ဘယ်သူမဆို အလုပ် လျှောက်ပြီဆိုကတည်းက အင်တာဗျူး အခေါ်ခံရပြီး အောင်အောင်မြင်မြင်နဲ့ အလုပ်ရသွားတာမျိုးကိုသာ လိုချင်ကြတာပါ။ ကွီးတို့ လိုချင်တဲ့ အလုပ် တစ်ခု ရဖို့ဆိုတာကလည်း ကွီးတို့ ရေးသားထားတဲ့ CV နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ကွီးတို့ ရေးထားတဲ့ CV ကို ကြည့်ပြီး ဒီလူက အင်တာဗျူး ခေါ်သင့်တဲ့ အထဲမှာ ပါသလား မပါဘူးလားဆိုတာကို အဆုံးအဖြတ် ပေးသွားမှာပါ။ အင်တာဗျူး အခေါ် ခံရပြီဆိုကတည်းက ကွီးတို့ဆီမှာ အောင်မြင်ဖို့ အခွင့်အလမ်း များလာပါပြီ။

ဒါဆိုရင် အလုပ် အင်တာဗျူး အခေါ်ခံရအောင် ကွီးတို့ရဲ့ CV ကို အခုဖော်ပြမယ့် နည်းလမ်းများနဲ့ အပြတ်အသတ် ရွှိုင်းထားဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရဲ့ အားသာချက်နဲ့ အရင်ဦးဆုံး စပါ

man writing

CV ရေးတဲ့အခါ အဓိကက ကိုယ့်အကြောင်းကိုယ် ကြွားတတ်ဖို့ပါပဲ။ နှိမ့်ချနေစရာ မလိုပါဘူး။ ပိုပိုသာသာသာ ရေးထည့်လိုက်ပါ။ ဥပမာ ကွီးတို့က နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခုကို ရှာနေတယ်ဆိုရင် ကွီးတို့မှာ ဘယ်လို အရည်အချင်းတွေ ရှိသလဲ၊ ဘယ်လိုအလုပ်မျိုးတွေမှာ အတွေ့အကြုံ ရှိပြီးတော့ အောင်မြင်အောင် လုပ်ဆောင် ဖူးခဲ့သလဲ စတာတွေကို စီကာပတ်ကုံးနဲ့ ရေးတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲ့လို မရေးဘဲနဲ့ မိတ္တူဆိုင်တွေက အသင့်ရှိပြီးသား စာရွက်ပေါ်မှာသာ ချရေးရင်တော့ ကွီးတို့ လိုချင်တဲ့ ရာထူးနဲ့ အလုပ်အကိုင်မျိုး ရချင်မှ ရပါလိမ့်မယ်။

ကိန်းဂဏန်းတွေနဲ့ ချက်ကျ လက်ကျ ပြသတတ်ပါစေ

အလုပ် CV

ကွီးတို့က အလုပ်တစ်ခုကနေ နောက်အလုပ်တစ်ခုကို ပြောင်းတယ်ပဲ ဆိုကြပါစို့။ အရင်အလုပ်မှာ ဘယ်လို တာဝန်တွေကို ယူခဲ့ရသလဲ ဆိုတာတွေ ရေးမယ့်အစား ဒီလို ရေးပါ။

အရင်တုန်းက ကုမ္ပဏီမှာ Socail Media ပိုင်းမှာ Engagement အားဖြင့် ၃၈ ရာခိုင်နှုန်း မြှင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကိန်းဂဏန်း တိတိကျကျနဲ့ ဖော်ပြတတ်ဖို့ လိုအပ်ပါတယ်။

အလုပ်ရှင်တွေ လိုချင်တဲ့ ခွင်ထဲ ကွက်တိကျအောင် ရေးပါ

အလုပ် CV

အလုပ်ရှင်တွေက အလုပ်ခေါ်တဲ့အခါ လုပ်ငန်း တာဝန်တွေအနေနဲ့ ဒါတွေ ဒါတွေ လုပ်ဆောင်ရမယ်ဆိုပြီး ရေးသားထားပါတယ်။ ကွီးတို့ CV ကို မပြင်ခင်ကတည်းက အလုပ်တာဝန်တွေကို နောကျေနေအောင် လေ့လာထားပါ။ ပြီးရင် ကွီးတို့က ဒီအချက်တွေ ဒီအချက်တွေ လုပ်နိုင်ကြောင်းကို တစ်ခါတည်း ရေးသားထားလိုက်ပါ။

ကိုယ့်ရဲ့ အရည်အချင်းတွေ မြင့်တက်လာကြောင်းကိုလည်း ပြသဖို့ လိုအပ်ပါတယ်

အလုပ် CV

ကွီးတို့ရဲ့ အရည်အချင်းများ တိုးတက်လာကြောင်းကိုလည်း ဖော်ပြတတ်ဖို့ လိုအပ်ပါတယ်။​ ကိုယ်က ဘယ်နှခုနှစ်မှာ ဘယ်လို ဘွဲ့မျိုး ရခဲ့သလဲ။ ထို့နောက်မှာရော ဘယ်လို သင်တန်းတွေ ဆက်တက်ထားပြီး ဘယ်လို အရည်အချင်း အသစ်တွေ ရရှိပိုင်ဆိုင်ခဲ့သလဲ စတာတွေကိုပါ ဖော်ပြတတ်ဖို့ လိုအပ်ပါတယ်။ ဒီလို ဖော်ပြထားခြင်းအားဖြင့် ကွီးတို့သည် ကိုယ့်ရဲ့ အရည်အချင်းကို အမြဲတစေ သွေးထားတတ်တဲ့ လူတော်တစ်ယောက်ဖြစ်ကြောင်းကို ပြသပြီးသား ဖြစ်သွားပါလိမ့်မယ်။

ဒီအချက်တွေနဲ့ သေချာ ရွှိုင်းလိုက်လို့ကတော့ ကွီးတို့ CV က အလုပ်ရှင်တွေ ကြွေချင်စရာ ဖြစ်သွားပါလိမ့်မယ်။​

Source: Topuniversities.com

Featured Image: Edcab.org