အစာစားပြီးနောက်မှာ လေ့ကျင့်ခန်း မလုပ်ဖို့ တားမြစ်ချက်တွေကို ကွီးတို့ ကြားဖူးနားဝ ရှိမယ်ထင်ပါတယ်။ ဒီထဲမှာ ယောဂ တော့ မပါပါဘူး။ အစာစားပြီး ယောဂကစားတာဟာ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ညစာစားပြီးချိန်မှာ ယောဂကစားမယ်ဆိုရင် အိပ်စက်မှုကိုပင် ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အစာစားပြီးနောက် ပြုလုပ်နိုင်တဲ့ ယောဂကစားနည်းတချို့ကို မျှဝေပေးပါမယ်။

(၁) Vajrasana (Thunderbolt Pose / Diamond Pose)

Vajrasana (Thunderbolt Pose / Diamond Pose)
Photo : Healthshots

နေ့လယ်စာ ၊ ညစာ ဒါမှမဟုတ် ဘယ်အချိန်ဖြစ်ဖြစ် အစာစားပြီးနောက်မှာ Vajrasana ယောဂနည်းကို ကစားနိုင်ပါတယ်။ Vajrasana ယောဂနည်းက အစာမကြေတာ ၊ ဝမ်းချုပ်တာ စတဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်ပြီး ဗိုက်နာဗိုက်အောင့်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) Supta Baddha Konasana (Reclining Bound Angle pose)

Supta Baddha Konasana (Reclining Bound Angle pose)
Photo : Healthshots

Supta Baddha Konasana ယောဂနည်းကတော့ ပေါင်အတွင်းပိုင်းနဲ့ ဒူးတွေကို ဆန့်ထုတ်ကာ ကစားရတဲ့အတွက် Parasympathetic Nervous System ကို မြှင့်တင်ပေးပြီး အစာခြေစနစ်ကို အားကောင်းစေဖို့ ကူညီပေးပါတယ်။ ပင်ပန်းနွမ်းနယ် နေတဲ့အခါ ၊ ညဘက်အိပ်မပျော်တဲ့ အချိန်တွေမှာ ဒီယောဂနည်းကို ပြုလုပ်ခြင်းဖြင့်လည်း ပင်ပန်းမှုတွေ သက်သာစေနိုင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

(၃) Urdhva Prasarita Padasana (Upward Extended Feet Pose)

Urdhva Prasarita Padasana (Upward Extended Feet Pose)
Photo : Healthshots

Urdhva Prasarita Padasana ယောဂ နည်းက Core ဧရိယာတဝိုက်ကို ကောင်းကောင်းအလုပ်လုပ်စေပါတယ်။ ဝမ်းဗိုက်နေရာတစ်ခုလုံး လှုပ်ရှားကစားပေးရတဲ့အတွက် အစာခြေဖျက်မှုနှုန်းကို မြန်ဆန်စေပြီး အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ်။

(၃) Marjaryasana-Bitilasana (Seated Cat Cow Pose)

Marjaryasana-Bitilasana (Seated Cat Cow Pose)
Photo : Healthshots

Marjaryasana-Bitilasana ကတော့ တင်ပါး ၊ နောက်ကျောနဲ့ ဝမ်းဗိုက်က ကြွက်သားတွေကို ဆန့်ထုတ်ပေးရတဲ့ ယောဂနည်းတစ်ခု ဖြစ်ပါတယ်။ ဒီယောဂကစားနည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအပါအဝင် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေဖို့ လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာစားပြီးနောက် ဗိုက်ပြည့်အင့်တာ ၊ မသက်မသာ မခံစားရတာတွေကို လျော့ကျသက်သာစေမှာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Healthshots