အင်္ဂလန် ကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ ဖိုင်နယ်အဆင့်ထိတောင် ရောက်လာခဲ့ ရပါပြီ။ လိမ်ဖယ် လိမ်ဖယ်နဲ့ ဆီမီးအထိ တက်လှမ်းခဲ့ရင်းကနေ ဆီမီးမှာတော့ နယ်သာလန်ကို အကောင်းဆုံး ကစားသွားခဲ့ရင်း ဆောက်ဂိတ်ရဲ့ မှန်ကန်တဲ့ လူစားလဲမှုတွေကနေ ပွဲပြီးခါနီးမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့လို့ ယူရိုပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ဆီ (၂)ကြိမ် ဆက်တိုက်အထိ တက်လှမ်းနိုင်ခဲ့ရပါတယ်။

eng vs esp

Photo Credit: Sky Sports

ဒါပေမယ့် အင်္ဂလန် တို့ ဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် အသင်းက စပိန်ပါ။ စပိန်ဆိုတာက ယူရို-၂၀၂၄ ပြိုင်ပွဲ မကျင်းပခင်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ ပါဝင်ခြင်း မရှိပေမယ့် ခက်ခဲတဲ့ အုပ်စု ခက်ခဲတဲ့ ရှုံးထွက်အဆင့်တွေကို ကျော်ဖြတ်ရင်း ဖိုင်နယ်အထိ တက်လှမ်းလာနိုင်ခဲ့တဲ့ အသင်းတစ်သင်းပါ။ (၁၆)နှစ်သားလေး ယာမဲလ် ဒဏ်ရာရသွားတဲ့ ပတ်ဒရီနေရာ အစားဝင်လာခဲ့တဲ့ အော်လ်မို လက်စွမ်းပြနေတဲ့ ဂိုးသမား ဆီမွန် ချယ်လ်ဆီးက ကူကူရယ်လာနဲ့ ဘာမှမဆိုင်တော့အောင် ခြေစွမ်းပြထားနိုင်တဲ့ ကူကူရယ်လာ အပါအဝင် တစ်သင်းလုံးက ကစားသမားတွေအားလုံးရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်များနဲ့ စပိန်ဟာ ကွာတားလောက်မှာကတည်းက ဒီပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အသင်းအဖြစ်ပါ သတ်မှတ်ခံလာခဲ့ရပါတယ်။

ollie watkins

Photo Credit: Goal

ယူရို-၂၀၂၄ မကျင်းပခင် ပြင်သစ်ပြီးရင် ဒုတိယမြောက် ရေပန်းအစားဆုံး အသင်း ဖြစ်ခဲ့တဲ့ အင်္ဂလန်ဟာ အုပ်စုပွဲစဉ်တွေမှာကတည်းက ချန်ပီယံ ခြေစွမ်းမျိုးတာကို ဘယ်လိုမှ မပြသနိုင်ခဲ့ပေမယ့်လည်း လိမ်ဖယ် လိမ်ဖယ်နဲ့ပဲ ကွာတား ဆီမီးကနေ နောက်ဆုံးတော့ ဖိုင်နယ်အထိပါ တက်လှမ်းနိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အင်္ဂလန်က စပိန်နဲ့ ဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်လို့ underdog team အဖြစ်နဲ့သာ သတ်မှတ်ခံနေရပါတယ်။ စပိန်ကလည်း ယူရို-၂၀၂၄ ပြိုင်ပွဲတစ်လျှောက်လုံး အီတလီ ခရိုအေးရှား ဂျာမနီ ပြင်သစ်တို့လို ဥရောပရဲ့ အင်အားကြီး အသင်းတွေကို အလဲထိုးထားနိုင်တဲ့ အသင်းမျိုး ဖြစ်နေတာကြောင့်နဲ့ လက်ရှိ အကောင်းဆုံးဖြစ်နေတဲ့ form တွေအရ စပိန်က အင်္ဂလန် ကိုပါ ဖိုင်နယ်မှာ အလဲထိုးနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

england team

Photo Credit: FOX Sports

ဒါပေမယ့်လည်း ဘောလုံးဆိုတာ အလုံးကြီးပဲလေ။ အင်္ဂလန် ဆိုတာက ဘယ်လင်ဟမ်ရဲ့ နောက်ကျ ချေပဂိုးနဲ့ ဆလိုဗက်ကီးယားကို သရေရလဒ် ရယူရင်း အချိန်ပိုမှာ ဟယ်ရီကိန်းဂိုးနဲ့ ကွာတားကို တက်တယ်။ ကွာတားမှာလည်း ဆာကာရဲ့ ချေပဂိုးနဲ့ ပွဲချိန်အတွင်း သရေကျပြီး ပင်နယ်တီမှာ ဆွစ်ကို နိုင်တယ်။ ဆီမီးမှာလည်း လူစားဝင် ဝက်ကင်းစ်ရဲ့ နောက်ကျ အနိုင်ဂိုးနဲ့ နယ်သာလန်ကို ကျော်ဖြတ်ခဲ့တယ်။ ဆိုတော့ အင်္ဂလန်ရဲ့နောက်မှာ ကံတရားက ကပ်လိုက်နေပုံ ဖြစ်နေတဲ့အပြင် နယ်သာလန်နဲ့ ပွဲမှာလည်း ပုံစံကောင်းပါ ပြသထားနိုင်တာကြောင့် ဒီတစ်ကြိမ် ယူရို ဖိုင်နယ်မှာ အင်္ဂလန်တို့ စည်သူလွင် သီချင်းကလို ဒုတိယလူအဖြစ်နဲ့ မပြီးဆုံးသွားဖို့ အလားအလာ ကောင်းနိုင်မလားဆိုတာ…

Featured Photo: The Independent