အတက်စမ်းချင်သူတွေ အတွက်တော့ Anal Sex လို့ခေါ်တဲ့ စအိုနဲ့ဆက်ဆံမှုဟာ စမ်းကြည့်ချင်စရာ လိင်ဆက်ဆံမှု ပုံစံတွေထဲက တစ်ခုပါ။ စအိုကို လိင်တံနဲ့ထိုးသွင်း ဆက်ဆံမှုအပါအဝင် ၊ လက်ချောင်းကလေးများနဲ့ ထိုးဆွဆက်ဆံခြင်း ၊ ပါးစပ်နဲ့ ဆက်ဆံခြင်း ၊ လူကြီးကစားစရာများနဲ့ ဆက်ဆံခြင်း စတာတွေအားလုံးဟာ Anal Sex ရဲ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ Anal Sex ကို များသောအားဖြင့် လိင်တူချင်း သို့မဟုတ် လိင်ကွဲစုံတွဲ အနည်းစု ပြုလုပ်လေ့ရှိကြပြီး စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ စအိုအတွင်းက ထိရှလွယ်တဲ့ အာရုံကြော အဆုံးသတ်တွေကို လှုံ့ဆော်ပေးတဲ့အတွက် ကျေနပ်လောက်စရာ အထွတ်အထိပ်ခံစားမှုကို ရနိုင်တယ်လို့ ပြောကြသလို တချို့ကလည်း Anal Sex ကို မကြိုက်ဘူးလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် စမ်းသပ်မှုတစ်ခုအနေနဲ့ပဲ Try ကြည့်ချင်လို့ဖြစ်ဖြစ် ၊ မတူညီတဲ့ ခံစားမှုအသစ်အဆန်းတွေ ရှာဖွေကြည့်ချင်လို့ ဖြစ်ဖြစ် Anal Sex လို့ခေါ်တဲ့ အနောက်အရပ် ကို ခရီးသွား တဲ့အခါ ဘယ်အချက်တွေ လိုက်နာရှောင်ကြဉ်ရမလဲဆိုတာ သိထားဖို့ ပြောပြပေးချင်ပါတယ်။

အနောက်အရပ် က လုံခြုံမှုရှိရဲ့လား ?

Anal Sex

Photo : Healthily

စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ ဆီးပူညောင်းကျ (Gonorrhea) ၊ ကလက်မိုင်ဒီးယား (Chlamydia) ၊ လိင်အင်္ဂါရေယုန် (Genital Herpes) ၊ Human Immunodeficiency Virus (HIV) နဲ့ Human Papillomavirus (HPV) STI အပါအဝင် လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ STIs ရောဂါတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။ နောက်ပြီး စအိုဧရိယာတဝိုက်ဟာ ဘက်တီးရီးယားတွေ များစွာခိုအောင်းရှိနေနိုင်တာကြောင့် မလိုလားအပ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အလားအလာပိုများပါတယ်။

အနောက်အရပ် ကို ခရီးသွားတဲ့အခါ အတက်နိုင်ဆုံး ဘေးကင်းလုံခြုံမှုရှိစေဖို့ အကြံပြုချက်များ

Anal Sex

Photo : Cosmopolitan

ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပါ – Anal Sex မလုပ်ခင် အရင်ဆုံး ညှိနှိုင်းရမှာက သင့်ပါတနာနဲ့ပါ။ စအိုနဲ့လိင်ဆက်ဆံခြင်းကို စိတ်ဝင်စားလို့ Try ကြည့်ချင်တယ်ဆိုရင် သင်နဲ့သင့်ပါတနာကြားမှာ အရင်ဆုံး သဘောတူညီမှု ရဖို့လိုပါတယ်။ အကယ်၍ သင့်ပါတနာက သဘောမတူပါက ဒါကို အပြစ်တင်လို့ မရပါဘူး။ တဖက်လူရဲ့ ဆန္ဒမပါပါက အတင်းအကျပ်ဖိအားပေးခြင်းကို ရှောင်ကြဉ်ရပါမယ်။ စအိုနဲ့ လိင်ဆက်ဆံခြင်းဟာလည်း လိင်ဆက်ဆံမှုပုံစံအားလုံးကဲ့သို့ပင် အပြန်အလှန်လေးစားမှုနဲ့ နှစ်ဦးသဘောတူညီမှုရှိဖို့ လိုပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းမှု ထိန်းသိမ်းပါ – စအိုနဲ့ လိင်ဆက်ဆံရာမှာ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက် အရေးကြီးပါတယ်။ စအိုနဲ့ ဆက်ဆံခြင်းမပြုမီနဲ့ ဆက်ဆံပြီးချိန်တွေမှာ တစ်ကိုယ်ရေ သန့်ရှင်းမှုကို သေချာပြုလုပ်ဖို့ လိုပါတယ်။ လက်ချောင်းတွေကို အသုံးပြုပြီး နှိုးဆွမှုပြုလုပ်မယ်ဆိုပါက လက်သည်းတွေကို သေချာလှီးဖြတ်ထားပါ။ STIs ရောဂါပိုးကူးစက်နိုင်ခြေ နည်းစေဖို့ လက်အိတ်အသုံးပြုတာ ၊ သန့်ရှင်းရေးအတွက် Wet Wipes နဲ့ Towel လို ပစ္စည်းတွေ အသင့်ဆောင်ထားပါ။

Lube မဖြစ်မနေ သုံးပါ – အနောက်အရပ် ကို ခရီးသွားမယ်ဆိုရင် မပါမဖြစ် ဆောင်သွားရမယ့်အရာက Lube လို့ခေါ်တဲ့ ချောဆီပါပဲ။ စအိုဟာ မိန်းမကိုယ်ကဲ့သို့ သဘာဝချောဆီကို ထုတ်မပေးနိုင်တဲ့အတွက် ထိုးသွင်းဆက်ဆံချိန်မှာ နာကျင်မှုနည်းပြီး ပွတ်တိုက်မှုကြောင့် ဒဏ်ရာရနိုင်ခြေ နည်းအောင် ချောဆီကို မဖြစ်မနေ သုံးပေးဖို့ လိုပါတယ်။

လူကြီးကစားစရာတွေ သုံးပေးပါ – စအိုအတွင်းကို လိင်တံနဲ့ ထိုးသွင်းဆက်ဆံမှုမပြုမီ သေးငယ်တဲ့ Sex Toys လေးတွေနဲ့ နှိုးဆွမှု ပြုလုပ်ပေးဖို့ လိုပါတယ်။ စအိုအတွက် သီးသန့်ထုတ်ထားတဲ့ Anal Toys တွေဟာ စအိုအတွင်းက အာရုံကြောတွေကို နှိုးဆွဖို့အတွက် သီးသန့်ဒီဇိုင်းထုတ်ထားတာပါ။ ဒါကြောင့် မတူမနေခင်မှာ အကြိုရှေ့ပြေး နှိုးဆွမှုအနေနဲ့ လူကြီးကစားစရာအရုပ်လေးတွေကို သုံးပေးတာဟာ ပိုပြီး Anal Sex အတွက် အဆင်ပြေချောမွေ့မှုကို ရရှိနိုင်ပါလိမ့်မယ်။

မှန်ကန်တဲ့ Position ကို ရွေးပါ – Anal Sex လုပ်ရာမှာ Position မှန်ဖို့က အရေးကြီးပါတယ်။ Doggy-Style နဲ့ ယောကျာ်းလေးက အပေါ်ကနေ ဦးဆောင်ရတဲ့ Classic Missionary Position တွေက Anal Sex အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ စအိုနဲ့ ဆက်ဆံနေချိန်မှာ တပြိုင်နက်တည်း တခြားသာ ခံစားမှုအာရုံမြင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ပွတ်သပ်နမ်းရှုံ့ရင်း နှိုးဆွပေးဖို့လိုပါတယ်။ ဒါဟာ အထွတ်အထိပ် ခံစားမှုရဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

ကွန်ဒုံး တစ်ခုကို တစ်နေရာအတွက်ပဲ သုံးပါ – Anal Sex လုပ်တဲ့အခါ ကွန်ဒုံးကို တစ်နေရာအတွက် တစ်ကြိမ်ပဲ သုံးပေးပါ။ စအိုကနေ မိန်းမကိုယ်ကို ပြောင်းလဲဆက်ဆံတဲ့အခါမှာ နောက်ထပ် ကွန်ဒုံးအသစ်တစ်ခု သုံးပေးဖို့လိုပါတယ်။ ဒါမှလည်း ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို နည်းစေမှာ ဖြစ်ပြီး လုံခြုံစိတ်ချမှု ရှိစေမှာပါ။

ကွီးတို့ အနောက်အရပ် ကို ခရီးသွား မယ်ဆိုရင် ဒီအချက်တွေကိုတော့ သေချာပေါက် လိုက်နာဖို့လိုပါမယ်နော်။

Featured Photo : Greatist