Globalization ကူးပြောင်းမှုမှာ လူတွေဟာ နေမှုထိုင်မှုပုံစံ ၊ ယဉ်ကျေးမှု ၊ ဘာသာစကား နဲ့ အစားအသောက် တွေပါ တခြားနိုင်ငံ‌တွေဆီကနေ လက်ဆင့်ကမ်းယူရတာကို သဘောကျလာကြပါတယ်။ ဒီထဲမှာ အစားအသောက်က ပိုပြီး Globalization ဆန်လာတယ်လို့ ဆိုနိုင်ပါတယ်။ အရင်က ကိုယ့်ဒေသထွက် အစားအသောက် လောက်နဲ့ တင်းတိမ်နေရသူတွေပါ နိုင်ငံတကာက အရသာတွေ မြည်းစမ်းချင်စိတ်တွေ ထက်သန်လာကြပါတယ်။

အစားအသောက်ကို အမှီပြုပြီး တချို့နိုင်ငံတွေလည်း နာမည်ကောင်းရလာခဲ့သလို ကမ္ဘာကို ထိုးဖောက်နိုင်လာတဲ့နောက် နိုင်ငံအလိုက် စားသောက်မှု စတိုင် တွေမှာ ရှေ့က နိုင်ငံရဲ့ အမည်ကို အစွဲပြုပြီး အီတလီ ပီဇာ ၊ ပီကင်း ဘဲကင် ၊ ယိုးဒယား ကွေ့တီယို စသဖြင့် အစားအသောက်ကြောင့် နာမည်ပါ နိုင်ငံဂုဏ်တက်ပြီး လူသိများလာအောင်အထိ အရာရောက်လာပါတယ်။

အစားအသောက် နဲ့ ပတ်သက်လာရင် ဒေသထွက် အစားအစာအပြင် နိုင်ငံတကာက အစားအသောက်တွေပါ မြည်းချင်သူတွေအတွက် နိုင်ငံအလိုက် ထင်ရှားကျော်ကြားတဲ့ အစားအသောက် စတိုင် Food Style တွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ကမ္ဘာတလွှားထင်ရှားတဲ့ အစားအသောက် ပုံစံတချို့အကြောင်း အစားအသောက်ချစ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) Japanese Flavours

Japanese Ramen

Photo : tsunagujapan

ဂျပန်ရဲ့နာမည်ကျော် ရိုးရာအစားအသောက်တွေက ကမ္ဘာ့ အစားအသောက်ချစ်သူ Foodie တွေ နှစ်သက်တဲ့ အစားအသောက်ထဲမှာ ပါပါတယ်။ ဂျပန် အစားအသောက်တွေဖြစ်တဲ့ Wasabi ၊ Azuki ၊ Yuzu ၊ Matcha ၊ Shichimi ၊ Goma ၊ Kinako ၊ Dashi ၊ Tonkatsu Sauce ၊ Ramen ၊ Kuromitsu ၊ Hojicha စတဲ့ အစားအသောက် တွေကို Foodie တွေရဲ့ လျှာက အရသာတွေ့ကြပါတယ်။ ဂျပန်အရသာကို အချို ၊ အချဉ် ၊ အငံ ၊ အခါး နဲ့ Umami လို့ ခေါ်တဲ့ ချဉ်ချိုငံစပ်အရသာ ၅ မျိုးနဲ့ ပြောလေ့ရှိပါတယ်။

ဗြိတိန်စူပါမားကက် လုပ်ငန်းစုကြီး ဖြစ်တဲ့ Waitrose & Partners အရဆို Waitrose ရဲ့ ကိုယ်ပိုင် Umami Paste လက်လီအမှတ်တံဆိပ် ရောင်းအားအရဆို ၂၀၁၉ ခုနှစ်ကထက် ၁၇% ပိုမြင့်တက်ခဲ့ပြီး ဆူရှီရောင်းအားဟာ ၅၄% ပိုမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွက် Sushi ရောင်းအားဟာ ၅၇% မြင့်တက်ခဲ့ပြီး Nori ရေညှိရောင်းအားဟာ ၂၀၂၀ ကာလတူထက် ၅၆% ပိုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

(၂) Levantine Food

Levantine Food

Photo : bbcgoodfoodme

အာရှအနောက်ပိုင်း အရှေ့ပိုင်းမြေထဲပင်လယ် နယ်မြေတွေ Levantine လို့ ပြောရရင် ဆီးရီးယား ၊ လက်ဘနွန် ၊ အစ္စရေး ၊ ပါလက်စတိုင်း နဲ့ ဂျော်ဒန်နယ်တွေ ပါဝင်ပါတယ်။ Levantine ဟင်းလျာတွေ ဆိုတာ Levant ရိုးရာအစားအသောက်ဖြစ်ပြီး နာမည်ကျော် Levantine Dishes တွေထဲမှာ Arabic Coffee ကော်ဖီ ၊ Awameh မုန့်ကြွပ် ၊ Baba Ghanoush ဟင်းအနှစ် ၊ Baklava အချိုပွဲ ၊ Bamia သိုးသားစတူး ၊ Challah ကြက်ဥပေါင်မုန့် ၊ Falafel ကုလားပဲခြောက်လုံးကြော် ၊ Ful Medames ပဲစတူး ၊ Hummus Salad သုတ် ၊ Jerusalem Mixed Grill ကြက်အသည်းအမြစ်ဟင်း စသည်ဖြင့် ဟင်းခွက်မျိုးစုံနဲ့ Meze တွေ ပါပါတယ်။ ဆီရီးယား ၊ လက်ဘနွန် ၊ ဂရိ ၊ တူရကီ ၊ ကော့ကေးဆပ် ၊ ဘော်လ်ကန် စတဲ့ နိုင်ငံတွေမှာ တည်ခင်းစားသောက်လေ့ရှိပါတယ်။

(၃) Korean Fare

Korean Food

Photo : CNN

ကိုရီးယားယဉ်ကျေးမှုဟာ ဒီနေ့ မီဒီယာလောကရဲ့ ကြီးစိုးမှုနဲ့အတူ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ရောက်ရှိသွားပြီလို့ ဆိုနိုင်ပါတယ်။ ကိုရီးယားတွေရဲ့ နေထိုင်မှုပုံစံရော ၊ ကိုရီးယား အစားအသောက်တွေပါ တောင်ကိုရီးယား ရုပ်ရှင် ၊ TV Shows တွေနဲ့အတူ ကမ္ဘာအနှံ့ ရောက်သွားတာပါ။ အထူးသဖြင့် ကိုရီးယား အစားအသောက် တွေက ပိုလို့ ကမ္ဘာကျော်မယ် ထင်ပါတယ်။

တလောက ကမ္ဘာ့ရုပ်ရှင်လောကကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလောက်အောင် နာမည်ကြီးသွားတဲ့ ကိုရီးယား Netflix Show Squid Game မှာဆိုရင် တောင်ကိုရီးယား ဒေသမုန့် Dalgona ကို သေချာ ထည့်ပြီး ကြော်ငြာသွားခဲ့သလို Hangover Stew ၊ Kimchi ၊ တိုဖူးပျော့စတူး Soft Tofu Stew ၊ Samgyeopsal ၊ Jjajangmyeon ၊ Chimaek ၊ Kimchi Stew ၊ Samgyetang ၊ Bibimbap ၊ Soy sauce crab စတဲ့ နာမည်တွေကိုလည်း ကမ္ဘာ့ Foodie တွေရဲ့ နှုတ်ဖျားမှာ လူကြိုက်များ ကျော်ကြားလှပါတယ်။

(၄) Ethiopian Cuisine

Ethiopian Cuisine

Photo : Rumi Spice

Ethiopian Cuisine တွေမှာ အသီးအရွက်နဲ့ ရှုးရှုးရှဲရှဲ ခပ်စပ်စပ် အရသာ အသားဟင်းတွေ ပါလေ့ရှိပါတယ်။ Ethiopian Cuisine ထဲမှာ Shiro be Kibbe ပဲစတူးဟင်းက နာမည်အကြီးဆုံး အစားအသောက်တစ်ခု ဖြစ်ပါတယ်။ ငရုတ်သီးတွေ စိတ်ကြိုက်သုံးထားပြီး အစပ်ကဲလို့ Spicy ကြိုက်တဲ့ အစားအသောက် ချစ်သူတွေရဲ့ လျှာနဲ့တော့ အကိုက်ပဲလို့ ဆိုရမှာပါ။

Featured Photo : Concrete Playground