ဘောလုံးကစားကြတဲ့အခါ အသင်းတစ်သင်းအတွက် ဂိုးဖမ်းသမားသည်လည်း အဓိကကျတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ တော်တဲ့ ဂိုးဖမ်းသမားတစ်ယောက်ရှိခြင်းအားဖြင့် အသင်းအတွက် အထောက်အကူဖြစ်စေနိုင်သလို ဂိုးဖမ်းသမားရဲ့ မတော်တဆအမှားကြောင့်လည်း တစ်ဖက်အသင်းကို ဂိုးပေးလိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ အတော်ဆုံး ဂိုးသမား ရယ်လို့ သတ်မှတ်ခံထားရတဲ့ ကစားသမားတွေသည်လည်း အများကြီးရှိပါတယ်။ ထိုအထဲကမှ လူကြိုက်အများဆုံး အားကစားသမားများအကြောင်းကို ဘောလုံးပရိသတ်များအတွက် ဝေမျှပေးလိုက်ရပါတယ်။

(၁၀) Marc-Andre Ter Stegen

(၁၀) Marc-Andre Ter Stegen

သူကတော့ ဂျာမန်လူမျိုး ကစားသမားတစ်ယောက်ဖြစ်ပြီး အတော်ဆုံး ဂိုးသမားများအနက် နံပါတ် (၁၀) နေရာတွင် ရပ်တည်လျက်ရှိပါတယ်။ လက်ရှိတွင်တော့ FC Barcelona နှင့် ဂျာမန်အမျိုးသားဘောလုံးအသင်းတွင် ဂိုးသမားအဖြစ် ဆော့ကစားလျက်ရှိပါတယ်။

(၉) Peter Gulacsi

(၉) Peter Gulacsi

ဟန်ဂေရီလူမျိုးကစားသမား Peter Gulacsi ကတော့ နံပါတ် (၉) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အောက် ဘောလုံးပြိုင်ပွဲများ ကျင်းပစဉ်တုန်းက ၂၀၀၈ ခုနှစ် UEFA ချိန်ပီယံရှစ် ပြိုင်ပွဲနှင့် ၂၀၀၉ ခုနှစ် FIFA U-17 ကမ္ဘာ့ဖလားတွင် ဝင်ရောက် ကစားခဲ့ပါတယ်။ သူသည် စီနီယာ အမျိုးသားအသင်းတွင် ပွဲဦးထွက် ကစားခဲ့တုန်းက အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။

(၈) Gianluigi Donnarumma

(၈) Gianluigi Donnarumma

နံပါတ် (၈) နေရာမှာ ရပ်တည်နေတာကတော့ အီတလီလူမျိုး ကစားသမား Gianluigi Donnarumma ပဲဖြစ်ပါတယ်။ သူသည် အသက် ၁၆ နှစ်အရွယ်ကတည်းက ဘောလုံး လောကထဲသို့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Paris Saint-Germain F.C. အသင်းတွင် ဆော့ကစားလျက်ရှိပြီး အီတလီ အမျိုးသားဘောလုံးအသင်းတွင်လည်း ဆော့ကစားလျက်ရှိပါတယ်။

(၇) Keylor Navas

(၇) Keylor Navas

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမားကလည်း ခေသူတစ်ယောက်မဟုတ်ပါဘူး။ ဥရောပတစ်ခွင်ရှိ ဘောလုံးအသင်းများကလည်း သူ့ကို ရရှိဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာဖြစ်ပါတယ်။ သူကတော့ နံပါတ် (၇) အတော်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ Keylor Navas ပဲဖြစ်ပါတယ်။

(၆) Mike Maignan

(၆) Mike Maignan

နံပါတ် (၆) နေရာမှာ ရပ်တည်နေသူကတော့ Mike Maignan ပဲဖြစ်ပါတယ်။ ပြင်သစ်လူမျိုး ကစားသမားဖြစ်ပြီး သူသည် စီးရီးအေကလပ် အေစီမီလန်နှင့် ပြင်သစ်အမျိုးသားအသင်းတွင် ဆော့ကစားလျက်ရှိပါတယ်။

(၅) Thibaut Courtois

အတော်ဆုံး ဂိုးသမား

Thibaut Courtois ကတော့ ယခုနှစ်အတွင်း အတော်ဆုံး ဂိုးသမား နေရာတွင် နံပါတ် (၅) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ သူသည် ၂၀၀၈ ခုနှစ်တွင် Genk အသင်းမှ ပွဲဦးထွက်ကစားခဲ့ပြီး ၂၀၁၁ တွင် ချယ်လ်ဆီးအသင်းတွင် ကစားခဲ့ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကလပ်၊ ချယ်လ်ဆီးနှင့် ဘယ်လ်ဂျီယံ အမျိုးသားအသင်းတွင် ဂိုးသမားအဖြစ် ဆော့ကစားလျက်ရှိပါတယ်။ သူ့ရဲ့ စွမ်းရည်ကြောင့်ပဲ ၂၀၁၈ တွင် ရွှေလက်အိတ်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

(၄) Manuel Neuer

အတော်ဆုံး ဂိုးသမား

နံပါတ် (၄) နေရာမှာ ရပ်တည်နေတာကတော့ ဂျာမန်ကစားသမားပဲဖြစ်ပါတယ်။ သူသည် Bayern Munich အသင်းနှင့် ဂျာမန် အမျိုးသားဘောလုံးအသင်းတွင် ဂိုးသမားအဖြစ်သော်လည်းကောင်း၊ ခေါင်းဆောင်အဖြစ်သော်လည်းကောင်း ဆော့ကစားလေ့ရှိပါတယ်။ သူ့ရဲ့ပရိသတ်တွေက သူ့ကို အားပေးတဲ့အနေနဲ့ လက်စွဲဆောင်ပုဒ်တစ်ခု ဖန်တီးပေးထားပါသေးတယ်။ ထိုလက်စွဲဆောင်ပုဒ်ကတော့ “Save The Ball. Be A Wall. Be Manuel Neuer!” ပဲဖြစ်ပါတယ်။

(၃) Ederson Santana de Moraes

အတော်ဆုံး ဂိုးသမား

ဘရာဇီးကစားသမားတစ်ယောက်ဖြစ်တဲ့ Ederson Santana de Moraes ကတော့ သူ့ရဲ့ပွဲဦးထွက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် Manchester City အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂိုးသမားနေရာက ဆော့ကစားခဲ့တာဖြစ်ပါတယ်။ တစ်ဖက် အသင်းမှ ဂိုးများကို လှလှပပ ဖမ်းနိုင်တဲ့အတွက်ကြောင့် ၂၀၁၉၊ ၂၀၂၀ ပရီးမီးယားလိဂ် ဆုပေးပွဲတွင် ရွှေလက်အိတ်ဆုကို ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။

(၂) Alisson Becker

အတော်ဆုံး ဂိုးသမား

ဒုတိယနေရာမှာ ရပ်တည်နေတဲ့ အတော်ဆုံး ဂိုးသမား ကတော့ Alison Becker ပဲဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှီပြီဖြစ်တဲ့ ဂိုးသမားသည် ဘရာဇီးလူမျိုးဖြစ်ပြီး ကြေးအကြီးဆုံး ကစားသမားစာရင်းဝင်လည်းဖြစ်ပါတယ်။ သူသည် သူ့ရဲ့ဖျတ်လတ်မြန်ဆန်မှု၊ ခန္ဓာကိုယ် အနေအထားကို စမတ်ကျကျထားကာ ဘောလုံးဖမ်းနိုင်ခြင်း၊ ပုတ်ထုတ်နိုင်ခြင်းတို့ကြောင့် နာမည်ကြီးပါတယ်။

(၁) Jan Oblak

အတော်ဆုံး ဂိုးသမား

နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ ကစားသမားကတော့ Jan Oblak ပဲဖြစ်ပါတယ်။ သူကတော့ ဆလိုဗေးနီးယန်းလူမျိုးဖြစ်ပြီး စပိန်အသင်း Atlético Madrid အသင်းမှာ ဂိုးသမားအဖြစ် ဆော့ကစားနေတာဖြစ်ပါတယ်။ သူ့ရဲ့ရှည်လျားပြီး သန်မာတဲ့ လက်များနှင့် ခန္ဓာကိုယ်က ပျော့ပျောင်းပြီး လျင်မြန်သွက်လက်နေတဲ့အတွက်ကြောင့် တစ်ဖက်အသင်းက ပစ်သွင်းလာတဲ့ ဂိုးများကို မြန်မြန်ဆန်ဆန်ပဲ ပုတ်ထုတ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Source: Sportsbrief

Featured Image: Sportbible