ခန္ဓာကိုယ်ပေါ်က အဆီပိုတွေသည် မဖိတ်ခေါ်ပါဘဲနဲ့ ရောက်လာတတ်တဲ့ ဧည့်သည်တွေလိုပါပဲ။ ကွီးတို့က ထို အဆီပို တွေကို နှုတ်ဆက် ချင်ပေမယ့် သူတို့က အလိုက်မသိဘဲ ရှိနေတတ်ပါတယ်။ အလိုက်မသိတတ်တဲ့ အဆီပို တွေကို တစ်သက်လုံး နှုတ်ဆက် ချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။ အဆီအဆိမ့်တွေကို (လုံးဝ) မထိဘဲ လေ့ကျင့်ခန်းများနဲ့သာ အဖော်ပြုရမှာဖြစ်ပါတယ်။ ကွီးတို့ကို အဖော်ပြုပေးမယ့် လေ့ကျင့်ခန်းများကတော့…

လေ့ကျင့်ခန်း (၁)

man workout

ဒီလေ့ကျင့်ခန်းလေးရဲ့ နာမည်ကတော့ Crunches လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ ဒူးနှစ်ဖက်ထောင်ထားလိုက်ပါ။ လက်နှစ်ဖက်ကိုတော့ ခေါင်းအနောက်မှာ ထားလိုက်ပါ။

ပြီးရင်တော့ ဗိုက်ကြွက်သားကို အသုံးပြုပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးလိုက်ပါ။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

man workout

နောက်ထပ်လေ့ကျင့်ခန်းကတော့ Bicycle Crunches လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေကာ လက်နှစ်ဖက်ကို နောက်စေ့နားမှာ ထားထားလိုက်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို စက်ဘီး စီးနေသလိုမျိုး ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

အဆီပို နှုတ်ဆက်

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Butterfly Hip Thrust ပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပြီး လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီမှာ ထားထားလိုက်ပါ။ ထို့နောက် ခြေဖဝါးနှစ်ဖက်ကို စုဆုံးထားကာ ဒူးနှစ်ဖက်ကို ဘေးသို့ ကားထားလိုက်ပါ။

ထို့နောက် တင်ပါးကို အပေါ်သို့ ကြွလိုက်၊ အောက်ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

အဆီပို နှုတ်ဆက်

နောက်ထပ် ပြုလုပ်ရမယ့် လေ့ကျင့်ခန်းကတော့ Flutter Kicks လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေကာ ခြေထောက်နှစ်ဖက်ကို အပေါ် အောက် တစ်လှည့်စီ လွှဲပေးရမှာဖြစ်ပါတယ်။

စုစုပေါင်း ၁၂ ကြိမ်မှ ၁၅ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့ ပြုလုပ်ရပါမယ်။​

လေ့ကျင့်ခန်း (၅)

အဆီပို နှုတ်ဆက်

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ  လေးဘက်ထောက်ပြီး အသင့်အနေအထားပြင်ပါ။

ထို့နောက် ဘယ်ဒူးကို ကြမ်းပြင်ပေါ်ကနေ ကြွလိုက်ပြီးနောက် လေထဲမှာ စက်ဝိုင်းပုံသဏ္ဍာန် ပြုလုပ်ပေးလိုက်ပါ။ ဘယ်ခြေက ၁၂ ကြိမ် ပြည့်သွားတဲ့အခါ ညာခြေကို ၁၂ ကြိမ် ဆက်လက်ပြုလုပ်လိုက်ပါ။

ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပြီးပါက တစ်ကျော့ပြည့်သွားပါပြီ။ နောက်ထပ် ၃ ကျော့ ဆက်လက်ပြုလုပ်ပေးရပါမယ်။

ဒီလေ့ကျင့်ခန်းများကို နေ့စဥ် ပြုလုပ်ပေးတဲ့အခါ တစ်ရက်လျှင် ၅ မိနစ်ခန့် Plank ထောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးက အဆီပို တွေကို ထာဝရ နှုတ်ဆက် လိုက်လို့ရပါပြီ။

ကွီးတို့ရော အဆီပိုတွေကို ထာဝရ မနှုတ်ဆက်ချင်ဘူးလား။

Source: Avldispensary.com

Featured Image: Freepik