ယောကျာ်းလေး ၁၀၀ မှာ ၉၉ ရာခိုင်နှုန်းလောက် ကြိုက်နှစ်သက်တဲ့ ဖက်ရှင်ကို ပြောပါဆိုရင် အနက်ရောင် T-Shirt တွေကိုပဲ ပြောရမှာပါ။ ၂၀၀၅ ခုနှစ်နောက်ပိုင်း အရောင်တွေကို အခြေခံတဲ့ ဖက်ရှင်တွေဟာ ဖက်ရှင်ရေစီးကြောင်းပေါ်မှာ ပိုမို ကြီးစိုးလာခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ လူငယ်တွေကြား အနက်ရောင် T-Shirtတွေ တိတ်တဆိတ် တကြော့ပြန် ရေပန်းစားလာခဲ့ပြန်ပါတယ်။ ကွီးတို့အတွက် အချိန်အခါမရွေး ပေါ့ပါးလွတ်လပ်ပြီး ဘယ်နေရာမဆို ဝတ်လို့အဆင်ပြေတဲ့ အနက်ရောင် T-Shirt တွေကို စတိုင်အမိမိုက်ဆုံး ဝတ်နိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။

အနက်ရောင် T-Shirt အမျိုးအစားများ

Photo : DMARGE

အနက်ရောင် T-Shirt တွေဟာ ပုံမှန်အားဖြင့်တော့ အမျိုးအစား သိပ်အများကြီးမရှိပေမယ့် အဓိက ကွဲပြားသွားစေတာကတော့ လည်ပင်းဒီဇိုင်းလို့ ပြောရမှာပါပဲ။ Crew Necks လို့ခေါ်တဲ့ လည်ပင်းအဝိုင်းပုံစံ T-Shirt တွေကတော့ အဝတ်အများဆုံး ဒီဇိုင်းတစ်ခုပါ။ ဒုတိယအဝတ်များတာကတော့ V-neck လို့ခေါ်တဲ့ V ပုံစံလည်ပင်း ဒီဇိုင်းဖြစ်ပါတယ်။ Blazers တွေနဲ့တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ နောက်တစ်မျိုးကတော့ လည်ပင်းကြယ်သီးတပ် T-Shirt ဒီဇိုင်းဖြစ်ပြီး Denim Jackets တို့ Cardigans တို့လို အပေါ်ထပ် အင်္ကျီတွေ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံးဖြစ်ပါတယ်။

Fits အနက်ရောင် T-Shirt များ

Photo : DMARGE

ဒါကတော့ အရိုးရှင်းဆုံး စတိုင်အကျဆုံး T-Shirt ဒီဇိုင်းတစ်ခုပါ။ ယေဘူယျအားဖြင့် အမျိုးသားဝတ် Tees စတိုင် ၃ မျိုးရှိပါတယ်။ Slim Fit ၊ ပုံမှန် Regular Fit နဲ့ ခပ်ပွပွဝတ်ရတဲ့ Baggy Fit ဆိုပြီး ဖြစ်ပါတယ်။ စတိုင် ၃ မျိုးကတော့ အဝတ်များပြီး လူတစ်ဦးချင်းစီရဲ့စိတ်ကြိုက်ရွေးချယ်မှုအပေါ် မူတည်ပါတယ်။ ဒါပေမယ့် အခြေခံကျကျ အကြံပေးရမယ်ဆိုရင်တော့ Slim Fit T-Shirt တွေက Slim Fit ဖြစ်တဲ့ Jeans ဘောင်းဘီ ဒါမှမဟုတ် ဘောင်းဘီတိုတွေနဲ့ တွဲဖက်ဝတ်ဖို့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ Regular Fit T-Shirt တွေကတော့ ပေါ့ပေါ့ပါးပါးနဲ့ ခပ်ပွပွဘောင်းဘီပုံစံတွေနဲ့ လိုက်ပါတယ်။ Baggy Fit T-Shirt တွေကျပြန်တော့ အနည်းငယ်ပွတဲ့ ဘောင်းဘီပုံစံရော ၊ ခပ်ကျပ်ကျပ်ဝတ်ရတဲ့ Slim Fit ဘောင်းဘီပုံစံတွေနဲ့ပါ တွဲဝတ်ဆင်လို့ အဆင်ပြေပါတယ်။

အနက်ရောင် T-Shirtနဲ့ Blazer ဖက်ရှင်အတွဲအစပ်

Photo : DMARGE

ဒီဘက်ခေတ်မှာတော့ T-Shirt တွေကို ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျတဲ့ Smart Casual စတိုင်ဖက်ရှင်အနေနဲ့ တွဲဖက်ဝတ်ဆင်လာကြပါတယ်။ Blazer နဲ့ Denim Jeans ဘောင်းဘီ ဖက်ရှင်အတွဲအစပ်အတွက် V-neck အနက်ရောင် T-Shirt တွေက တွဲဝတ်လို့ အကောင်းဆုံးပါ။ Blazer နဲ့ Trousers တွဲဝတ်မယ်ဆိုရင်တော့ လည်ပင်းအဝိုင်း T-Shirt တွေကို ရွေးချယ်နိုင်ပြီး Summer Vibe အပြည့်အဝ ရစေမယ့် ဖက်ရှင်စတိုင်တစ်ခုပဲ ဖြစ်ပါတယ်။

အနက်ရောင် T-Shirtနဲ့ Jacket ဖက်ရှင်အတွဲအစပ်

Photo : DMARGE

Jacket တွေရဲ့အောက်မှာ ခံဝတ်ဖို့အတွက်ဆိုရင် အနက်ရောင် T-Shirtတွေကတော့ အကောင်းဆုံးပါပဲ။ အနက်ရောင် T-Shirtနဲ့ Jacket တွေဟာ စွယ်စုံရတဲ့ဖက်ရှင်စတိုင်တစ်ခုလို့ ပြောရမှာဖြစ်သလို ပေါ့ပေါ့ပါးပါး စတိုင်ကျပြီး အလုပ်ခွင်ကနေ ညနေခင်း Bar ထိုင်တဲ့အထိ စတိုင်မိမိ ဝတ်ဆင်နိုင်ပါတယ်။ အနက်ရောင် T-Shirt တွေကိုJacket စတိုင်တော်တော်များများ တွဲဖက်ဝတ်ဆင်နိုင်ပြီး Denim Jacket ကနေ Suede Jacket ၊ Bomber Jacket တွေအထိ အမျိုးမျိုးပြောင်းလဲ ဝတ်ဆင်နိုင်ပါတယ်။ အခုလိုဆောင်းရာသီမျိုးမှာ အနက်ရောင် T-Shirtနဲ့ Jacket ဖက်ရှင်အတွဲအစပ်က တကယ့်ကိုပဲ စတိုင်ကျကျနဲ့ မိမိုက်နေစေမယ့် ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

အနက်ရောင် T-Shirtနဲ့ ဘောင်းဘီအတို ဖက်ရှင်အတွဲအစပ်

Photo : DMARGE

အနက်ရောင် T-Shirtနဲ့ ဘောင်းဘီအတို ဖက်ရှင်ကတော့ နွေရာသီလို ပူအိုက်တဲ့ ရာသီအတွက် အသင့်တော်ဆုံးဖြစ်ပေမယ့် တကယ်တော့ ရာသီမရွေးဝတ်လို့ အဆင်ပြေသလို အားကစားလုပ်ချိန်မှာလည်း ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာဝတ်လို့ရမယ့် အကောင်းဆုံး စွယ်စုံရ ဖက်ရှင်အတွဲအစပ် တစ်ခုဖြစ်ပါတယ်။ Jeans ဘောင်းဘီအတို ၊ အားကစား ဘောင်းဘီအတိုနဲ့ Fit ဖြစ်တဲ့ Dress Shorts တွေလည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အားကစား ဘောင်းဘီအတိုတွေကနေ ပေါ့ပါးလွတ်လပ်မှုကို သဘောကျတဲ့ ကွီးတို့အတွက်အသင့်တော်ဆုံးဖြစ်ပြီး အိမ်နေရင်းရော ဟိုနားဒီနား ထသွားထလာပါ သက်တောင့်သက်သာ ဝတ်ဆင်လို့ရပါတယ်။ Jeans ဘောင်းဘီအတိုတွေကတော့ Regular Fit ရော Slim Fit T-Shirt တွေနဲ့ပါ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။ ကြွက်သားတောင့်တဲ့ ဘော်ဒီမျိုးရှိတယ်ဆိုရင် Slim Fit T-Shirt တွေနဲ့ တွဲဝတ်လိုက်ပါ။ Dress Shorts တွေကတော့ လူငယ်ဆန်ဆန် ပါတီတွေတက်ရာမှာ ဝတ်နိုင်သလို အားလပ်ရက် အပြင်သွားချိန်မှာလည်း စတိုင်ကျကျ ဝတ်လို့အကောင်းဆုံး ဖြစ်ပါတယ်။ Dress Shorts တွေကို Regular Fit T-Shirtတွေနဲ့ တွဲဖက်ပြီး ပေါ့ပေါ့ပါးပါး သက်တောင့်သက်သာစတိုင်မျိုး ရှိုးထုတ်နိုင်ပါတယ်။

Featured Photo : DMARGE