ကွီးတို့က မဖြစ်လာသေးတဲ့ကိစ္စတွေ၊ မရောက်လာသေးတဲ့အချိန်တွေအတွက် စိတ်ပူပြီး အတွေးများလေ့ရှိပါသလား။ အတွေးတွေများပြီး ထိုအတွေးတွေက ကွီးတို့ဘဝကို လွှမ်းမိုးလာတယ်လို့ ခံစားနေရပါသလား။ ဒါဆိုရင်တော့ ကွီးတို့ အတွေးလွန်နေတဲ့ ပုံစံကို ရင်ဆိုင်နေရတာ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် အတွေးလွန်ခြင်း က စိတ်ဖိစီးမှုများသူများမှာ အဖြစ်များလေ့ရှိပါတယ်။ များသောအားဖြင့် အတွေးလွန်ခြင်းမှာ အဆိုးမြင်အတွေးများကို တွေးတောခြင်း၊ အတိတ်ကို ဖတ်တွယ်ထားခြင်းနဲ့ အနာဂတ်ကို ကြိုတင်တွေးတောပူပန်ခြင်းတို့ ပါဝင်ပါတယ်။ ဒီလိုအတွေးလွန်ခြင်းက ဘာမှကောင်းကျိုးမပေးတဲ့အပြင် ရေရှည်မှာ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာချင်ရင် အတွေးကမ္ဘာထဲက အခုထွက် ဖို့ လိုပါတယ်။

ဆက်လက်ပြီးတော့ ကွီးတို့အတွက် အတွေးလွန်ခြင်းကနေ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ဝေမျှပေးချင်ပါတယ်။

သွေးဖိအားကို မြင့်တတ်စေပါတယ်

အတွေးကမ္ဘာထဲက အခုထွက်

Photo : Palm Harbor Pharmacy

စဉ်ဆက်မပြတ်တွေးတောနေခြင်းက ကွီးတို့ရဲ့ စိတ်ကို အေးချမ်းစေမှာ မဟုတ်ပါဘူး။ ဒီလို အတွေးလွန်ခြင်းက သွေးဖိအားကို ပိုမိုမြင့်တက်စေပြီး လေဖြတ်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်းကဲ့သို့သော နှလုံးပြဿနာများကို ခံနိုင်ရည်ရှိစေသည့် စိတ်ဖိစီးမှုများကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မှုဖြစ်စေတာကို ကွီးတို့ သိပြီးသား ဖြစ်မှာပါ။

အိပ်စက်ခြင်း ပြဿနာများ ဖြစ်လာနိုင်ပါတယ်

အတွေးကမ္ဘာထဲက အခုထွက်

Photo : Medical News Today

မလိုအပ်ပဲ အဆုံးမရှိတဲ့ အတွေးတွေက ကျွန်တော်တို့ရဲ့ စိတ်ကို စိုးရိမ်ပူပန်မှုတွေ ဖြစ်စေပြီး ကောင်းကောင်း အိပ်ပျော်ဖို့အတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ကောင်းစွာအိပ်စက်နိုင်မှု မရှိခြင်းက အတွေးလွန်ခြင်းရဲ့အဖြစ်များသော အကျိုးသက်ရောက်မှု တစ်ခုလည်း ဖြစ်ပါတယ်။ အလွန်အမင်းအတွေးလွန်ခြင်းကြောင့် ကောင်းစွာမအိပ်စက်ရခြင်းက နောက်နေ့မှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရပါလိမ့်မယ်။ ဒါ့အပြင် အလုပ်ကိုအာရုံစိုက်ရန် ခက်ခဲပြီး လုပ်ငန်းဆောင်တာတွေကိုလည်း သေချာလုပ်နိုင်မှာ မဟုတ်ပါဘူး။ ရေရှည်မှာ ဆိုးဝါးတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အစားစားချင်စိတ်ကို လျော့နည်းစေနိုင်ပါတယ်

အတွေးကမ္ဘာထဲက အခုထွက်

Photo : Safar Medical

အတွေးလွန်ပြီး စိုးရိမ်ပူပန်မှုများခြင်းက အစာစားချင်စိတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အတွေးတွေက ကွီးတို့ရဲ့ ဦးနှောက်ကို အလုပ်များနေစေပြီး ဗိုက်ဆာတဲ့အချိန်မှာ အစာစားချိန်ရောက်ပြီဟု ဦးနှောက်သို့ အချက်ပြမှုကို မရောက်ရှိနိုင်သောကြောင့် ဖြစ်ပါတယ်။ “အကယ်၍ သင်ဟာ အတွေးလွန်ခြင်းကြောင့် စိတ်ဖိစီးနေတယ်ဆိုရင် လုံးဝအစားမစားနိုင်တာ သို့မဟုတ် အလွန်အကျွံစားမိတာမျိုး ဖြစ်နိုင်တယ်လို့” Dr Gadkar က ဆိုခဲ့ပါတယ်။ ထို အလေ့အကျင့် နှစ်မျိုးလုံးက ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အစာခြေစနစ်ကို ထိခိုက်စေပါတယ်

Photo : The Time of India

အတွေးလွန်ခြင်းကြောင့် စိတ်ဖိစီးမှုများက အစာအိမ်သို့ သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင်ပမာဏကို လျော့နည်းစေသောကြောင့် အစာခြေကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အတွေးလွန်ခြင်းကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုများက ရောင်ရမ်းသော အူသိမ်အူမရောဂါ ကဲ့သို့သော အစာအိမ်ဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

ဦးနှောက်ကို ထိခိုက်စေပါတယ်

Photo : Pinkvilla

အတွေးလွန်ခြင်းက ဦးနှောက်ဖွဲ့စည်းပုံနဲ့ ချိတ်ဆက်မှုကို ပြောင်းလဲစေပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်စေတာကြောင့် စိုးရိမ်စိတ်၊ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေလိုမျိုး စိတ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ထို့အပြင်၊ ၎င်းက အာရုံစူးစိုက်ရန် စွမ်းအင်ကို လျော့ကျစေပြီး ကွီးတို့ရဲ့ ပြဿနာဖြေရှင်းနိုင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းအားကို ထိခိုက်စေနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ မလိုအပ်ပဲ အတွေးလွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။ စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာနေဖို့ လိုပါတယ်။ ဒါ့ကြောင့် ကျန်းမာချင်ရင် အတွေးကမ္ဘာထဲက အခုထွက် ပါ။

Source : Health Shots

Featured Photo : Hawkoffbeat