စားချင်တာတွေ စိတ်ကြိုက် ကြိတ်ပြီးသကာလ ခန္ဓာကိုယ်ပေါ်မှာ အဆီတွေ တရိပ်ရိပ်တက်လာလို့ စိတ်ညစ်နေပြီလား။ ကိုယ့် ခန္ဓာကိုယ်ပေါ်က အဆီပို တွေကြောင့် ရှော့ခ်ရသွားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။ ဘယ်လို ကူညီပေးမှာလဲဆိုတော့ ကွီးတို့ ခန္ဓာကိုယ်ပေါ်က အဆီပို တွေကို ဘိုင့်ဘိုင် လို့ နှုတ်ဆက်တဲ့နေရာမှာ ကူညီပေးမှာပဲ ဖြစ်ပါတယ်။
အရင်ဦးဆုံး လေ့ကျင့်ခန်း မစခင်မှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်း (၁)
အရင်ဦးဆုံး မတ်တပ်ရပ်ကာ လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးနားထားကာ အသင့်အနေအထားပြင်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘေးသို့ ကားလိုက်ပါ။ တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။ စက္ကန့် ၃၀ ခန့် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Menshealth
အရင်ဦးဆုံး မတ်တပ်ရပ်ကာ အသင့်အနေအထားပြင်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်သို့ နိမ့်ချလိုက်ပြီး ဒိုက်ထိုးမယ့် အနေအထားပြင်လိုက်ပါ။ ထို့နောက် တံတောင်ကွေးကာ ဒိုက်ထိုးလိုက်ပါ။ ပြီးတာနဲ့ ချက်ချင်းဆိုသလို မတ်တပ်ပြန်ရပ်ကာ အပေါ်သို့ ခုန်လိုက်ပါ။ သူ့ကိုလည်း စက္ကန့် ၃၀ ပြုလုပ်ရပါမယ်။
လေ့ကျင့်ခန်း (၃)
Source: Menshealth
ခန္ဓာကိုယ်က အဆီပို တွေကို ဘိုင့်ဘိုင် လို့ နှုတ်ဆက်နိုင်အောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတွေထဲမှာ Jump Squat လေ့ကျင့်ခန်းလည်း တစ်ခုအပါအဝင်ပါပဲ။ Squat ထိုင်လိုက်၊ ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ ၄၅ စက္ကန့်ခန့် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Menshealth
ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အရင်ဦးဆုံး ခန္ဓာကိုယ် အပေါ်ပိုင်းကို အရှေ့သို့ ကိုင်းထားပါ။ ထို့နောက် ဒူးအနည်းငယ် ကွေးညွှတ်ထားပြီးနောက် ဘယ်ဘက်သို့ ခုန်လိုက်၊ ညာဘက်သို့ ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Flab Fix
ကြမ်းပြင်ပေါ်တွင် လက်နှစ်ဖက် ထောက်ထားကာ High Plank ကြမ်းပြင်ပေါ်တွင် လက်နှစ်ဖက် ထောက်ထားကာ High Plank ပုံစံ အသင့်အနေအထားပြင်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ကားလိုက်ပါ။ ဘေးနှစ်ဖက်က်သို့ ကားထုတ်ပြီးတဲ့အခါ ခြေထောက်နှစ်ဖက်ကို စုံလိုက် ရင်ဘတ်ဆီသို့ ဆွဲယူရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၆)
Source: Flab Fix
ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် ဒူးခေါင်းကို အပေါ်သို့ မြှင့်တင်လိုက်၊ ပြန်ချလိုက်ဖြင့် ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း အစကနေ အဆုံးအထိ ပြည့်သွားတဲ့အခါ တစ်ကျော့ ပြည့်သွားပါပြီ။ ၁ မိနစ်ခန့် အနားယူပါ။ ထို့နောက် နောက်ထပ် နှစ်ကျော့ ဆက်လက်ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်းအားလုံး ပြုလုပ်ပြီးသွားတဲ့အခါ အကြောလျော့ လေ့ကျင့်ခန်းများကို ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ အဆီပို များကို ဘိုင့်ဘိုင် လို့ အပြီးတိုင် နှုတ်ဆက်နိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
Source: Everydayhealth
Featured Image: Freepik






