အပြာရောင်နှင့် အနက်ရောင် ဂျင်း ဘောင်းဘီ ဖက်ရှင်နှစ်မျိုးနှစ်စားတွင် ဘယ်ဖက်ရှင်က အကောင်းဆုံးလို့ ထင်ပါသလဲ။

သူ့ဖက်ရှင်နဲ့သူတော့ ထူးခြားလှပမှုရှိပါတယ်။ သို့သော် အနက်ရောင် ဂျင်းဘောင်းဘီသည် အဝတ်အစားမရွေး ဝတ်ဆင်နိုင်ပြီး ဘယ်အခမ်းအနားနဲ့မဆို လိုက်ဖက်ပါတယ်။ အနက်ရောင် ဂျင်းဘောင်းဘီ ကို ပွဲတက်အခမ်းအနားတွေမှာလည်း ဝတ်ဆင်နိုင်ပါတယ်။ ဒါကတော့ သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။

အနက်ရောင် ဂျင်းဘောင်းဘီတွေကို ဘယ်ဖိနပ်တွေနဲ့ ရွေးချယ်ဝတ်ဆင်သင့်သလဲ။

အနက်ရောင် ဂျင်း ဘောင်းဘီ

Sneakers ဖိနပ်တွေကတော့ ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုုး ဖန်တီးချင်တဲ့အခါ ဝတ်ဆင်သင့်ပြီး ပွဲတက်အခမ်းအနားတွေလိုမျိုးဆိုရင်တော့ ရှူးဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ကွာလတီအကောင်းစား Luxury ဘရန်းတွေက ဘာတွေဖြစ်မလဲ

အနက်ရောင် ဂျင်း ဘောင်းဘီ

သင့်အနေနဲ့ ကွာလတီကောင်းတဲ့ ဘောင်းဘီအကောင်းစားတွေကို ရွေးချယ်ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ASOSO ၊ Zara ၊ Nordstrom နဲ့ Everlane တို့ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကွာလတီအကောင်းစားဘရန်းတွေကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီတံဆိပ်တွေကို ရွေးချယ်သင့်ပါတယ်။

အနက်ရောင် ဂျင်း ဘောင်းဘီ ဝတ်ကာ စတိုင်လ်မလိုင်အပြည့်ထုတ်ချင်တဲ့ ကွီးတို့အတွက် စတိုင်လ်ကျစေမယ့် ဖက်ရှင်တွေကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

ပေါ့ပေါ့ပါးပါးဖက်ရှင်

အနက်ရောင် ဂျင်း ဘောင်းဘီ

သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အချိန်ပဲဖြစ်ဖြစ်၊ ချစ်သူကောင်မလေးနဲ့ ချိန်းထားရင်ပဲဖြစ်ဖြစ် ဒီလိုပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ရှိုးထုတ်နိုင်ပါတယ်။

ဂျင်းအပြဲဖက်ရှင်

အနက်ရောင် ဂျင်း ဘောင်းဘီ

ဂျင်းအပြဲဖက်ရှင်ကတော့ လူငယ်တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ဖက်ရှင်တစ်ခုပါ။

ဖက်ရှင်ကျနေတဲ့ ပါရီမြို့သား

အနက်ရောင် ဂျင်း ဘောင်းဘီ

ဖက်ရှင်အသစ်အဆန်းလေးကို ဖန်တီးချင်တယ်ဆိုရင်တော့ ပါရီမြို့သားစတိုင်လ် ဖက်ရှင်မျိုးကို စမ်းကြည့်နိုင်ပါတယ်။

သားရေဂျက်ကတ်ဖက်ရှင်

အနက်ရောင် ဂျင်း ဘောင်းဘီ

အလန်းစားစတိုင်လ်မျိုး ဖန်တီးချင်တဲ့အခါ ဒီလိုဖက်ရှင်မျိုး ဖန်တီးလိုက်ပါ။

Sneakers အကွက်ဒီဇိုင်းများနဲ့ တွဲဖက်ဝတ်ဆင်ပါ

အနက်ရောင် ဂျင်း ဘောင်းဘီ

စစ်တုရင်ကွက်ဖက်ရှင်ဒီဇိုင်းမျိုးသည်လည်း ယခုနှစ်အတွင်း ရေပန်းစား လူကြိုက်များပါတယ်။

အညိုရောင် ဘွတ်ဖိနပ်နှင့် တွဲဖက်ဝတ်ဆင်ပါ

black jeans fashion

ဘွတ်ဖိနပ်အညိုရောင်နှင့် ဂျက်ကတ်အညိုရောင်တို့ကို ဂျင်းဘောင်းဘီအနက်ရောင်ဖြင့် တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

All Black ဖက်ရှင်

black jeans fashion

ဒီဖက်ရှင်လေးကတော့ လူကြားထဲမှာ ထင်းပြီး ဆွဲဆောင်မှုတိုးကာ ကြည့်ကောင်းနေစေမှာပါ။

ဂျက်ကတ်ဖက်ရှင်

black jeans fashion

အနက်ရောင်ဖက်ရှင်ကိုမှ အပေါ်ကနေ ထပ်ဝတ်လိုက်ပါ။

ဂျင်းရှပ်နှင့် တွဲဖက်ဝတ်ဆင်ပါ

black jeans fashion

ဂျင်းအနက်ကို ဂျင်းရှပ်နဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

ချည်ထည်အကွက်ဖက်ရှင်

black jeans fashion

ချည်ထည်အကွက်အင်္ကျီများကတော့ ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းပြီး စတိုင်လ်ကျစေမှာပါ။

Sneakers အဖြူနှင့် တွဲဖက်ဝတ်ဆင်ပါ

black jeans fashion

ဂျင်းအနက်ကို Sneakers ဖိနပ်အဖြူနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

နောက်ဆုံးပေါ် ဂျင်းကီမိုနို

black jeans fashion

ဖက်ရှင်အသစ်အဆန်းမျိုးကိုမှ စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဂျင်း ကီမိုနိုအင်္ကျီဖက်ရှင်လေးကို ဝတ်ဆင်နိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ အနက်ရောင် ဂျင်း ဘောင်းဘီ ဖက်ရှင်များကို ဖက်ရှင်ချစ်သူကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Outfittrends

Featured Image: Dmarge