T-Shirt တွေဟာ အမျိုးသားတိုင်းရဲ့ ဗီရိုထဲမှာရှိသင့်တဲ့ အခြေခံအကျဆုံး ဖက်ရှင်တစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။ ပုံမှန်ထသွားထလာ ပေါ့ပေါ့ပါးပါး ဖက်ရှင်တစ်ခုအနေနဲ့ T-Shirt တွေကို ဝတ်ကြသလို အခုနောက်ပိုင်းမှာ Gym ဖက်ရှင်ကနေ ရုံးတက် Smart Casual ဖက်ရှင်တွေအထိ ဝတ်လာကြပါပြီ။ T-Shirt ဝယ်တဲ့အခါ အရည်အသွေးကောင်းကောင်းနဲ့ Cutting သေသပ်ကောင်းမွန်တဲ့ စတိုင်တွေကို ဦးစားပေး ရွေးချယ်ဝယ် သင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မတူညီ T-Shirt ပုံစံအမျိုးမျိုး ၊ Brand အမျိုးမျိုး ရှိတဲ့အထဲကမှ အဓိကအားဖြင့် အမျိုးသား တစ်ယောက်အတွက် မရှိမဖြစ် ပိုင်ဆိုင်ထားသင့်တဲ့ T-Shirt စတိုင် ၅ မျိုးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) Plain T-Shirt

အမျိုးသား T-Shirt စတိုင်

Photo : The Trend Spotter

အမျိုးသားတိုင်း အနည်းဆုံး ၁ ထည်နဲ့အထက် ရှိသင့်တဲ့ T-Shirt စတိုင်တစ်ခုကတော့ Plain T-Shirt တွေပါပဲ။ Plain T-Shirt တွေဟာ ရိုးရှင်းပေမယ့် ဘယ်တော့မှ ခေတ်နောက်မကျတဲ့ Timeless ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ အချိန်ရာသီမရွေး ဝတ်လို့အဆင်ပြေသလို ပေါ့ပေါ့ပါးပါးနဲ့ စတိုင် ကျစေမှာပဲ ဖြစ်ပါတယ်။ Plain Tee ကို Jean ဘောင်းဘီနဲ့တွဲပြီး Smart Casual ကျကျ ဝတ်လို့ရသလို ဂျတ်ကတ်တွေနဲ့လည်း တွဲပြီး ရှိုးထုတ်လို့ ရပါတယ်။ အရောင်ကတော့ Black နဲ့ White ကာလာတွေက အကောင်းဆုံးဖြစ်ပြီး ရာသီဥတုနဲ့ သွားမယ့်နေရာပေါ် မူတည်ပြီးလည်း အရောင်အနုအရင့် အလဲအလှယ် လုပ်ဝတ်နိုင်ပါတယ်။

(၂) Henley T-Shirt

အမျိုးသား T-Shirt စတိုင်

Photo : The Trend Spotter

Henley T-Shirt တွေကတော့ ရိုးရိုး T-Shirt နဲ့ Polo-Shirt ကိုရောစပ်ထားတဲ့ T-Shirt စတိုင် တစ်ခုလို့ ပြောလို့ရပါတယ်။ လည်ပင်းကြယ်သီးတွေ ထည့်ပေးထားပေမယ့် ကော်လာမပါတဲ့အတွက် ဝတ်ရတာ သက်တောင့်သက်သာရှိပြီး အဆင့်အတန်းမြင့်တဲ့ ဖက်ရှင်အသွင်အပြင်ကို ပေးစွမ်းပါတယ်။ လက်ရှည် ၊ လက်တို နှစ်မျိုးလုံးရွေးချယ်နိုင်ပြီး ၁၂ ရာသီလုံး ဝတ်လို့အဆင်ပြေတဲ့ T-Shirt စတိုင်တစ်ခု ဖြစ်ပါတယ်။ အဓိကအားဖြင့် လူလတ်ပိုင်းအမျိုးသားတွေနဲ့ Gym ကစားတဲ့သူတွေလို ရင်အုပ်မောက်မောက် ဘော်ဒီကောက်ကြောင်းရှိတဲ့အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။

(၃) Long Sleeve T-Shirt

အမျိုးသား T-Shirt စတိုင်

Photo : The Trend Spotter

Long Sleeve T-Shirt အလွယ်ခေါ်ရရင် လုံးစွတ်လက်ရှည် T-Shirt တွေဟာ ဘက်စုံသုံး T-Shirt စတိုင်တစ်ခု ဖြစ်ပါတယ်။ ရာသီဥတုအေးတဲ့အချိန်တွေမှာ ဝတ်နိုင်သလို မိုးအကုန်ဆောင်းအကူး ကာလတွေမှာ စတိုင်ကျကျ ရှိုးထုတ်လို့ကောင်းတဲ့ T-Shirt တစ်ထည် ဖြစ်ပါတယ်။ Casual Day စတိုင်အနေနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ချင်တယ်ဆိုရင် Jeans ဒါမှမဟုတ် Chinos ဘောင်းဘီတစ်ထည်နဲ့သာ တွဲဝတ်လိုက်ပါ။ Oversize ပုံစံ ခပ်ပွပွ ဝတ်မလား ၊ Fit ဖြစ်တဲ့ ပုံစံပဲဝတ်မလား ၊ Plain လား ၊ Printed ဒီဇိုင်းလား စသည်ဖြင့် နှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

(၄) Printed T-Shirt

အမျိုးသား T-Shirt စတိုင်

Photo : The Trend Spotter

လူငယ်အဆန်ဆုံးနဲ့ အထာကျကျ ဂေါ်ချင်တဲ့ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်း အမျိုးသားတွေမှာ အများဆုံး ဝတ်လေ့ရှိတဲ့ T-Shirt စတိုင် တစ်ခုဖြစ်ပါတယ်။ Printed ဒီဇိုင်းတွေကတော့ ရွေးချယ်စရာအများကြီးရှိသလို စိတ်ကူးရှိရင်ရှိသလောက် အနုစိတ်ဖန်တီးနိုင်မယ့် အနုပညာ ဆန်ဆန် T-Shirt ပုံစံတစ်ခုပါ။ အခုနောက်ပိုင်းမှာ လူငယ်တွေအနေနဲ့ နှစ်သက်ရာ စာတန်းတွေ ၊ ကိုယ်ပိုင်ဒီဇိုင်းတွေ နဲ့ အကြိုက်ဆုံး Music Band သို့မဟုတ် လူပုဂ္ဂိုလ်တွေကို ကိုယ်စားပြုတဲ့ ဒီဇိုင်းတွေ ကိုယ်တိုင်ရိုက်နှိပ် ဝတ်ဆင်လာကြပါတယ်။

(၅) Striped T-Shirtအမျိုးသား T-Shirt စတိုင်

Photo : The Trend Spotter

Striped T-Shirt လို့ခေါ်တဲ့ အစင်းဒီဇိုင်း T-Shirt တွေက မူလက ပြင်သစ်ရေတပ်ရဲ့ ယူနီဖောင်းအဖြစ်နဲ့ ဝတ်ဆင်ခဲ့ကြတဲ့ အင်္ကျီပုံစံ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဖက်ရှင်ရေးစီးကြောင်းပေါ်မှာ နေရာယူလာရာကနေ ဒီနေ့ခေတ်အထိ လူကြိုက်များကျော်ကြားလာတဲ့ T-Shirt စတိုင် တစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး လူငယ်ဆန်တဲ့ ဖက်ရှင်အနေနဲ့ ဝတ်လို့ရသလို Smart Casu‌al ဖက်ရှင်အနေနဲ့လည်း အဆင့်မြှင့်တင်ပြီး ဝတ်လို့ရပါတယ်။ အပြာစင်း ၊ အနက်စင်းနဲ့ အနီစင်းတွေပါတဲ့ Striped T-Shirt တွေကတော့ လူကြိုက်အများဆုံး Classic ပုံစံ ဖြစ်ပါတယ်။ အစင်းဒီဇိုင်း အစိပ်အကျဲ ၊ လက်တိုလက်တို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး ရာသီမရွေးဝတ်လို့ အဆင်ပြေတဲ့ T-Shirt စတိုင် တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : The Classic T-Shirt Company