မိမိလိုချင်တဲ့ အလုပ် တစ်ခုမှာ အင်တာဗျူး အောင်မြင်ဖို့ရန်အတွက် ပြင်ဆင် ထားသင့်တဲ့အချက်များ၊ သိထားသင့်တဲ့ အချက်များ ရှိပါတယ်။ ထိုအချက်များကို အလုပ် အင်တာဗျူး မဖြေခင် ညကတည်းက ကြိုတင် ပြင်ဆင် ထားမယ်ဆိုရင်တော့ ကွီးတို့ လိုချင်တဲ့ အလုပ်အကိုင်တစ်ခုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်ထားရမယ့် အရာများကတော့…

သင့်ရဲ့ ကိုယ်ရေးအကျဥ်းကို Print ထုတ်ထားပါ

အင်တာဗျူး ပြင်ဆင်

သင့်ရဲ့ CV နှင့် Cover Letter တို့ကို အီးမေးလ်ကနေတဆင့် ပို့ထားပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လိုရမယ်ရ Print ထုတ်ထားလိုက်ပါ။ ကိုယ့်ကို အင်တာဗျူး မေးမယ့်သူတွေက ဘယ်နှစ်ယောက်လဲဆိုတဲ့ အရေအတွက် အတိအကျသိရင်တော့ ထိုအရေအတွက်ထက် တစ်စုံ၊ နှစ်စုံခန့် ပိုကူးထားပါ။ တကယ်လို့ မသိရဘူးဆိုရင်လည်း အနည်းဆုံး ၅ စုံခန့် ကူးထားလိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ဘက်က အကုန် ပြင်ဆင်လာပါလားဆိုပြီး အမှတ်တိုးသွားမှာပဲ ဖြစ်ပါတယ်။

ကုမ္ပဏီအကြောင်း လေ့လာထားပါ

အင်တာဗျူး ပြင်ဆင်

ကိုယ် သွားလျှောက်မယ့် ကုမ္ပဏီက ဘာကုမ္ပဏီလဲဆိုတာတော့ အသေးစိတ်သိထားဖို့ လိုအပ်ပါလိမ့်မယ်။ ဖိနပ်ကုမ္ပဏီလား၊ အလှကုန် ကုမ္ပဏီလား စသည်ဖြင့် သိအောင် လုပ်ထားပါ။ အပေါ်ယံ အချက်အလက်လောက် သိထားရုံနဲ့ မရပါဘူး။ အသေးစိတ် အချက်အလက်များကိုပါ သိထားမှသာလျှင် အခြေအနေဟန်မှာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာတွေကလည်း ခေတ်စားလာပြီဆိုတော့ ကုမ္ပဏီတော်တော်များများသည် သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ကြေညာလေ့ရှိပါတယ်။ ထို ဆိုရှယ်မီဒီယာများကို ကောင်းစွာ အသုံးချပါ။

မေးခွန်းများအတွက် ကြိုတင်ပြင်ဆင်ထားပါ

အလုပ် အင်တာဗျူး

အလုပ် အင်တာဗျူး တွေမှာ ဘယ်လိုမေးခွန်းတွေကို အများဆုံး မေးကြသလဲဆိုတာကို YouTube နှင့် Google များတွင် လေ့လာကြည့်ကာ ပြင်ဆင်ထားပါ။ ထိုကဲ့သို့ မေးခွန်းမျိုး အမေးခံရတဲ့အခါ ဘယ်လိုအဖြေမျိုး ဖြေရမလဲဆိုတာ တစ်ခါတည်း ပြင်ဆင်ထားပါ။ သင့်အနေနဲ့ မေးခွန်းတိုင်းကိုတော့ မှန်အောင် ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး ကြိုတင်ပြင်ဆင်ထားတဲ့အခါ ဘယ်လိုမေးခွန်းမျိုးပဲလာလာ ကြောက်ရွံ့နေမှာ မဟုတ်တော့ပါဘူး။ ဘယ်လိုမေးခွန်းမျိုးပဲ လာလာ မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့သာ ဖြေကြားလိုက်ပါ။

အဝတ်အစားများကို ပြင်ဆင်ထားပါ

man irons his clothes

Photo: Freepik

အင်တာဗျူး သွားဖြေမယ့် မနက်ကျမှ အဝတ်အစား တွန့်ကြေနေတာတွေကို ကောက်စွတ်သွားခြင်းမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ အခြားသောသူတွေက သန့်သန့်ပြန့်ပြန့်နဲ့ သပ်သပ်ရပ်ရပ် ဝတ်ဆင်လာချိန်မှာ သင်က တွန့်ကြေပြီး မသပ်မရပ်ဖြစ်နေတဲ့ အဝတ်အစားများကို ဝတ်ဆင်သွားမယ်ဆိုရင်တော့ သေချာပါတယ်။ သင့်ရဲ့ Impression ကျသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဝတ်ဆင်သွားပါ။ မနက်ကျ ဝတ်သွားရမယ့် အဝတ်အစားများကို မီးပူသေချာတိုက်ထားကာ ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ညဘက်မှာ စောစော အိပ်ရာဝင်ပါ

man sleeping

အိပ်ရေး ဝဝ အိပ်ထမှာ မနက်နိုးထတဲ့အခါ နိုးကြားလန်းဆန်းနေမှာ ဖြစ်ပါတယ်။ ဦးနှောက်က ကြည်လင်နေမှ အင်တာဗျူးမှာ မေးသမျှ မေးခွန်းတွေကို အကောင်းဆုံး ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မနက်စာလည်း အလွတ်မခံဘဲ ပေါ့ပေါ့ပါးပါး မနက်စာလေးကို စားသုံးသွားလိုက်ပါ။ အင်တာဗျူးက ဘယ်အချိန် ပြီးမလဲဆိုတာ မသိနိုင်တာကြောင့် အဘက်ဘက်က ကြိုတင်ပြင်ဆင်တာ အကောင်းဆုံးပါပဲ။ အင်တာဗျူးမှာ ဗိုက်ဟောင်းလောင်းနဲ့ ဖြေရမယ်ဆိုရင် စိတ်ပါလက်ပါနဲ့ ဖြေဆိုနိုင်မှာ မဟုတ်ပါဘူး။

Source: Ivyexec

Featured Image: Freepik