသူများအဖို့ ကျန်းမာရေး ကောင်းမွန်ခြင်း အသီးအပွင့်ကို ခံစားရမှာပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပါဘဲနဲ့၊ မနက်ဖြန်မှ Gym သွားပါမယ်လေ၊ ဒီနေ့တော့ အိပ်ရေး ဝဝ အိပ်လိုက်ဦးမယ်ဆိုတဲ့ အကြောင်းပြချက်မျိုးကို နေ့စဥ်ရက်ဆက် ပြုလုပ်နေမယ်ဆိုရင်တော့ အချိန်ကြာလာတဲ့အခါ ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း အမှန်တကယ် တန်ဖိုးထားတယ်၊ ကျန်းမာရေး ကောင်းချင်တယ်ဆိုရင်တော့ အချိန်ကို အကျိုးရှိရှိ အသုံးချကာ ဝီရိယ စိုက်ထုတ်ပြီး အားကစားတစ်ခုခု၊ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်သွားဖို့ လိုအပ်ပါတယ်။ လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း ကိုယ့်ရဲ့ အပျင်းတစ်တဲ့စိတ်ကြောင့် ကိစ္စအဝဝ နှောင့်နှေးလာမှာပဲဖြစ်ပါတယ်။

ဒါဆိုရင် အချိန် ဖြုန်း တတ်တဲ့ အကျင့်ဆိုးကို ဘယ်လိုဖျောက်ဖျက်နိုင်မလဲ

အချိန် ဖြုန်း

အချိန်ဖြုန်းခြင်း အကျင့်ဆိုးကို ဖျောက်ဖျက်နိုင်တဲ့ နည်းလမ်းကောင်း (၃) မျိုးရှိပါတယ်။ ထိုနည်းလမ်းကောင်းများကို နည်းစနစ်ကျစွာ အသုံးချတတ်မယ်ဆိုရင်တော့ အချိန်ဖြုန်းတတ်တဲ့ အကျင့်ဆိုးကို ထာဝရ နှုတ်ဆက်လိုက်လို့ရပါပြီ။

ဆုံးဖြတ်ချက်များကို အများကြီး မချမှတ်ထားပါနဲ့

အချိန် ဖြုန်း

လုပ်စရာအလုပ်တွေက တောင်ပုံယာပုံရှိနေမယ်ဆိုရင် ကွီးတို့သည် ထိုအလုပ်ကိစ္စကို အချိန်ဆွဲနိုင်ချေ ရာခိုင်နှုန်းများပါတယ်။ ဆန့်ကျင့်ဘက်အနေနဲ့ အလုပ်ကိစ္စများ နည်းနည်းပဲရှိမယ်ဆိုရင်တော့ ကွီးတို့သည် ထိုအလုပ်ကို မြန်မြန်ပြီးချင်ဇော၊ မြန်မြန်နားချင်ဇောနဲ့ အခုချက်ချင်း ထလုပ်ချင်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ တစ်နေ့ လုပ်စရာများကို အများကြီး မချမှတ်ထားဘဲနဲ့။ ဆုံးဖြတ်ချက်အများကြီးကို ချမှတ်မထားပါနဲ့။ ဖြစ်နိုင်မယ်ဆိုရင် အရေးကြီးဆုံး အလုပ်များကိုသာ နှစ်ခု၊ သုံးခုခန့် လျာထားလိုက်ပါ။ ဒါဆိုရင်တော့ ထိုအလုပ်များကို မြန်မြန်ပြီးချင်ဇောနဲ့ အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် ပြုလုပ်မိမှာပဲ ဖြစ်ပါတယ်။

လက်တွေ့ဆန်ပါစေ

အချိန် ဖြုန်း

စိတ်ကူးယဥ်ဆန်တဲ့ အရာတွေသည် လက်ရှိဘဝမှာ ပြည့်မြောက်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ကိုယ် ဖြစ်ချင်တဲ့အရာတွေကို ရေးမှတ်ထားတဲ့အခါ လက်တွေ့ဘဝမှာ အမှန်တကယ် ဖြစ်လာနိုင်တဲ့အရာများကိုပဲ ရေးမှတ်ထားပါ။ ဘယ်အချိန်မှာ ပြီးမြောက်ရမလဲဆိုတာကို တားကတ်ထားပါ။

ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲ ချိန်ညှိပါ

အချိန် ဖြုန်း

ကိုယ် အလုပ်လုပ်တဲ့ စားပွဲ၊ ကိုယ့်ရဲ့ အလုပ်ခန်း၊ စာကြည့်ခန်းကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းနဲ့ မြင်ကွင်းရှင်းနေအာင် ဂရုစိုက်ပါ။ မြင်ကွင်းရှင်းနေတဲ့အခါ စိတ်ကြည်လင်ပြီး အလုပ်လုပ်လို့လည်း ကောင်းလာပါလိမ့်မယ်။ ဒါ့အပြင် အိမ်မှာပဲ အလုပ်လုပ်ရတာ ငြီးငွေ့လာတဲ့အခါ တိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေးဆီ ခြေဦးလှည့်ကာ အနားယူပြီး တစ်ချိန်တည်းမှာပဲ အလုပ် လုပ်နိုင်ပါတယ်။

Source: Inc

Featured Image: Freepik