စန္ဒယားနဲ့ တီးခတ်ထားတဲ့ ဂန္တဝင်ဂီတဟာ ကွီးတို့နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို သက်သာစေပြီး စိတ်ကိုအေးချမ်းစေကာ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Piano တေးဂီတ သံစဉ်လေးတွေဟာ အခြားသော ဆူညံသံတွေနဲ့ စိတ်ကိုတတ်ကြွစေတဲ့ သီချင်းများနဲ့မတူဘဲ စိတ်ကိုငြိမ်သက် အေးချမ်းအောင် ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အတွက် စိတ်ပင်ပန်းနွမ်းနယ်နေမှုတွေကို လျော့ချချင်တယ်ဆိုရင် အခုဖော်ပြပေးမဲ့ Piano တေးဂီတ လေးများက တကယ်ကို အထောက်အကူပြုမှာ အသေအချာပါပဲ။

(၁) “I Giorni” by Ludovico Einaudi

Source : Ludovico Einaudi

ပထမဆုံးဖော်ပြချင်တဲ့ ကွီးတို့ စိတ်ကို အေးချမ်းစေမဲ့ Piano တေးဂီတ လေးကတော့ Ludovico Einaudi ရဲ့ I Giorni ဆိုတဲ့ Piano တေးဂီတ ပဲဖြစ်ပါတယ်။ I Giorni ရဲ့ လှပရိုးရှင်းပြီး ငြိမ့်ညောင်းတဲ့ စန္ဒယား တေးဂီတ သံစဉ်လေးတွေက ကွီးတို့ရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါ့အပြင် စိတ်ရဲ့ ငြိမ်းချမ်းမှုကိုလည်း ပေးစွမ်းပါသေးတယ်။

(၂) “Clair de Lune” by Claude Debussy

Source : Rosseau

နောက်ထပ်ဖော်ပြချင်တာကတော့ ပြင်သစ်နာမည်ကျော် တေးရေးဆရာ Claude Debussy ရဲ့ လူသိများတဲ့ Clair de Lune ဆိုတဲ့ Piano Song လေးပါပဲ။ စိတ်ကူးယဉ်ဆန်သော သံစဉ်လေးနဲ့ ချက်ချင်းမှတ်မိနိုင်သော အဖွင့်တစ်ခုပါရှိပြီး တိမ်တိုက်ကဲ့သို့ ပေါ့ပါးစွာ ဝေ့ဝဲနေသော တေးသွားက ကွီးတို့ရဲ့ စိတ်ကိုအေးချမ်းမှုပေးစွမ်းမှာပါ။

(၃) “River Flows in You” by Yiruma

Source : YIRUMA place

Yiruma ရဲ့ River Flows in You ဆိုတဲ့ Piano Music လေးကို ငြိမ့်ညောင်းတဲ့ တေးသွားလေးနဲ့ ဖန်တီးထားပါတယ်။ River Flows in You က Yiruma ရဲ့ အအောင်မြင်ဆုံး Piano Music ထဲက တစ်ပုဒ်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Yiruma ရဲ့ Kiss the Rain၊ Wait There နဲ့ Fauiry Tale ဆိုတဲ့ Piano Songs တွေကလည်း တကယ်ကို ပြောင်မြောက်လှတဲ့ အနုပညာတွေပဲဖြစ်ပါတယ်။

(၄) “Moonlight” Sonata by Ludwig van Beethoven

Source :PianoMania101

နောက်ထပ်ဖော်ပြချင်တဲ့ Piano တေးဂီတ တစ်ပုဒ်ကတော့ Ludwig van Beethoven ရဲ့ ‘Moonlight’ Sonata ပဲဖြစ်ပါတယ်။ အဆောတလျင်မရှိသော တေးသွားနှင့် ငြိမ်သက်တိတ်ဆိတ်သည့် အခိုက်အတန့် တို့ကိုပေးစွမ်းနိုင်ပြီး ငြိမ်သက်ခြင်းကို အပြည့်အဝခံစားနိုင်ပါတယ်။

တေးဂီတ သံစဉ်တွေဟာ တကယ်ကို လူရဲ့စိတ်ကိုလွှမ်းမိုးမှုရှိပြီး ငြိမ့်ညောင်းတဲ့ ဂန္တဝင် စန္ဒယားတေးဂီတတွေဟာ ကွီးတို့ရဲ့ စိတ်ကို အေးချမ်းစေမှာပါ။

Source : Classic FM

Featured Photo : Piano