ဘယ်သူမဆို ကိုယ်ချစ်ရသူနဲ့ Relationship တစ်ခု တည်ဆောက်ပြီးသွားရင် တည်မြဲချင်ကြတယ်ပဲ မဟုတ်ပါလား။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ချစ်နေရက်သားနဲ့ လမ်းခွဲတာမျိုး ရှိသလို၊ အမုန်းတရားနဲ့ လမ်းခွဲကြတာတွေလည်း ရှိပါတယ်။ တစ်စုံတစ်ယောက်နဲ့ လမ်းခွဲရတာက တကယ်တော့ ခက်ခဲပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ နာကျင်စရာကောင်းတဲ့ အရာတစ်ခုရဲ့ အဆုံးသတ်မှာ တောက်ပတဲ့ အခြမ်းရှိနေတတ်ပါတယ်။ နာကျင်ရမှာစိုးပြီး အချင်းချင်း ဖက်တွယ်ထားတဲ့အခါ နှစ်ယောက်လုံး မပျော်ရွှင်နေရင်လည်း အလကားပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲခြင်းက နာကျင်ကြေကွဲစရာ ကောင်းသော်လည်း လမ်းခွဲမှုတိုင်းကတော့ ဝမ်းနည်းစရာကောင်း မနေပါဘူး။ အချို့သော လမ်းခွဲခြင်းတွေက ကိုယ့်ရဲ့ လွတ်လပ်မှုနဲ့ အစစ်အမှန်ကို ပြန်လည်ရှာတွေ့စေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကွီးတို့ရော လမ်းခွဲခဲ့ဖူးပါသလား။ လမ်းခွဲပြီးနောက် နာကျင်ကြေကွဲမှုကို ခံစားခဲ့ရပါသလား ဒါမှမဟုတ် အဆိပ်အတောက်ဖြစ်နေတဲ့ Relationship ကနေ လွတ်မြောက်ခဲ့တာပါလား။ လမ်းခွဲခြင်းနဲ့ ပတ်သတ်ပြီး လူတိုင်းမှာ အတွေ့အကြုံတွေ၊ ခံစားမှုတွေ ရှိကြမှာပါ။ ချစ်ခြင်းကနေ ဖြစ်တည်လာတဲ့ ဆက်ဆံရေးတစ်ခု အဆုံးသတ်တဲ့အခါ လမ်းခွဲခြင်းဆိုတာ ဖြစ်တည်လာပါတယ်။ လမ်းခွဲတာနဲ့ ပတ်သတ်ပြီး မျိုးစုံသော အကြောင်းအရာတွေနဲ့ ဖွဲ့သီထားတဲ့ သီချင်းတွေကလည်း အများကြီးပါပဲ။ လမ်းခွဲခြင်းကနေ ‌ဒေါသထွက်နေတာပဲ ဖြစ်ဖြစ်၊ စိတ်သက်သာရာရနေတာပဲ ဖြစ်ဖြစ်၊ ဝမ်းနည်းပူဆွေးနေတာပဲ ဖြစ်ဖြစ်၊ လွတ်မြောက်တာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ခံစားနေရပါစေ အချိန်တန်ရင်တော့ ရှေ့ဆက်လျှောက်လှမ်းရမှာပါ။ ဒီနေ့မှာတော့ လမ်းခွဲသီချင်းတွေကို နားထောင်ရင်း ကွီးတို့ခံစားချက်တွေကို ဖွင့်ဟလိုက်ပါ။

“We Are Never Ever Getting Back Together” by Taylor Swift

Source : Taylor Swift

“Lose You to Love Me” by Selena Gomez

Source : Selena Gomez

“I Miss You, I’m Sorry” by Gracie Abrams

Source : Gracie Abrams

“Talia” by King Princess

Source : King Princess

“Dancing On My Own” by Robyn

Source : Robyn

“Drivers License” by Olivia Rodrigo

Source : Olivia Rodrigo

“Somebody Else” by The 1975

Source : The 1975

“When I Was Your Man” by Bruno Mars

Source : Bruno Mars

“Somebody That I Used to Know” by Gotye feat. Kimbra

Source : gotyemusic

“Burn” by Usher

Source : Usher

“The One That Got Away” by Katy Perry

Source : Katy Perry

ကွီးတို့ရေ အချို့သော လမ်းခွဲခြင်းတွေက နာကျင်ကြေကွဲမှုတွေနဲ့ ပြည့်နှက်နေပြီး အချို့ကတော့ အမှတ်တရတွေ၊ လွတ်မြောက်ခြင်းတွေနဲ့ ပြည့်နေမှာပါ။ လူတိုင်းမှာ မတူညီတဲ့ လမ်းခွဲခြင်းပုံပြင်တွေ ရှိကြမှာပါ။ ကွီးတို့ ခံစားဖူးတဲ့ လမ်းခွဲခြင်းနဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတွေ ရှိရင်လည်း ဝေမျှပေးခဲ့နိုင်ပါတယ်။

Source : billboard

Featured Photo : Clubs