ကွီးတို့ရေ ကွီးတို့အပါအဝင် လူတော်တော်များများက ခရီးသွားရတာ ကိုနှစ်သက် သဘောကျကြပါတယ်။ မိသားစု၊ သူငယ်ချင်း၊ ကွီးတို့ရဲ့ အရေးပါတဲ့တခြားသူတွေနဲ့ပဲဖြစ်ဖြစ်၊ တစ်ယောက်တည်း ခရီးသွားတာပဲဖြစ်ဖြစ် တကယ်ကို အကျိုးရှိတဲ့ အတွေ့အကြုံကို ရစေမှာပါ။ ဒါပေမယ့် ခရီးထွက်မယ်လို့ Plans တွေလုပ်ထားပေမယ့် အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ခဏခဏရွှေ့ဆိုင်းမိကြပါတယ်။ ဒီလို တုန့်ဆိုင်းမနေရအောင် တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ ခရီးသွားသင့်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခရီးသွားခြင်းက လိုအပ်သော အနားယူချိန်ဖြစ်ပါတယ်
Photo: Shutterstock
ကွီးတို့ရေ နေ့စဉ် တိုးတတ်ပြောင်းလဲနေပြီး ယှဉ်ပြိုင်နေရတဲ့ ခေတ်ကြီးထဲမှာ လှုပ်ရှားရုန်းကန် နေရတာ ပင်ပန်းနွမ်းနယ်နေပြီလား။ နေ့စဉ် လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ငြီးငွေ့နေပြီလား။ ဒါဆိုရင် ဒီလိုအခြေအနေတည်းက ခဏရုန်းထွက်ပြီး အနည်းဆုံး တစ်နှစ်မှာ တစ်ခါတော့ ခရီးသွားခြင်းဖြင့် စိတ်လှုပ်ရှားဖွယ် မိုးကုတ်စက်ဝိုင်း အသစ်တွေကို နှုတ်ဆက်လိုက်ပါ။ ခရီးသွားခြင်းကြောင့် စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွလာပြီး လုပ်ငန်းဆောင်တာများ လုပ်ဆောင်တဲ့အခါမှာလဲ ပိုမိုပေါ့ပါး အောင်မြင်စေမှာ ဖြစ်ပါတယ်။
(၂) တန်ဖိုးရှိပြီး ကောင်းမွန်တဲ့အချိန်တွေကို ရရှိစေပါတယ်
Photo : Nwesrrom Booking global
ခရီးသွားခြင်းဟာ ကွီးတိုရဲ့ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ၊ ချစ်ရသူနဲ့ဖြစ်စေ ကောင်းမွန်တဲ့ အချိန်တွေကို ဖန်တီးဖို အခွင့်အရေး ကောင်းတစ်ခုဖြစ်ပါတယ်။ ကွီးတိုနေ့စဉ်ဘဝမှာ အလုပ် ဒါမှမဟုတ် စာသင်ကြားလေ့လာခြင်းတွေနဲ့ အလုပ်ရှူတ်နေပြီး ကိုယ်တန်ဖိုးထားတဲ့လူတွေကို အချိန်မပေးနိုင်တာ၊ သူတိုနဲ့ ကောင်းမွန်တဲ့အချိန်တွေ မဖန်တီးနိုင်မျိုးရှိပါတယ်။ ဒါကြောင့် အချိန်ပေးပြီး ခရီးထွက်တာက ကွီးတိုချစ်ရသူတွေ အတွက်သာမက ကွီးတို့ ကိုယ်တိုင်အတွက်ပါ အကျိုးရှိစေပါတယ်။ ခရီးသွားခြင်း လုပ်ရိုးလုပ်စဉ် နေ့စဉ်ဘဝထဲက ခွဲထွက်ပြီး ကွီးတို့ကိုပိုမိုပျော်ရွှင်စေပါလိမ့်မယ်။ ဒါကြောင့် ကွီးတို တန်ဖိုးထားချစ်ရသူတွေ အတွက်ရော ကွီးတို့ ကိုယ်တိုင်အတွက်ပါ တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ ခရီးထွက်သင့်ပါတယ်။
(၃) ခရီးသွားခြင်းက ယဉ်ကျေးမှု အသစ်တွေကို ဖော်ထုတ်ပေးတယ်
Photo : JoeyBLS Photography
New York မြိုရဲ့ Night Life ဘဝကို တွေ့ကြုံခံစားဖို့ တောင့်တနေပါသလား။ ဂျပန်က Street Food တွေရဲ့အရသာဘယ်လိုလဲ သိချင်ပါသလဲ။ Palawan ရဲ့ရှုခင်း အလှကို ခံစားလိုပါသလား။ နေရာဒေသ ပေါင်းစုံက သူတိုရဲ့အစားအစာတွေ၊ အနုပညာတွေ၊ ဗိသုကာပညာတွေ၊ နေ့စဉ်ဘဝတွေ အကြောင်းစွဲလန်း နှစ်မြှပ်စေဖို့ ကွီးတို့ကို ခရီးသွားခြင်းကပေးစွမ်းနိုင်ပါလိမ့်မယ်။ ခရီးသွားခြင်းကြောင့် ရှာဖွေတွေ့ရှိနိုင်တဲ့ မတူညီ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေက တကယ်ကို စိတ်ကျေနပ်စရာကောင်းလောက်အောင် အံအားသင့်စေပါလိမ့်မယ်။
(၄) ခရီးသွားခြင်းက သူငယ်ချင်း မိတ်ဆွေအသစ်များရရန်လည်း နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်တယ်
Photo : Hosteworld
ခရီးသွားခြင်းကြောင့် ကိုယ်သွားတဲ့ ခရီးက ဒေသခံဖြစ်စေ၊ ကိုယ့်ရဲ့ ခရီးသွားဖော်ဖြစ်စေ စတဲ့ မိတ်ဆွေအသစ်များနဲ့ တွေ့ဆုံဖိုအကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ခရီးသွားခြင်း ကနေ ရရှိလာတဲ့ မိတ်ဆွေတွေဟာ ကွီးတိုဘဝထဲကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကောင်တချို့ ဝင်လာသကဲ့သို ၎င်းတိုကို သိခွင့်ရတဲ့ အတွေ့အကြုံအသစ် လည်းရရှိမှာဖြစ်ပါတယ်။ အနည်းဆုံး တစ်နှစ်မှာ တစ်ခါတော့ ခရီးသွားခြင်းဖြင့် ဆက်ဆံရေး အသစ်တွေတည်ဆောက်ပြီး လူအမျိုးမျိုးထံမှ အကြာင်းအရာတချို့ကို သင်ယူပြီး တကယ်ကိုကောင်းမွန်တဲ့ ဘဝ အတွေ့အကြုံတစ်ခု ဖြစ်စေပါတယ်။
( ၅) ကိုယ့်ကိုယ်ကို ပိုသိလာစေပါတယ်
Photo : GoodFon
ခရီးသွားခြင်းက တစ်နည်းတစ်ဖုံနဲ့ ကွီးတို့ကို ကိုယ့်အကြောင်းကို ပိုမို သတိပြုလာစေရန် ကူညီပေးပါတယ်။ ခရီးသွားခြင်းဖြင့် မဖြစ်မနေလုပ် ရသောအရာများ အသစ်သစ်သောအရာများကို ကြုံတွေရပြီး ကိုယ့်ကိုယ်ကို လိုက်လျောညီထွေ နေနိုင်ကြောင်း ကွီးတို့ သတိပြုလာနိုင် ပါလိမ့်မယ်။ ထို့အပြင် ခရီးသွားခြင်းက ကွီးတို့ ကိုယ့်ကိုယ်မလုပ်နိုင်ဘူးလို့ ထင်နေတဲ့အရာတွေ၊ ကန့်သတ်ချက်တွေကို တွန်းလှန်နိုင်ပြီး စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းနိုင်စွမ်းရှိကြောင်း သိရှိလာပါလိမ့်မယ်။ အမြင်သစ်တွေ အတွေ့အကြုံသစ်တွေလည်း ရရှိလာပါလိမ့်မယ်။ ကွီးတို့ ကိုယ့်ကိုယ်နဲ့ပတ်သတ်ပြီး ပိုမိုသိရှိလာပါလိမ့်မယ်။ အရင်က ကွီးတို့ လုံးဝမကြိုက်ဘူးလို့ ထင်တဲ့အရာတွေကလည်း ကွီးတိုသဘောကျတဲ့ အရာတွေဖြစ်လာတာ တွေ့ရှိနိုင်ပါလိမ့်မယ်။
(၆) ခရီးသွားခြင်းက စိတ်ကျန်းမာရေး အခြေအနေကို မြှင့်တင်ပေးပါတယ်
Photo : HelloGiggles
ကွီးတိုရေ နေ့စဉ် လှုပ်ရှားရုန်းကန်နေရတဲ့ ခေတ်ကြီးထဲမှာဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေရရှိနေကြပါတယ်။ စိတ်ဖိစီးမှုကို မလျှော့ချဘဲ ဆက်တိုက် စိတ်ဖိစီးမှုတွေများနေမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြသနာတွေ အများကြီးဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ထိုစိတ်ဖိစီးမှုကိုလျှော့ချဖို အကောင်းဆုံးနည်းလမ်းကတော့ ခရီးသွားခြင်းပဲဖြစ်ပါတယ်။ ခရီးသွားခြင်းက ကွီးတို့ရဲ့နေ့စဉ် လုပ်ရိုးလုပ်စဉ်များမှ ကွဲထွက်ပြီး ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်တွေဆီ ခေါ်ဆောင်သွားနိုင်ပြီး ကွီးတို့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကို Reset ချလိုက်သလိုမျိုး ပြန်လည်လန်းဆန်းစေပါတယ်။ ခရီးစဉ်တစ်ခုကို စတင်စီစဉ်ပြီဆိုတာနဲ့ ပျော်ရွှင်မှုကိုရရှိစေပြီး ကောင်းမွန်တဲ့ခံစားမှုဟာ ခန္ဓာကိုယ်နဲ့စိတ်အပေါ် သက်ရောက်မှုရှိစေပါတယ်။ ခရီးသွားခြင်းကြောင့် လူသစ်များနဲ့တွေ့ဆုံပြီး အခြေအနေသစ်များနဲ့ လိုက်လျောညီထွေအောင် လုပ်ဆောင်ရခြင်းက တစ်ဦးနဲ့တစ်ဦး တစ်နေရာနဲ့တစ်နေရာ ယဉ်ကျေးမှုမတူညီကွဲပြားမှုတွေကို သိရှိလာစေပါတယ်။ ၎င်းသည် စိတ်ကိုထက်မြက်စေပြီး တီထွင်ဖန်တီးနိုင်မှုသာမက ကိုယ်ရည်ကိုယ်သွေးများလည်းတိုးတက်လာမှာဖြစ်ပါတယ်။
ကဲ ကွီးတိုရေ ဒီ အချက်လေးတွေနဲ့ ရရှိလာမဲ့ အကျိူးကျေးဇူးတွေကြောင့် တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ ခရီးထွက်ဖြင့်အောင်ထွက်ပါလို တိုက်တွန်းလိုက်ပါတယ်နော်။
Source : Travel Jokey
Featured Photo : Traveldailymedia