ကမ္ဘာပေါ်မှာ အတင်းအကြပ် လုပ်ယူလို့မရတဲ့အထဲမှာ အချစ် နဲ့ လိင်မှုကိစ္စလည်း ပါဝင်ပါတယ်။ လူတစ်ယောက်က ကိုယ့်ကို ချစ်လာအောင်လို့ အတင်းအကြပ် လုပ်ယူလို့ မရပါဘူး။ အချစ်ဆိုတာသည် သူ့အလိုလို သဘာဝအလျောက် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။ ထိုနည်းတူပဲ လိင်မှုကိစ္စသည်လည်း အတင်းအကြပ် လုပ်ယူလို့မရတဲ့အရာထဲမှာ ပါပါတယ်။ ကိုယ်က ဘယ်လောက်ပဲ သူ့ရဲ့ ခင်ပွန်းတစ်ယောက်ဖြစ်နေပါစေ၊ တစ်ဖက်က မကြည်ဖြူရင် လိင်အကြမ်းဖက်ရာ ရောက်ပါတယ်။

ကိုယ့်ကို ချစ်ပါတယ်ဆိုတဲ့ လူနဲ့တောင် အပေးအယူ မတည့်တာမျိုး၊ စိတ်မပါတဲ့အခါမျိုးတွေ ရှိနိုင်ပါတယ်။ ဒါသည် သဘာဝပါပဲ။ တစ်ခါတစ်ရံမှာ တစ်ဖက်က စိတ်ဖိစီးမှု များနေတဲ့အခါမျိုး၊ နေမကောင်းတဲ့အခါမျိုးတွေမှာ ဘယ်လိုမှာ ဟိုစိတ် ဒီစိတ်တွေ ဝင်နေမှာ မဟုတ်ပါဘူး။ ဒါကို စိတ်မပါရကောင်းလားဆိုပြီး အတင်းအကြပ် လုပ်ယူမယ်ဆိုရင်တော့ ရှိရင်းစွဲ အချစ် တွေလည်း တဖြည်းဖြည်း လျော့နည်းသွားပါလိမ့်မယ်။ ဒါဆိုရင်တော့ အဆုံးသတ်က လှပမှာမဟုတ်ပါဘူး။

ကွီးတို့အနေနဲ့ အတင်းအကြပ် လုပ်ယူမယ့်အစား ကိုယ့်ရဲ့ ပါတနာက သဘာဝကျကျ စိတ်ပါလာအောင်လို့ ကြိုးစားနိုင်တဲ့ နည်းလမ်းတွေ အများကြီးပါပဲ။

ကွီးတို့အနေနဲ့ ထိုနည်းလမ်းတွေကို အထာကျကျ သုံးတတ်မယ်ဆိုရင်တော့ နှစ်ယောက်သား အကြည့်နဲ့တင် အလိုက်သိသွားမှာပဲဖြစ်ပါတယ်။

မျက်လုံးချင်း စကားပြောပါ

eye contact

မျက်လုံးသည် စိတ်ရဲ့ ပြတင်းပေါက်ပဲ ဖြစ်ပါတယ်။ မျက်လုံးချင်း စကားပြောကာ အကြည့်ချင်းဖလှယ်ရင်း ကိုယ့်ရဲ့ စိတ်ထဲက အကြောင်းအရာတွေကို သဘောပေါက် နားလည်သွားအောင် ဖော်ပြနိုင်ပါတယ်။

ပွေ့ဖက်ပါ

အတင်းအကြပ် အချစ်

ကောင်းတဲ့ စိတ်ခံစားချက်များ၊ စိတ်ခံစားချက်များကို မြှင့်တင်ပေးတဲ့ ဟော်မုန်းများ ထွက်ရှိလာဖို့အတွက် ၁၀ အနည်းဆုံး ၁၀ စက္ကန့်ခန့် ပွေ့ဖက်ထားဖို့ လိုအပ်တယ်လို့ လန်ဒန်မြို့ရှိ Goldsmiths တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနစာတမ်းတစ်ခုအရ သိရှိရပါတယ်။ ကွီးတို့ရဲ့ လက်တွဲဖော်ကိုလည်း ခံစားချက်တွေ ကောင်းမွန်လာပြီး စိတ်ပါလာအောင် ပွေ့ဖက်ထားနိုင်ပါတယ်။

အတူတူ ဟင်းချက်ပါ

အတင်းအကြပ် အချစ်

သာယာငြိမ့်ညောင်းတဲ့ တီးလုံးသံလေး ဖွင့်ထားရင်း ဟင်းအတူတူချက်မယ်၊ ပြီးရင် ဝိုင်လေး သောက်ရင်း ရိုမန့်တစ်ဆန်တဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးလိုက်မယ်ဆိုရင်တော့ ဘယ်သူက စိတ်မပါဘဲ နေနိုင်မတဲ့လဲ။ အဓိကကတော့ ကွီးတို့ဘက်က အားစိုက်ထုတ်မှု အနည်းငယ် ပြုလုပ်ဖို့ပါပဲ။

နှိပ်နယ်ပေးလိုက်ပါ

အတင်းအကြပ် အချစ်

သူ(မ) တီဗွီ ကြည့်နေတဲ့အချိန်မှာ ဇက်ကြောတက်မှာစိုးလို့ နှိပ်ပေးတဲ့ ပုံစံမျိုး၊ ဘော်ဒီလိုးရှင်းလေး လူးပေးရင်း နှိပ်နယ်ပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းသည် စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး တစ်ဖက်က စိတ်ပါလာအောင်လည်း လှုံ့ဆော်ပေးရာ ရောက်ပါတယ်။

တီတီတာတာ စကားလေးတွေ ပြောကြည့်ပါ

တီတီတာတာ

အရင်ဦးဆုံး တီတီတာတာနဲ့ ချစ်စဖွယ်ကောင်းတဲ့ စကားလေးတွေကနေ အစပြုကြည့်ပါ။ တဖြည်းဖြည်းနဲ့ အခြေအနေ ကောင်းလာပြီဆိုရင်တော့ ၁၈ နှစ်အထက် စကားလုံးတွေ ပြောကာ သူ(မ)ကို စိတ်ပါလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

ကွီးတို့က တကယ်တမ်း စိတ်ပါလက်ပါနဲ့ အစပျိုးပေးမယ်ဆိုရင်တော့ အတင်းအကြပ် လုပ်ယူစရာမလိုဘဲ သဘာဝအတိုင်း ဖြစ်သွားပါလိမ့်မယ်။​

Source: Fatherly

Featured Image: Freepik