ကွီးတို့ရေ အစား စားပြီးပြီးချင်းမှာ ကော်ဖီ သောက်တတ်တဲ့ အလေ့အကျင့်မျိုး ရှိပါသလား။ အချို့လူတွေသည် အစား စားပြီးတဲ့အခါ ကော်ဖီ သောက်လိုက်ရမှ နေလို့ထိုင်လို့ ကောင်းသွားပြီး ဘဝရဲ့ ပြီးပြည့်စုံမှုက ဒီလိုပါလားဆိုတဲ့ အရသာကို ခံစားမိကြရတာပါ။ ဒါပေမဲ့ အစား စားပြီးပြီးချင်းမှာ ကော်ဖီ သောက်တတ်တဲ့ အလေ့အကျင့်က ကွီးတို့ရဲ့ ကျန်းမာရေးကိုရော အလှအပကိုပါ ထိခိုက်နေတယ်ဆိုတာကို သိပြီးပါပြီလား။

ဒီဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ ဘာ့ကြောင့် ဒီအလေ့အကျင့်ကို ဖျောက်ဖျက်သင့်သလဲဆိုတာကို သိသွားပါလိမ့်မယ်။

အသားအရေကို ခြောက်သွေ့သွားစေလို့

skin

မနက်ခင်း စောစောမှာ ကော်ဖီသောက်သုံးခြင်းသည် ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။​ သို့သော် အစား စားပြီးပြီးချင်းမှာ ကော်ဖီသောက်လိုက်မယ်ဆိုရင်တော့ အစားအစာတွေထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်များကို စုပ်ယူလိုက်ပါတယ်။ အထူးသဖြင့် သံဓာတ်ပါဝင်မှု ၈၀ ရာခိုင်နှုန်းခန့်ကို စုပ်ယူလိုက်တာကြောင့် ကွီးတို့ ခန္ဓာကိုယ်မှာ သံဓာတ်အလုံအလောက် ရရှိတော့မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ အသားအရေသည် ဖြူဖျော့လာပြီး အသားအရေက တဖြည်းဖြည်း ခြောက်သွေ့ ဖျော့တော့လာပါလိမ့်မယ်။ အရေးအကြောင်းများသည်လည်း ပိုမိုသိသာထင်ရှားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

သွားများကို ပျက်စီးစေနိုင်လို့

အစား ကော်ဖီ

အစား စားပြီးနောက် ကော်ဖီသောက်ခြင်းသည် အခြားသော သတ္တုဓာတ်များ၊ အထူးသဖြင့် ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူပစ်လိုက်ပါတယ်။ ကျနော်တို့သည် ကယ်လ်စီယမ်ဓာတ်ကို သဘာဝအားဖြင့် ချွေးနှင့် ဆီးမှ တဆင့် ဆုံးရှုံးလေ့ရှိပါတယ်။ တကယ်လို့ ကော်ဖီသောက်ခြင်းကြောင့်သာ ထပ်မံ ဆုံးရှုံးရမယ်ဆိုရင်တော့ အရိုးနှင့် သွားများ ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာပါလိမ့်မယ်။ အလှအပဘက်က ကြည့်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ သွားတွေသည် ဝါကျဥ်ကျဥ်ကြီး ဖြစ်နေမှာဖြစ်ပါတယ်။

မကောင်းတဲ့ ကိုလက်စတောပမာဏကို မြင့်တက်စေလို့

အစား ကော်ဖီ

ခန္ဓာကိုယ်ထဲတွင် ကောင်းတဲ့ ကိုလက်စတောနှင့် မကောင်းတဲ့ ကိုလက်စတောဆိုပြီး နှစ်မျိုး ခွဲခြားထားနိုင်ပါတယ်။ ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်လေး တစ်ချပ်သည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်ခု မဟုတ်ပေမယ့် ကော်ဖီနဲ့ တွဲသောက်တဲ့အခါ အင်မတန်မှ အရသာရှိတာကို တွေ့မြင်ရမှာပါ။ ထိုကဲ့သို့ ကော်ဖီနှင့် အစားအစာ နောက်တစ်မျိုးကို တပြိုင်နက်တည်းမှာပဲ အတူတူ တွဲစားတဲ့အခါ ကိုလက်စတောပမာဏသည် ထိုးတက်လာမှာဖြစ်ပါတယ်။ မြောက်မြားစွာသော လေ့လာတွေ့ရှိချက်များအရ ကော်ဖီထဲတွင် ပါဝင်တဲ့ အဆီဓာတ်သည် ကိုလက်စတောပမာဏကို ကမောက်ကမဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်မားစေနိုင်တယ်လို့လည်း သိရှိရပါတယ်။

ဆံကေသာ အလှအပနှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်လို့

အစား ကော်ဖီ

ကိုယ် စားသုံးလိုက်တဲ့ အစားအစာက ဘယ်လောက်ပဲ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်ပဲဆိုဆို အစား စားပြီးပြီးချင်းမှာပဲ ကော်ဖီသောက်သုံးခြင်းသည် စောစောက စားခဲ့တဲ့ အစားအစာများကို စုပ်ယူပစ်လိုက်မှာပဲဖြစ်ပါတယ်။ ဒီအမူအကျင့်ကြောင့် ဆံကေသာများ ပျက်စီးကြမ်းတမ်းလာပြီး ခန္ဓာကိုယ်ရဲ့ ယေဘုယျ ကျန်းမာရေးအဝွက်လည်း မကောင်းပါဘူး။ ဆံပင်ကျွတ်ပြီး ဆံပင်တွေ တဖြည်းဖြည်း ပါးလာမယ်။ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးပြီး ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာပါလိမ့်မယ်။

အထက်ဖော်ပြပါ အချက်များကြောင့် အစားအစာများ စားပြီးတာနဲ့ ချက်ချင်းဆိုသလို  ကော်ဖီ တန်းသောက်တာမျိုးကို ရှောင်ကြဥ်ရမှာပဲဖြစ်ပါတယ်။

Source: Brightside

Featured Image: Freepik