သီးခြားနေတက်တဲ့ အတွင်းစွဲစရိုက်ရှိသူ Introverts တွေဟာ စီးပွားရေးနယ်ပယ်မှာ အောင်မြင်နိုင်ပါ့မလား မေးခွန်းထုတ်စရာပါ။ Business နယ်ပယ်ဟာ အရမ်းကိုကျယ်ပြန့်သလို လူတွေအများကြီးနဲ့ ပေါင်းသင်းချိတ်ဆက်မှု အားကောင်းမှလည်း စီးပွားရေးလောကမှာ အခိုင်ခြေခိုင်တဲ့နေရာတစ်ခုနဲ့ ကောင်းစွာရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆို Introverts တွေအတွက် ဒါဟာ မဖြစ်နိုင်တဲ့ စိန်ခေါ်မှုကြီး သပ်သပ်ပဲလား တွေးကောင်းတွေး နေနိုင်ပါတယ်။ ဒါဆိုရင်တော့ လူသိနည်းတဲ့ လျို့ဝှက်ချက်တစ်ခု ပြောပြချင်ပါတယ်။ အခုလက်ရှိ ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားနေတဲ့ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်တဲ့ Mark Zuckerberg ၊ Elon Musk ၊ Larry Page အပါအဝင် Warren Buffett ၊ Bill Gates ၊ Wendy Kopp တို့ဟာ Introverts တွေပါ။ Introverts တွေအနေနဲ့ စီးပွားနယ်ပယ်မှာ အောင်မြင်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ ဒီပုဂ္ဂိုလ်တွေကို ကြည့်ရုံနဲ့ သံသယဖြစ်စရာ မရှိပါဘူး။ တကယ့်တကယ်တမ်း Introvert တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစီးဦးဆောင် ကိုယ်တွယ်ထိန်းကျောင်းရာမှာ သူမတူတဲ့ ထူးခြားတဲ့ အားသာချက် စကေး တွေ ရှိနေပါတယ်။

(၁) နားထောင်မှု စကေး

Introverts

Photo : SACAP

Introverts တွေဟာ နားထောင်ကောင်းသူတွေ ဖြစ်ကြပါတယ်။ တက်ကြွစွာ နားထောင်တက်တဲ့ အရည်အချင်းက စီးပွားရေးနယ်ပယ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖောက်သည်တွေရဲ့ လိုအပ်ချက် / တုံ့ပြန်ချက်တွေကို သေချာဂရုတစိုက်နားထောင်တက်တဲ့ Introverts တွေ အနေနဲ့ ဝယ်သူရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန် ၊ ဝန်ဆောင်မှုတွေကို အမြဲမပြတ် ဖြည့်ဆည်းပေးနိုင်မှာဖြစ်တာအတွက် အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ကောင်းစွာလည်ပတ်နိုင်မယ်ဆိုတာ သေချာပေါက် ယုံကြည်လို့ရပါတယ်။

(၂) အသေးစိတ် ဂရုစိုက်တက်တဲ့ စကေး

Introverts

Photo : Open Colleges

Introverts တွေဟာ ဘာပဲလုပ်လုပ် Detail ကျကျ လုပ်ဆောင်တက်သူတွေပါပဲ။ အသေးစိတ်ကို ဂရုစိုက်တက်တဲ့ အလေ့အကျင့်ဟာ အမှားနည်းပြီး အောင်မြင်မှုအနှေးနဲ့အမြန် ရစေဖို့ များစွာအရေးပါပါတယ်။ လုပ်ငန်းတစ်ခု အောင်မြင်တယ် / ကျရှုံးတယ်ဆိုတဲ့ ရလဒ်နှစ်ခုရဲ့ ခြားနားချက်မှာလည်း အသေးစိတ်အချက်လေးတွေကို အာရုံစိုက်ခြင်းက အဓိကပတ်သတ် ဆက်နွယ်နေတာပဲ ဖြစ်ပါတယ်။

(၃) တီထွင်ဖန်တီးမှု စကေး

Introverts

Photo : Verywell Mind

Introverts တွေဟာ Creativity သိပ်ကောင်းကျတဲ့ သူတွေပါ။ အမြဲတမ်းလိုလို အခြားသူတွေနဲ့ ကွဲထွက်နေတဲ့ အမိုက်စား အိုင်ဒီယာတွေ ၊ အကြံဉာဏ်အသစ်အဆန်းတွေကို စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိကြပါတယ်။ စီးပွားရေးနယ်ပယ်မှာလည်း ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်း ၊ တီထွင်ဖန်တီးမှုရှိတဲ့ စျေးကွက်ရှာဖွေရေးဗျူဟာတွေကို အသုံးပြုမယ်ဆိုရင် သင့်လုပ်ငန်းဟာ ပြိုင်ဘက်ကင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါပဲ။

(၄) အာရုံစူးစိုက်မှု စကေး

Introverts

Photo : Ironhack

Introvert တွေဟာ အလုပ်တစ်ခုကို အချိန်ကြာမြင့်စွာ အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်ရှိပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို Focus ကောင်းကောင်းထားနိုင်ခြင်းဟာ လုပ်ငန်းပိုမို တိုးတက်ကြီးပွားဖို့အတွက် အဓိက လိုအပ်ချက်တစ်ခုပဲ မဟုတ်လား။ ဒါကြောင့်လည်း ဘာပဲလုပ်လုပ် အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဖို့ အောင်မြင်သူအများစု တိုက်တွန်းတာ ဖြစ်ပါတယ်။

ကွီးတို့က Introvert တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် စီးပွားရေးနယ်ပယ်မှာ အောင်မြင်နိုင်ပါ့မလားလို့ သံသယဖြစ်မနေပါနဲ့။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို အသုံးချတက်ဖို့ပဲ လိုတာပါ။

Featured Photo : Verywell Mind