ကယ်လိုရီ များတဲ့ အစားအစာများ၊ မုန့်ပဲသွားရေစာများ စိတ်ကြိုက် စားပြီးမှ ခန္ဓာကိုယ်ပေါ်မှာ အဆီတွေ တရိပ်ရိပ်တက်လာလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြေပေးမယ့် လေ့ကျင့်ခန်းများကိုသာ မှန်မှန်ပြုလုပ်လိုက်ပါ။ အဆီပို တွေဆိုတာ ပြတိုက် မှ တကူးတက သွားကြည့်ရမယ့်အနေအထားကို ရောက်သွားပါလိမ့်မယ်။

 လေ့ကျင့်ခန်း (၁)

 လေ့ကျင့်ခန်း (၁)

Source: Menshealth

ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက်ထားကာ ဒူးခေါင်းကို ရင်ဘတ်ဆီသို့ ဆွဲယူရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Source: Pinterest

ဒီလေ့ကျင့်ခန်းလေးကတော့ ခန္ဓာကိုယ်ကို ဟိုခုန်လိုက်​၊ ဒီခုန်လိုက်နဲ့ တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။ ခန္ဓာကိုယ်က အဆီပို တွေအားလုံးကို ဖယ်ရှားပေးမှာကြောင့် ပြတိုက် မှာ သွားရှာကြည့်မှပဲ ရပါတော့မယ်။​

လေ့ကျင့်ခန်း (၃)

အဆီပို ပြတိုက်

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ ကြိုးတစ်ချောင်း ရှိရုံနဲ့တင် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ပုံပါအတိုင်း လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပြီး တစ်မိနစ်၊ ၃ ကျော့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။​

လေ့ကျင့်ခန်း (၄)

အဆီပို ပြတိုက်

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ လက်ဝှေ့ထိုးနေသလို လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်များအရ အဆီပိုများကို ဖယ်ရှားပေးရာမှာ အစွမ်းထက်တဲ့ လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

အဆီပို ပြတိုက်

Source: Menshealth

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အလေးတုံး တစ်တုံး လိုအပ်ပါလိမ့်မယ်။ အလေးတုံးကို အရှေ့လွဲလိုက်၊ အနောက်လွဲလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၆)

အဆီပို ပြတိုက်

Source: Pinterest

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက်က အဆိပိုတွေကို ဖယ်ရှားပေးမှာဖြစ်ပြီး ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာလာစေမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို အစကနေ အဆုံး ပြုလုပ်ပြီးတဲ့အခါ အကြောလျော့ လေ့ကျင့်ခန်းများ ပြုလုပ်ဖို့လည်း မမေ့ပါနဲ့။

ဒီလေ့ကျင့်ခန်းများကို မှန်မှန်လုပ်ရင် အဆီပို တွေဆိုတာ ပြတိုက် မှာ တကူးတက သွားရှာကြည့်မှပဲ ရပါတော့မယ်။

Featured Image: Freepik