Overthinking ဖြစ်တဲ့ ပြဿနာက လူတိုင်းမဟုတ်တောင် တော်တော်များများမှာ ရှိပါတယ်။ အထူးသဖြင့် အခုလို အဘက်ဘက်က ခက်ခဲကြပ်တည်းပြီး လူငယ်တိုင်းနီးပါး လမ်းပျောက်သလို ခံစားနေတဲ့ အချိန်အခါမျိုးမှာပါ။ ကိစ္စတိုင်းကို Overthinking လုပ်ပြီး အတွေးနယ်ကျွံ တဲ့အခါ လက်တလော လုပ်ရမယ့် အခြေအနေတွေပါ ပျောက်ခြင်းမလှ လမ်းပျောက်ပြီး စိတ်ရောကိုယ်ရော ဒုံးဒုံးကျသွားနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အတွေးနယ်ကျွံ ပြီး လောင်မြိုက်နေတဲ့ လူငယ် တို့အတွက် လိုက်နာသင့်တဲ့ အကြံပြုစကားလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ခေါင်းထဲမှာ ပိတ်မိနေတဲ့ အတွေးတွေကို ဆွဲထုတ်ပါ

Overthinking

Photo : Power of Positivity

အတွေးနယ်ကျွံ ဆိုတာ အချိန်ကြာလာနဲ့အမျှ သင်လုပ်မှန်းမသိ လုပ်နေမိတဲ့ အလေ့အကျင့် တစ်ခုဖြစ်လာနိုင်ပါတယ်။ အတွေးပေါင်း သောင်းခြောက်ကို အဆုံးသတ်ဖို့ စတွေးလိုက်တဲ့ အတွေးတစ်စကို ဖမ်းမိဖို့ လိုပါတယ်။ သင့်စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ အတွေးတစ်ခု စီတိုင်းရဲ့ မူလအစက ဘာလဲ ၊ သင့်ကို ဘယ်အရာတွေက ထပ်ခါတလဲလဲ အတွေးနယ်ချဲ့ဖို့ တိုက်တွန်းနေလဲဆိုတာကို သတိထားခြင်ဆင် လိုက်မယ်ဆိုရင် Overthinking လုပ်မိနေတဲ့ ပြဿနာကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

(၂) ပြဿနာအတွက် သင့်တော်မယ့် အဖြေကို အာရုံစိုက်ပါ

Overthinking

Photo : The Telegraph

ပြဿနာတိုင်းမှာ အသင့်တော်ဆုံး အဖြေဆိုတာ ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ အများစုက ပြဿနာတစ်ခုနဲ့ ကြုံရတိုင်းမှာ ပြဿနာကိုပဲ ထပ်တလဲလဲ အာရုံများပြီး အဖြေကို စဉ်းစားဖို့ မေ့နေတက်ကြပါတယ်။ အကောင်းဆုံး အကြံပေးရမယ်ဆိုရင်တော့ ပြဿနာအတွက် ဖြစ်နိုင်ခြေရှိတဲ့ အဖြေ ၅ ခုလောက်ကို ဆွဲထုတ်ပြီး ဖြေရှင်းဖို့ ကြိုးစားကြည့်သင့်ပါတယ်။ ဒါဟာလက်တွေ့ကျပြီး ဘာမှအကျိုးမထူးတဲ့ အတွေးနယ်ကျွံ နေတဲ့ ပြဿနာကိုရပ်တန့် နိုင်ပါလိမ့်မယ်။

(၃) အတွေးတွေကို သတ္တိရှိရှိ စိန်ခေါ်ပါ

Overthinking

Photo : Kristel Bechara

အတွေးတွေနဲ့ စည်းချင်းထိုးရတဲ့အခါ ရင်ဆိုင်စိန်ခေါ်ရဲတဲ့ သတ္တိရှိဖို့က အရေးကြီးဆုံးပါပဲ။ မှန်ပါတယ် အတွေးတွေကို ထိန်းချုပ်ဖို့က ခက်ပါတယ်။ အထူးသဖြင့် အဆိုးမြင်အတွေးတွေကိုပါ။ ဒါပေမယ့် သင်သတိပြုရမှာက စိတ်ခံစားမှုတွေဟာ အခြေအနေတွေအပေါ် ဓမ္မဓိဋ္ဌာန်ကျကျမြင်နိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာပါပဲ။ သင့်အနေနဲ့ ရှေ့ကိုခြေတစ်လှမ်းမတိုးခင် နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး အခြေအ နေတွေကို ပြန်သုံးသပ်ပါ။ စိတ်ကို အတက်နိုင်ဆုံးတည်ငြိမ်အောင် လေ့ကျင့်ပါ။ စိတ်ရဲ့တည်ငြိမ်မှုကိုရရင် အတွေးနယ်ကျွံ မှုတွေကို အနိုင်ယူကျော်ဖြတ်ဖို့ သိပ်မခက်တော့ပါဘူး။

(၄) ဆင်ခြင်သုံးသပ်ခြင်း နည်းကိုကျင့်သုံးပါ

Overthinking

Photo : Glamour UK

ဘယ်ကိစ္စမဆို ဆင်ခြင်သုံးသပ်ခြင်း နည်းက များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိရင် ၊ ပြဿနာတွေကို ပြန်လည်ဆင်ခြင်သုံးသပ်မိရင် အတွေးနယ်ကျွံ ပြီး လောင်နေရတဲ့ အခြေအနေကနေ စွန့်ခွာနိုင်ပါလိမ့်မယ်။ ကွဲပြားခြားနားတဲ့အရာတွေကို သင် ဘယ်လိုဘယ်ပုံ လုပ်ဆောင်နိုင်မယ်ကို ပြန်လည်တွေးတောသုံးသပ်ခြင်းကနေ အဖြေရှာလို့ ရနိုင်ပါတယ်။

အခုလို ရာသီဥတုက စိတ်ညစ်စရာကောင်းလောက်အောင် ပူနေတဲ့ အခြေအနေမှာ အတွေးနယ်ကျွံပြီး ကွီးတို့ရဲ့ ဦးနှောက်လေးကို ထပ်ပြီး အပူမပေးတာ အကောင်းဆုံး ဖြစ်မှာပါ။

Featured Photo : Inc. Magazine