အာရှနိုင်ငံတွေက လူတော်တော်များများ အပျိုစင် အမြှေးပါး (Hymen) နဲ့ ပတ်သတ်ပြီး အယူသီးကြတယ်လို့ ပြောရမှာပါ။ မိန်းကလေးတစ်ယောက် အပျိုစစ်မစစ်ဆိုတာကို အပျိုစင် အမြှေးပါး (Hymen) နဲ့ တိုင်းတာတက် ကြပါတယ်။ ဆိုတော့ ဒါကတကယ်ပဲ တိကျတဲ့ အဖြေတစ်ခု ထုတ်နိုင်ပါ့မလား။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေမှာရှိတဲ့ အပျိုစင် အမြှေးပါး (Hymen) ဆိုတာ ဘာလဲဘယ်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ ဗဟုသုတဖြစ်စရာ အကြောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Hymen

Photo : Topline MD

အပျိုစင် အမြှေးပါး (Hymen) ဆိုတာဟာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အင်္ဂါဇာတ်အပေါက်ရဲ့ အနီးတစ်ဝိုက်မှာ ဖုံးအုပ်ထားတဲ့ တစ်ရှူးလွှာတစ်ခုပါ။ ဒါက များသောအားဖြင့် မွေးကတည်းက သဘာဝအတိုင်း ပါလာတက်သလို အချို့ အမျိုးသမီးတွေမှာတော့ မွေးကင်းစကတည်းက အပျို အမြှေးပါး ပါမလာတာမျိုးလည်း ရှိတက်ပါတယ်။ အမျိုးသမီးတွေဟာ အသက်အရွယ် တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ Hymen ရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အထူးအပါးဟာလည်း ပြောင်းလဲလာတက်ပါတယ်။ Hymen ပေါက်ပြဲချိန်မှာ နာကျင်မှုဝေဒနာ အနည်းငယ်ခံစားရတက်သလို သွေးထွက်တဲ့ အခြေအနေမျိုးလည်း ကြုံရနိုင်ပါတယ်။ တကယ်တော့ အပျိုစင် အမြှေးပါး (Hymen) ပေါက်ပြဲရခြင်းဟာ အများစုထင်မှတ်ထားသလို လိင်ဆက်ဆံမှု တစ်ခုတည်းကြောင့် မဟုတ်ပဲ နေ့စဉ် လှုပ်ရှားမှုတွေ ၊ ဓမ္မတာလာချိန်မှာ အသုံးပြုတဲ့ Tampon တွေကြောင့်လည်း အမြှေးပါး ပေါက်ပြဲတာမျိုး ဖြစ်တက်ပါတယ်။

Hymen ပေါက်ပြဲတာနဲ့ ပတ်သတ်ပြီး အချို့ အမျိုးသမီးတွေက သတိထားမိနိုင်ပေမယ့် အများစုကတော့ ကိုယ်တိုင် သတိမထားမိပါပဲ အမြှေးပါး ပေါက်ပြဲသွားတဲ့ အခြေအနေမျိုး ရှိတက်ပါတယ်။ အဆိုပါ အမြှေးပါဟာ ခန္ဓာကိုယ်မှာရှိတဲ့ အခြားတစ်ရှူးတွေနည်းတူ ပျော့ပြောင်းပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကြွက်သားစုတ်ပြဲတာ သို့မဟုတ် အရိုးကျိုးတာတွေလို ချက်ချင်းခံစားရမှာ မဟုတ်သလို နာကျင်မှုလည်း ကြီးကြီးမားမား ရှိမှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံမှုကလွဲရင် အခြား အခြေအနေတွေကြောင့် အမြှေးပါးပေါက်ပြဲချိန်မှာ နာကျင်မှုအနည်းငယ် သို့မဟုတ် သွေးထွက်ခြင်းတွေကို ကြုံရနိုင်ပေမယ့် အများစုကတော့ ဘာမှသိသာထင်ရှားတဲ့ ခံစားမှုမျိုး မရကြဘူးလို့ လေ့လာမှုတွေက ဆိုထားပါတယ်။

တော်တော်များများ Hymen ပေါက်ပြဲသွားတဲ့အခါ ထွက်ပေါ်လာတဲ့ သွေးစတွေကို ရာသီသွေးဆင်းတယ်လို့ပဲ ထင်မှတ်ကြတာ ဖြစ်ပါတယ်။ အပျိုစင် အမြှေးပါး (Hymen) ဟာ အကြောင်းအမျိုးမျိုးကြောင့် ပထမဆုံးအကြိမ် ပေါက်ပြဲ ပြီးသွားပြီဆိုရင် နောက်ထပ်အသစ်တစ်ဖန် ပြန်ပေါက်နိုင်ခြေ မရှိဘူးပါဘူး။

ဘယ်အခြေအနေတွေက အပျိုစင် အမြှေးပါး (Hymen) ကို ပေါက်ပြဲစေနိုင်သလဲ ?

Hymen

Photo : Cosmopolitan

လိင်ဆက်ဆံမှုအပါအဝင် နေ့စဉ်ဘဝထဲက လှုပ်ရှားမှုတွေကြောင့် Hymen ပေါက်ပြဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ အမြှေးပါးပေါက်ပြဲတဲ့အခါ မိန်းမကိုယ်တဝိုက် မအီမသာ ခံစားရနိုင်သလို သွေးစတွေ ထွက်လာတာကိုလည်း သတိပြုမိနိုင်ပါတယ်။ အောက်မှာဆက်လက်ပြီး Hymen ပေါက်ပြဲနိုင်တဲ့ လှုပ်ရှားမှု အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။

  • စက်ဘီးစီးခြင်း
  • ဂျွမ်းဘားကစားခြင်း
  • မြင်းစီးခြင်း
  • ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်း
  • တစ်ကိုယ်ရည် အာသာဖြေခြင်း
  • Tampon ထည့်သွင်းခြင်း
  • မိန်းမကိုယ် စစ်ဆေးခြင်း
  • တင်ပါးဆုံ စစ်ဆေးမှု သို့မဟုတ် Pap စမ်းသပ်မှု ပြုလုပ်ခြင်း

စတဲ့အခြေအနေ အရပ်အရပ်ကြောင့် အမြှေးပါး (Hymen) ပေါက်ပြဲနိုင်ခြေ ရှိပါတယ်။

ဒီလောက်ဆိုရင်တော့ အပျိုစင် အမြှေးပါး (Hymen) ဆိုတာ ဘာလဲ ? လိင်ဆက်ဆံမှ အမြှေးပါးပေါက်နိုင်တာလား ? Hymen မရှိရင် အပျိုမစစ်ဘူးလို့ ယူဆလို့ရသလား ? ဆိုတဲ့ အဖြေတွေကို သိရှိသွားလောက်မယ် ထင်ပါတယ်။

Source : My Cleveland Clinic

Featured Photo : FertiJin