ယနေ့ခေတ်လို အပြိုင်အဆိုင်တွေ များတဲ့ကြားထဲကနေ အလုပ်တစ်ခု ရဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အလုပ် အင်တာဗျူး လာရောက်ဖို့အတွက် အခေါ်ခံရတာက ၃၀ ရာခိုင်နှုန်းလောက် စိတ်ချရပြီဆိုပေမယ့်လို့ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကတော့ ကွီးတို့သည် အင်တာဗျူးမှာ ဘယ်လိုတွေ ပြုမူခဲ့သလဲဆိုတာ အများကြီး အရေးကြီးပါတယ်။ အလုပ် အင်တာဗျူး တစ်ခု အောင်မြင် ဖို့အတွက် သိသင့်သိထိုက်တဲ့အရာတွေကို သေချာ ပြုလုပ်ကာ ပြင်ဆင်သွားပြီး သေချာ ဖြေခဲ့မှသာလျှင် ကွီးတို့အတွက် အောင်မြင်မှု ရာခိုင်နှုန်း များမှာဖြစ်ပါတယ်။

ဒါဆိုရင် အလုပ် အင်တာဗျူး တစ်ခု အောင်မြင် ဖို့အတွက် ဘာတွေ လုပ်ရမလဲ။

(၁) မနောက်ကျပါစေနဲ့

man at an interview

အလုပ် အင်တာဗျူးက ၉ နာရီ ချိန်းထားတယ်၊ ကွီးတို့က ၉ နာရီခွဲမှ ရောက်တယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ ကွီးတို့ အင်တာဗျူး အခန်းထဲတောင် ဝင်ခွင့်ရမှာမဟုတ်ပါဘူး။ ကားလမ်းပိတ်မယ့် အခြေအနေတွေကို ကြိုတွက်ထားသင့်ပါတယ်။ ကားလမ်းက ပုံမှန်အချိန်ဆို မပိတ်ဘဲနဲ့ ကွီးတို့ အင်တာဗျူး သွားဖြေမယ့် ရက်ကျမှ မတော်တဆမှု တစ်ခုခုကြောင့် ကားလမ်းတွေ ပိတ်သွားခဲ့ရင်လည်း ကွီးတို့ ကူကယ်ရာ မဲ့နေပါလိမ့်မယ်။ ဒါ့ကြောင့် အင်တာဗျူး သွားဖြေမယ့် အချိန်ထက် စောနိုင်သမျှ အများကြီးစောပြီး အိမ်က ကြိုထွက်ပါ။ ဒါပေမဲ့ အစောကြီး အင်တာဗျူးတဲ့ နေရာကို ရောက်တာကလည်း မကောင်းပြန်ပါဘူး။ ဒါ့ကြောင့် ကွီးတို့က အများကြီး စောရောက်နေတယ်ဆိုရင် အနီးနားက ကော်ဖီဆိုင် တစ်ဆိုင်မှာ ခဏလောက် ထိုင်စောင့်ပြီးမှ အင်တာဗျူးမယ့် အချိန်ကို ၁၅ မိနစ်ထက် စောပြီး အရောက်သွားလိုက်ပါ။ ၁၅ မိနစ်ထက် စောပြီးတော့ ကြို မရောက်မိပါစေနဲ့။

(၂) ကိုယ့်ကို အင်တာဗျူးမယ့်သူအား အပြုံးနဲ့ နှုတ်ဆက်ပါ

man at an interview

အင်တာဗျူးခန်းထဲ ဝင်ပြီဆိုတာနဲ့ အပြုံးနဲ့ စတင် နှုတ်ဆက်ရပါမယ်။ လက်ဆွဲ နှုတ်ဆက်ဖို့ လိုအပ်ရင်လည်း လက်ကို လျော့တိ လျော့ရဲ နှုတ်ဆက်တာမျိုး မဟုတ်ဘဲ ယုံကြည်ချက် အပြည့်နဲ့ တင်းကြပ်စွာ နှုတ်ဆက်လိုက်ပါ။ တင်းတင်းကြပ်ကြပ်ကြီး ဖိပြီး နှုတ်ဆက်စရာလည်း မလိုပါဘူး။ လျော့တိလျော့ရဲ ဆိုလည်း မကောင်း၊ တင်းကြပ်လွန်းရင်လည်း မကောင်းပါဘူး။ အလယ်အလတ်လောက်ဆို အတော်ပါပဲ။

(၃) အရေးကြီးတဲ့ စာရွက်စာတမ်းများကို ပရင့်ထုတ်သွားပါ

အင်တာဗျူး အောင်မြင်

ကွီးတို့ရဲ့ ကိုယ်ရေးအချက်အလက်များ၊ CV ၊ Resume စတာတွေ အကုန်လုံးကို လိုရ မယ်ရ ပရင့်ထုတ်သွားပါ။ အင်တာဗျူးမယ့်သူက တောင်းရင်လည်း တောင်းပါလိမ့်မယ်။ မတောင်းရင်လည်း မတောင်းပါဘူး။ ကွီးတို့ဘက်က အကုန်လုံးကို ကြိုကြိုတင်တင် ပြင်ဆင်သွားတာ အကောင်းဆုံးပါပဲ။

(၄) ကိုယ် အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကို သေချာ နောကျေနေအောင် လေ့ထားထားပါ

အင်တာဗျူး အောင်မြင်

အိမ်စာ သေချာ လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ် အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်းကို တစိကလေးမှ မလေ့လာထားဘဲ အင်တာဗျူး သွားဖြေတာကတော့ အရဲစွန့်လွန်းရာ ကျပါတယ်​။ ဒါ့ကြောင့် ကုမ္ပဏီအကြောင်း အသေးစိတ်က မကျန် အကုန်လုံး လေ့လာသွားရပါမယ်။

(၅) ကိုယ် မေးရမယ့် မေးခွန်းများကိုလည်း ကြိုတင် ပြင်ဆင်သွားပါ

အင်တာဗျူး အောင်မြင်

အင်တာဗျူးတဲ့သူက သူ မေးချင်တာတွေ မေးပြီးသွားတဲ့အခါ ကွီးတို့ကို ဘာများ သိချင်တာ၊ မေးချင်တာ ရှိသလဲဆိုတာ မေးပါလိမ့်မယ်။ ကွီးတို့က ဘာမှ မေးစရာ မရှိဘူးဆိုရင်တော့ ဒီအင်တာဗျူးကို စိတ်မဝင်စားတဲ့ပုံ ပေါ်ပါတယ်။ ဒါ့ကြောင့် အိမ်မှာကတည်းက မေးခွန်းများကို ကြိုတင် ပြင်ဆင်သွားပါ။ ယုတ္တတန်ပြီး ကလေးမဆန်တဲ့ မေးခွန်းများကို သေချာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

(၆) ကျေးဇူးတင်ကြောင်း ပြောပါ

အင်တာဗျူး အောင်မြင်

အင်တာဗျူး လုပ်ငန်းစဥ် တစ်ခုလုံး ပြီးသွားပြီဆိုရင် အခုလို မအားတဲ့ ကြားထဲကနေ အချိန်ပေးပြီး အင်တာဗျူးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဖို့ မမေ့ပါနဲ့။ ဒီလို အပြုအမူကောင်းကို ဖော်ပြခြင်းအားဖြင့် ကွီးတို့သည် လူကြီးလူကောင်းဆန်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။

ဒီအချက်တွေကိုသာ ပြုလုပ်ခဲ့ပါ။ ကွီးတို့ရဲ့ လိုချင်တဲ့ အလုပ်ကို တကယ် ရရှိပိုင်ဆိုင်နိုင်မှာပါ။

Source: Ung.edu

Featured Image: Insightglobal