ဒီခေတ်ကြီးထဲမှာ အလုပ်တစ်ခုရဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါ့ကြောင့် အလုပ်တစ်ခု ရချင်တယ်ဆိုရင် အင်တာဗျူး သွားဖြေတဲ့အခါ ဘယ်လိုအချက်တွေကို ဦးစားပေး ပြင်ဆင်သင့်သလဲဆိုတာ သိထားသင့်ပါတယ်။​

ကုမ္ပဏီအကြောင်းကို နောကျေနေအောင် လေ့လာသွားပါ

အင်တာဗျူး ဦးစားပေး

ကိုယ် သွားလျှောက်တဲ့ ကုမ္ပဏီက အလှကုန် ကုမ္ပဏီလား၊ သတင်းအချက်အလက်နဲ့ နည်းပညာပိုင်း ကုမ္ပဏီလား၊ ကုန်ထုတ်လုပ်ပိုင်း ကုမ္ပဏီလား၊ ဆက်သွယ်ရေး ကုမ္ပဏီလား အစရှိတာကို သိထားဖို့လိုအပ်ပါတယ်။ ဒါမှသာ အင်တာဗျူး အမှတ်ကောင်းကောင်းရမှာဖြစ်ပြီး ကိုယ် သိထားတဲ့ ဗဟုသုတနဲ့ အင်တာဗျူး မေးခွန်းများကို ပြင်ဆင်ထားနိုင်မှာပဲဖြစ်ပါတယ်။

ယေဘုယျ အမေးများတဲ့ မေးခွန်းများကို ကြိုတင်ပြင်ဆင်သွားပါ

ယေဘုယျ အမေးများတဲ့ မေးခွန်းတွေကတော့ “ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါဦး” ၊ “ ဒီရာထူးမှာ ဘာလို့လုပ်ချင်တာလဲ”၊ “ဒီကုမ္ပဏီမှာ ဘာလို့ လုပ်ချင်တာလဲ” အစရှိတဲ့ မေးခွန်းများအတွက် အဖြေတွေ ကြိုရှာထားပါ။ ကြိုတင် မပြင်ဆင်ထားဘူးဆိုရင် ဟိုရောက်မှ အိုးနင်း ခွက်နင်းနဲ့ အင်တာဗျူးတဲ့သူ စိတ်ကုန်သွားပါလိမ့်မယ်။

အလုပ်ခန့်စာမှာ ဖော်ပြထားတဲ့ အချက်တွေကို နောက်တစ်ခေါက်ဖတ်သွားပါ

အင်တာဗျူး ဦးစားပေး

ကုမ္ပဏီက ဘယ်လိုအချက်မျိုးကို လိုချင်တာလဲ။ ဘယ်လိုအားသာချက်တွေကို ရှာဖွေနေကြတာလဲ။ ကိုယ့်မှာရော ဘာအားသာချက်တွေ ရှိသလဲ။ အားနည်းချက်တွေ ရှိသလဲ အစရှိတာတွေကို သေချာ စဥ်းစားထားဖို့ လိုအပ်ပါတယ်။ လိုအပ်မယ်ဆိုရင် အလုပ်ခန့်စာမှာ ဖော်ပြထားတဲ့ လိုအပ်ချက်များကို ပရင့်ထုတ်ထားပြီး Print ထုတ်သွားလိုက်ရင် အကောင်းဆုံးပါပဲ။

ကြိမ်ဖန်များစွာ လေ့ကျင့်ပါ

အင်တာဗျူး ဦးစားပေး

ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်းသည် ပြီးပြည့်စုံမှုကို ဆောင်ကျဥ်းပေးပါတယ်။ ကွီးတို့အနေနဲ့ အင်တာဗျူး သွားမဖြေခင်မှာ ကိုယ့်အိမ်က မှန်ထဲမှာ ထပ်ခါတလဲလဲ လေ့ကျင့်သင့်ပါတယ်။​ ဒီလိုလေ့ကျင့်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာပြီး အင်တာဗျူးသူများရဲ့ အမြင်မှာ ကြည့်ကောင်းပြီး သူတို့လည်း သဘောကျကြမှာဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူက တစ်ပန်းသာပါတယ်။​ ဒါ့ကြောင့် ကွီးတို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်ပါ။ စကေးလိုအပ်ချက်များကို ဖြည့်ဆည်းပါ။

First Impressions သည် အရေးကြီးပါတယ်

First Impressions သည် အရေးကြီးပါတယ်

အင်တာဗျူး အတွက် ဦးစားပေး သင့်တဲ့အချက်တွေထဲမှာ First Impressions သည်လည်း ပါဝင်ပါတယ်။ လူတစ်ယောက်ကို အမြင်နဲ့ မဆုံးဖြတ်နဲ့ဆိုတဲ့စကားသည် အင်တာဗျူးမယ့်သူတွေရှေ့မှာတော့ အကြုံးမဝင်ပါဘူး။ သူတို့သည် ကွီးတို့ကို First Impressions နဲ့ အကဲဖြတ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်ဆင်သွားပါ။ ဆံပင်ကို သေချာ ဖြီးလိမ်းပြင်ဆင်သွားပါ။ ကပိုကရိုစတိုင်လ်ကို ဖျောက်ဖျက်ကာ သပ်ရပ် ကျော့ရှင်းနေအောင် ကြိုးစားရပါမယ်။​ အင်တာဗျူးကိုလည်း အနားနီးမှ ကပ်သွားတာမျိုး မလုပ်ဘဲ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် စောရောက်အောင် ကြိုးစားသင့်ပါတယ်။

ကွီးတို့ရော အင်တာဗျူး သွားဖြေဖို့အတွက် ဘယ်လိုမျိုး ကြိုးစားပြင်ဆင်နေပါသလဲ။ အင်တာဗျူး အောင်သွားတဲ့ ကွီးတို့လည်း ကိုယ့်ရဲ့ ဂျူနီယာတွေကို အကြံပေးစကားများ ကော့မန့်ထဲမှာ မန့်သွားခဲ့ကြပါဦး။

Source: Uk.indeed

Featured Image: Freepik