မိတ်ဆွေတို့ရေ အခုလက်ရှိ အခြေအနေကနေ ပိုပြီးတောက်ပ မြင့်မားတဲ့ အနာဂါတ်ကို တတ်လှမ်းချင်ပါသလား။ ဒါဆိုရင်တော့ အခုအချိန်ကစပြီး အလေ့အကျင့်ကောင်းတွေနဲ့ ကျင့်သုံးနေထိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ အလေ့အကျင့်တွေက ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံဖော်ပေးမဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်လို့ပါပဲ။ ယနေ့ခေတ်မှာ အောင်မြင်ကျော်ကြားတဲ့သူတိုင်းက ၎င်းတို့ဘဝမှာ တစ်လျှောက်မှာ အောင်မြင်ဖို့ အထောက်အပံ့ပေးမဲ့ အလေ့အကျင့်ကောင်းတွေကို ကျင့်သုံးခဲ့ကြတာပါ။ ဒီဆောင်းပါးလေးမှာတော့ မိတ်ဆွေတို့ အတွက် အတောက်ပဆုံးသော အနာဂတ် ကို စောင့်ကြိုနေစေမဲ့ ဒီနေ့ကစပြီး ကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

ကိုယ့်ရဲ့ တစ်နေတာကို သေချာစွာ စတင်ပါ

အတောက်ပဆုံးသော အနာဂတ်

Photo : Man of Many

မိတ်ဆွေတို့ရဲ့ တစ်နေ့တာလုံးကို စတင်မောင်းနှင်မဲ့ မနက်ခင်း နိုးထချိန်ဟာ အရေးကြီးလှပါတယ်။ ဒါကြောင့် မနက်ခင်းကို သင့်တော်သော အချိန်နိုးထပါ။ မနက်ခင်းလုပ်ဆောင်စရာရှိတဲ့ လေ့ကျင့်ခန်းလုပ်တာ၊ မနက်စာစားတာ စတာတွေကို အလေးထားပြီး လုပ်ဆောင်ပါ။ ကောင်းစွာ စတင်သော နံနက်ခင်းက မိတ်ဆွေတို့ရဲ့ စိတ်ကို ကြည်လင်စေပြီး လုပ်နိုင်စွမ်းအား၊ တီထွင်ဖန်တီးနိုင်မှု စတာတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ အောင်မြင်သူ တော်တော်များများက မနက်ပိုင်းကို စောစောထလေ့ရှိပြီး မနက်ပိုင်း အလေ့အထများကို အလေးထား လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ အနာဂတ်ကို ပြောင်းလဲပေးနိုင်မဲ့ အခြေခံအကျဆုံး အလေ့အကျင့်ကောင်းတစ်ခု ဆိုလည်း မမှားပါဘူး။

အချိန်ကို အကျိုးရှိစွာ အသုံးချပါ

အတောက်ပဆုံးသော အနာဂတ်

Photo : Classplus

တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ချက်ချင်းထလုပ်သင့်တဲ့ အရာမျိုးကို မလုပ်ပဲ အချိန်ရှိသေးတယ်၊ ညမှလုပ်မယ်၊ မနက်မှလုပ်မယ်စသည်ဖြင့် အချိန်ဆွဲတတ်ကြပါတယ်။ ဒီလို အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ကို ချက်ချင်းရပ်တန့်လိုက်ပါ။ ယနေ့ခေတ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နေတဲ့သူတွေဟာ အချိန်ရဲ့တန်ဖိုးကို သိရှိနားလည်ပြီး အချိန်ဆွဲတတ်တဲ့ အလေ့အကျင့် မရှိကြပါဘူး။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့လည်း တစ်စုံတစ်ခုကို လုပ်ရန်ဖြစ်စေ၊ တစ်ခုခုကို အစပျိုးတာမျိုးဖြစ်စေ ချက်ချင်းထလုပ်လိုက်ပါ။ မိတ်ဆွေတို့ရဲ့အချိန်ကို အသုံးချပုံက မိတ်ဆွေတို့ရဲ့ အနာဂတ်ကို သတ်မှတ်ပေးပါ။

အကောင်းဆုံး ကြိုးစားပါ

Photo : Linkedin

မိတ်ဆွေတို့အတွက် အတောက်ပဆုံးသော အနာဂတ်ကို ဖန်တီးပေးနိုင်တဲ့ အကြီးမားဆုံးသော အလေ့အကျင့်ကောင်းကတော့ ဘယ်အရာကိုမဆို အကောင်းဆုံး ကြိုးစားခြင်းပါပဲ။ ကိုယ်လုပ်ရမဲ့ အလုပ်ဟာ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အကောင်းဆုံးကြိုးစားပါ။ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုဟာ အမြဲတမ်း ရှိပါတယ်။ မဆုတ်မနစ်ကြိုးစားမှု မရှိဘဲ ကိုယ်လိုချင်တဲ့ အနာဂတ်ကို မရနိုင်ပါဘူး။ ဘဝ တိုးတက်အောင်မြင်မှုဆိုတာ အမှန်တကယ် ကြိုးစားမှုက လာတာပါ။

အာရုံစူးစိုက်ပြီး လုပ်ဆောင်ပါ

Photo : Professional Leadership Institute

ကိုယ်လုပ်နေတဲ့ အရာတစ်ခုကို အာရုံစူးစိုက်ပြီး လုပ်ဆောင်တာဟာ အလုပ်ကို မြန်မြန်ပြီးမြောက်စေသည်သာမက အလုပ်ကိုလည်း ပိုပြီးနားလည်း တတ်ကျွမ်းလာစေပါတယ်။ ဒါကြောင့် ဘယ်အလုပ်ကိုမဆို အခုဖော်ပြပေးလိုက်တဲ့ အလေ့အကျင့်ကောင်းတွေက မိတ်ဆွေတို့ အတွက် အတောက်ပဆုံးသော အနာဂတ်ကို စောင့်ကြိုနေစေ ပါလိမ့်မယ်။ ရိုးရှင်းပြီး ကိုယ်တိုင်ပျိုးထောင်နိုင်တဲ့ ဒီအလေ့အကျင့်ကောင်းတွေနဲ့ မိတ်ဆွေတို့ ဘဝကို ပြောင်းလဲလိုက်ပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အလေ့အကျင့်ကောင်းတွေက ရိုးရှင်းပြီး ဘယ်သူမဆို လိုက်လုပ်နိုင်တာကြောင့် အတောက်ပဆုံးသော အနာဂတ် ကို ပိုင်ဆိုင်နိုင်ဖို့ အခုကတည်းက ကျင့်သုံးလိုက်ပါ။

Featured Photo : Vista Create