အနက်ရောင် Blazer တွေက ယောက်ျားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ ဖက်ရှင် Item တစ်ခုပါပဲ။ စမတ်ကျရုံတင်မကပဲ Classic ဖြစ်တဲ့ အသွင်အပြင်ကိုလည်း ပေးစွမ်းပါတယ်။ အချိန်နေရာပေါ်လိုက်ပြီး ဘယ်လို အဝတ်အစားနဲ့မဆို တွဲဖက်ဝတ်လို့ အဆင်ပြေသလို စွယ်စုံရတဲ့ ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။ ဒီဆောင်းပါးလေးမှာတော့ အနက်ရောင် Blazer တွေနဲ့ ဘယ်လိုရှိုးထုတ်ရမလဲဆိုတာ မသိသေးတဲ့ ကွီးတို့အတွက် ဖက်ရှင်အကြံပြုချက် အချို့ကို မျှဝေပေးချင်ပါတယ်။

(၁) မီးခိုရောင် Pants တွေနဲ့ တွဲဝတ်ပါ

Black Blazer

Photo : The Trend Spotter

အနက်ရောင် Blazer နဲ့ မီးခိုရောင် Pants တွေက ရိုးရှင်းပြီး စတိုင်ကျတဲ့ ပေါင်းစပ်မှုတစ်ခုအတွက် ပြီးပြည့်စုံတဲ့ ဖက်ရှင်တစ်ခုပါ။ လူကြီးလူကောင်းဆန်ဆန် တက်ရောက်ရမယ့် ပွဲအခမ်းအနားတွေမှာဆိုရင် ဒီဖက်ရှင်အတွဲအစပ်က သိပ်ကိုကွက်တိကျစေမှာပါ။ အဖြူရောင်ရှပ်အင်္ကျီ ၊ အနက်ရောင်လည်စည်းနဲ့ အနက်ရောင် Dress Shoes တွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ခမ်းနားပြီးပြည့်စုံတဲ့ အသွင်အပြင်ကို ရစေမှာ ဖြစ်ပါတယ်။ အနည်းငယ် Casual ဆန်တဲ့ဘက်သွားချင်ရင်တော့ Suit Pants တွေ ၊ Trousers တွေအစား မီးခိုးရောင် Chinos ဘောင်းဘီတွေကို ရွေးချယ်နိုင်ပါတယ်။

(၂) Jeans တွေနဲ့ တွဲဝတ်ပါ

Black Blazer

Photo : The Trend Spotter

Daily Wear အနေနဲ့ဖြစ်ဖြစ် ညဘက် Nightout ထွက်တဲ့အခါပဲဖြစ်ဖြစ် ခေတ်မှီစတိုင်ကျတဲ့ ဖက်ရှင်ကို ရွေးချယ်ချင်တယ်ဆိုရင် Jeans နဲ့ အနက်ရောင် Blazer တွေက နှစ်ခါပြန်စဉ်းစားစရာမလိုတဲ့ ဖက်ရှင်အတွဲအစပ် တစ်ခုပါပဲ။ ပေါ့ပါးမှုနဲ့ ရိုးရှင်းတဲ့ဖက်ရှင်အသွင်အပြင်ကြောင့် ဘယ်နေရာမဆို လိုက်ဖက်မှုရှိရှိ ဝတ်ဆင်လို့ ရနိုင်ပါတယ်။ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျစေဖို့ Casual T-shirt နဲ့ Dress Shoes တွေကို တွဲဖက်ဝတ်ဆင်ဖို့ မမေ့ပါနဲ့။

(၃) အပြာရောင် Shirt တွေနဲ့ တွဲဝတ်ပါ

Black Blazer

Photo : The Trend Spotter

အနက်ရောင် Blazer တွေကို Formal ဆန်ဆန်ဝတ်ဖို့အတွက်ဆိုရင်တော့ အပြာရောင် Shirt တွေက ထိပ်ဆုံးကနေ စဉ်းစားရမယ့်အထည့်မှာ ပါပါတယ်။ များသောအားဖြင့်တော့ အဖြူရောင် Shirt တွေကို တော်တော်များများ စဉ်းစားမိကြပေမယ့် သာမန်လူတိုင်းဝတ်နေတဲ့ ပုံစံထဲက ခွဲထွက်ပြီး စမတ်ကျကျနဲ့ ခေတ်ဆန်တဲ့ စတိုင်ကို လိုချင်ရင်တော့ အပြာရောင် Shirt တွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ Pants ရွေးတဲ့အခါမှာတော့ အနက်ရောင် Blazer နဲ့ လိုက်တဲ့ အနက်ရောင် Pants တွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် Blazer နဲ့ အရောင်အနည်းငယ် ကွဲထွက်တာကို ရွေးဖို့လိုပါတယ်။ အနက်ရောင်ကိုမှ Blazer ထက် ပိုဖျော့တာ သို့မဟုတ် အရောင်ပိုရင့်တာကို ရွေးပါ။ ဒါက ကွီးတို့ရဲ့ ဖက်ရှင်စတိုင်ကို ပိုမိုပေါ်လွင်မှုရှိစေမှာ ဖြစ်ပါတယ်။

(၄) Beige Trousers တွေနဲ့ တွဲဝတ်ပါ

Photo : The Trend Spotter

အနက်ရောင် Blazer တွေက ထင်ထားတာကို ပိုပြီး စွယ်စုံရပါတယ်။ Formal ၊ Semi-Formal ကနေ Casual ၊ Smart Casual ဖက်ရှင်တွေအထိ သွားနိုင်ပါတယ်။ အဓိကအားဖြင့် သူနဲ့တွဲဖက်ဝတ်ဆင်ဖို့ ရွေးချယ်လိုက်တဲ့ ဖက်ရှင်အတွဲအစပ်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ဖက်ရှင်အသွင်အပြင်က ပြောင်းလဲသွားမှာပါ။ ဒီနေရာမှာ အရမ်းလည်း Formal မကျချင်ဘူး လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးရှိရမယ် ၊ စမတ်လည်း ကျချင်တယ်ဆိုရင်တော့ Beige ကာလာ Trousers တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ရုံးတက်ဖက်ရှင် Office Wear အနေနဲ့ဝတ်နိုင်သလို ပွဲတက်အခမ်းအနားတွေ အတွက်လည်း သင့်တော်ပါတယ်။ Beige Trousers တွေနဲ့ ဝတ်မယ်ဆို အဖြူရောင် ရှပ်အင်္ကျီ ၊ အနက်ရောင် Derby Shoes တွေနဲ့ တွဲဖက်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

အနက်ရောင်Blazer တွေ ဝတ်တော့မယ်ဆိုရင် အောက်ပါ အကြံပြုချက်လေး အချို့ကိုလည်း သိထားဖို့ ထပ်ဆောင်းပြောပြ ပေးချင်ပါတယ်။

အနက်ရောင်Blazer တွေ ဝယ်မယ်ဆိုရင် ခပ်ပေါပေါထဲက လုံးဝမရွေးပါနဲ့။ အရည်အသွေး ကောင်းပြီး ကိုယ့်ရဲ့ဘော်ဒီအနေအထားနဲ့ အံဝင်ဂွင်ကျ Fit ဖြစ်တဲ့ Blazer ကို သေချာရွေးချယ်ပါ။

ပွဲတက်အခမ်းတွေလို Formal ဆန်တဲ့ နေရာတွေအတွက် သေချာစမတ်ကျကျ ချုပ်ထားတဲ့ Blazerတွေကို ရွေးချယ်သင့်သလို ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျကျ သွားရမယ့် နေရာတွေမှာတော့ Unstructured ဖြစ်တဲ့ တနည်းအားဖြင့် ပေါ့ပေါ့ပါးပါး ရှိတဲ့ Blazer တွေကို ရွေးချယ်ပါ။ နေရာအချိန်အခါပေါ်မူတည်ပြီး အရွေးမမှားစေဖို့ မှာချင်ပါတယ်။

Semi-formal နဲ့ Smart Casual ဖက်ရှင်တွေအတွက်ဆို အနက်ရောင်Blazer တွေကို Khaki Trousers ဒါမှမဟုတ် Jeans တွေပဲ တွဲဝတ်ပါ။

Featured Photo : DMARGE